Spots news
စာချုပ်သစ်အရ မန်ယူမှာပဲအနားယူပြီးအသင်းရဲ့တာဝန်တွေထမ်းဆောင်‌ဦးမယ့် လူရိုးကြီးမာတာ
Unicode Version
မန်ချက်စတာ ယူနိက်တက်အသင်းကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျူအန်မာတာ ဟာ ယူနိက်တက်အသင်းနဲ့ အတူ နှစ်ကာလရှည်ကြာစွာ ကစားလာခဲ့သူဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့် မရခဲ့ပေမယ့် တစ်စက်မှ မညီးညူပဲ ကျရာနေရာမှာ အကောင်းဆုံး ကစားနေခဲ့သူပါ။
ဒီနွေရာသီ အပြောင်းအရွေ့ကာလမှာ ယူနိုက်တက်ဘက်ကနေ နွေရာသီရောင်းချမယ့် ကစားသမားစာရင်းမှာ မာတာကို ရောင်းချဖို့ အသံထွက်လာခဲ့ပေမယ့် အသင်းအပေါ်သံယောဇဉ်ကြီးမားတဲ့ မာတာကတော့ လစာလျော့ယူပြီးအသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါ။တယ်။
လက်ရှိအချိန်မှာ ယူနိုက်တက်နဲ့ မာတာတို့ဟာ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေပြီ ဖြစ်ပြီး ထွက်ပေါ်လာတဲ့ သတင်းများအရ ယူနိုက်တက်နဲ့ မာတာတို့ရဲ့ သဘောတူညီချက်ဟာ
အနည်းငယ် ထူးခြားနေသလို အသင်းမှာဆက်‌နေဖို့ အတွက်လစာလျော့ယူပြီး အနစ်နာခံခဲ့တဲ့ မာတာအတွက် ယူနိုက်တက်ဘက်က ထူးခြားတဲ့ အစီအစဉ်တစ်ခု ပါဝင်လာပါတယ်။
SPORT ရဲ့ဖော်ပြချက်အရ ယူနိုက်တက်နဲ့ မာတာတို့ရဲ့ စာချုပ် တစ်နှစ်သက်တမ်း ထပ်တိုးမှုကြောင့် မာတာဟာ ၂၀၂၂ အထိ ယူနိုက်တက်ရဲ့ ကစားသမား အဖြစ်ဆက်ရှိ နေမှာဖြစ်ပြီး
စာချုပ်သက်တမ်း ကုန်ပြီး အနားယူချိန်မှာတော့ မာတာဟာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦး ကနေ အားကစားဒါရိုက်တာပင် ဖြစ်လာနိုင်ကြောင်း သဘောတူညီ ထားပါတယ်။
ထို့ကြောင့်မာတာဟာ ယူနိုက်တက်မှာပဲ ကစားသမားဘဝ အနားယူသွားဖို့ ရှိနေပြီး အနားယူပြီးနောက်မှာလဲ ယူနိုက်တက် အသင်းမှာ ဆက်လက်တာဝန် ထမ်းဆောင်နေမှာ
ဖြစ်ပါတယ်။ ဒါဟာ မာတာရဲ့ အသင်းကို ချစ်စိတ်အပြင် ဘာသာစကား ၆ မျိုးခန့်တတ်ကျွမ်းပြီး နည်းစနစ်ကြွယ်ဝတဲ့ မာတာရဲ့ အရည်အချင်းကြောင့်ပဲ ဖြစ်ပါတယ်။
Zawgyi Version