Spots news

ဆန်ချိုရဲ့ နေရာကိုအစားထိုးဖို့ ဒေါ့မွန်စောင့်ကြည့်နေတဲ့ နယ်သာလန်ကစားသမား မာလန်

Unicode Version

ဒေါ့မွန်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာတော့မယ့် တောင်ပံကစားသမား ဆန်ချိုရဲ့ နေရာအတွက် အစားထိုးမယ့် ကစားသမားတွေကို စတင် ရှာဖွေနေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဆန်ချိုဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသလို ဒေါ့မွန်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ကြားမှာလည်း ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြပါတယ်။

ဂျာမနီ သတင်းဌာနများရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ လတ်တလောမှာ နယ်သာလန်အသင်းရဲ့ တောင်ပံ ကစားသမား ဖြစ်သူ မာလန်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး

နယ်သာလန် အသင်းနဲ့ ယူကရိန်းအသင်းတို့ရဲ့ ပွဲစဉ်ကို ဒေါ့မွန်အသင်းရဲ့ ကင်းထောက်တွေ ရောက်လာကာ မာလန်ရဲ့ ခြေစွမ်းကို အကဲခတ်ခဲ့ကြောင်း သိရပါတယ်။

မာလန်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဗွီအသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၇ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ ကာလ တန်ကြေးကတော့ ယူရို ၂၇သန်းပဲ ဖြစ်ပါတယ်။

ပီအက်စ်ဗွီအသင်း ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၃နှစ် ကျန်ရှိနေသေးတဲ့ မာလန်အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် အလိုရှိနေပြီး ဒေါ့မွန်အသင်း အတွက် အဆိုပါ ငွေကြေးပမာဏဟာ ပြဿနာ တရပ် မဟုတ်ကြောင်း နယ်သာလန် သတင်းဌာနတွေက ဖော်ပြ ထားပါတယ်။

Zawgyi Version

ေဒါ့မြန္အသင္းဟာ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းကေန ထြက္ခြာေတာ့မယ့္ ေတာင္ပံကစားသမား ဆန္ခ်ိဳရဲ႕ ေနရာအတြက္ အစားထိုးမယ့္ ကစားသမားေတြကို စတင္ ရွာေဖြေနေၾကာင္း ဂ်ာမန္ အေျခစိုက္ သတင္းဌာနေတြက အခိုင္အမာ ေဖာ္ျပသြားခဲ့ပါတယ္။

ဆန္ခ်ိဳဟာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိထားသလို ေဒါ့မြန္အသင္းနဲ႕ မန္ခ်က္စတာ ယူနိုက္တက္အသင္းတို႔ ၾကားမွာလည္း ဆန္ခ်ိဳရဲ႕ အေျပာင္းအေ႐ႊ႕ အတြက္ တရားဝင္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၾကပါတယ္။

ဂ်ာမနီ သတင္းဌာနမ်ားရဲ႕ ေဖာ္ျပခ်က္အရ ေဒါ့မြန္အသင္းဟာ လတ္တေလာမွာ နယ္သာလန္အသင္းရဲ႕ ေတာင္ပံ ကစားသမား ျဖစ္သူ မာလန္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး နယ္သာလန္အသင္းနဲ႕ ယူကရိန္းအသင္းတို႔ရဲ႕ ပြဲစဥ္ကို ေဒါ့မြန္အသင္းရဲ႕ ကင္းေထာက္ေတြ ေရာက္လာကာ မာလန္ရဲ႕ ေျခစြမ္းကို အကဲခတ္ခဲ့ေၾကာင္း သိရပါတယ္။

မာလန္ဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ပီအက္စ္ဗြီအသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၄၅ပြဲ ပါဝင္ ကစားေပးခဲ့ရာ သြင္းဂိုး ၂၇ဂိုး သြင္းယူနိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၁၀ႀကိမ္ ျပဳလုပ္နိုင္ခဲ့ကာ သူ႕ရဲ႕ ကာလ တန္ေၾကးကေတာ့ ယူရို ၂၇သန္းပဲ ျဖစ္ပါတယ္။

ပီအက္စ္ဗြီအသင္း ကေတာ့ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၃ႏွစ္ က်န္ရွိေနေသးတဲ့ မာလန္အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၄၀သန္း ဝန္းက်င္ အလိုရွိေနၿပီး ေဒါ့မြန္အသင္း အတြက္ အဆိုပါ ေငြေၾကးပမာဏဟာ ျပႆနာ တရပ္ မဟုတ္ေၾကာင္း နယ္သာလန္ သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။