Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ် ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ နိုင်ငံအသင်းဖော်ဖြစ်တဲ့ ဝုဗ်အသင်းရဲ့ ကွင်းလယ်ကစားသမား ရူဘင်နီးဗက်စ်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့ပါတယ်။
နီးဗက်စ် ဟာ (၂၀၁၇/၁၈)ရာသီတုန်းက ပေါ်တူဂီကလပ် ပေါ်တိုအသင်းမှ ဝုဒ်အသင်းသို့ ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး နောက်ဆုံးရာသီမှာ ဝုဒ်အသင်းအတွက် တရာသီလုံး ပွဲပေါင်း(၄၀) ကစား ထားပြီး (၅)ဂိုးသွင်းကာ ဂိုးဖန်တီးမူ (၂) ကြိမ် ပြုလုပ်ထားပါတယ်။ အသင်းရဲ့ အဓိက ကစားသမားတယောက်လဲ ဖြစ်ပါတယ်။
ဝုဒ်အသင်းက ဒီနွေရာသီမှာ အသင်းကို ပြင်ဆင်ဖို့အတွက် ဈေးကောင်းရမယ့် ယင်းကစားသမားကို သူတို့သတ်မှတ်ထားတဲ့ စျေးရရင် ရောင်းချဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သတ်မှတ်ထားတဲ့စျေးက ယူရို သန်း(၅၀) ဝန်းကျင်လို့သိရပြီး အာဆင်နယ်အသင်းကလဲ စောင့်ကြည့်နေပါတယ်။
ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ကွင်းလယ်အတွက် ပေါ်တူဂီ နိုင်ငံအသင်းဖော် ရူဘင် နီးဗက်စ်ကို ခေါ်ယူသင့်ကြောင်း အသင်းတာဝန်ရှိသူတွေကို မှတ်ချက်ပြု ပြောဆိုလိုက်ပြီး ချာကာရဲ့ နေရာအတွက် နီးဗက်စ်ကို ခေါ်ယူဖို့ ပြုလုပ်နေတဲ့ အာဆင်နယ် အသင်းထက် လက်ဦးမှု ရယူသင့်တယ်လို့ အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းကြောင်း သတင်းတွေက ဆိုပါတယ်။
မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ကွင်းလယ်လူ ရူဘင် နီးဗက်စ်ကို ခေါ်ယူရာမှာ အာဆင်နယ်အသင်းထက် အားသားနေတဲ့ အချက်တွေကတော့ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိထားသလို ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် နဲ့ နီးဗက်စ်တို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတာပဲ ဖြစ်ပါတယ်။
Zawgyi Version