Unicode Version
အင်တာမီလန်အသင်းနဲ့အတူ အီတလီစီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ ဝါရင့်နောက်ခံလူ အက်ရှ်လေယန်းဟာ ဒီဇွန်လအကုန်မှာပဲ အင်တာမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းကနေ
အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရမှာဖြစ်လို့ သူ့ကို ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလျက်ရှိနေသလို ပရီးမီးယားလိဂ်ကလပ် ဘန်လေအသင်းက အက်ရှ်လေယန်းကို ခေါ်ယူသွားဖို့ စီစဉ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အသက်(၃၅)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းကြီး အက်ရှ်လေယန်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ နှစ်အစောပိုင်းလောက်ပဲ မန်ချက်စတာယူနိုက်တက်အသင်းကနေ
အင်တာမီလန်အသင်းဆီ ကာလတိုစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စီးရီးအေမှာ ခပ်မြန်မြန် အထိုင်ကျခဲ့တဲ့ ယန်းကို အင်တာဘက်ကနေ တစ်နှစ်သက်တမ်းတိုးခဲ့ပါတယ်။
ယန်းဟာ အင်တာမှာ ပွဲကစားခွင့်တွေ အထိုက်အလျောက် ရရှိခဲ့သလို အသင်းနဲ့လည်း အမှတ်ပေးချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပေမယ့် နည်းပြအပြောင်းအလဲကြောင့် သူရဲ့အနာဂတ်က မရေမရာ ရှိလာနိုင်တဲ့အတွက် သက်တမ်းတိုးဖို့က မရေမရာ ဖြစ်နေရတာဖြစ်လို့ နေပါတယ်။
ဘန်လေအသင်းရဲ့ နည်းပြဖြစ်သူ ရှောင်ဒိုက်ဟာ ဝက်ဖိုဒ့်အသင်းကို နည်းပြအဖြစ်နဲ့ ဆောင်ရွှက်ခဲ့စဉ်တုန်းက အက်ရှ်လေယန်းနဲ့ လက်တွဲခဲ့ဖူးတဲ့အပြင် ယန်းကိုပါ
အသင်းရဲ့ အသင်းခေါင်းဆောင်တာဝန်ကို ပေးအပ်ထားခဲ့ဖူတာကြောင့် အခုအချိန်မှာလည်း သူရဲ့တပည့်ဟောင်းနဲ့ ပြန်လည်လက်တွဲချင်နေတာဖြစ်ပါတယ်။
ယန်းကို သူရဲ့ပထမဆုံးကလပ် ဖြစ်ခဲ့တဲ့ ဝက်ဖိုဒ့်အသင်းဘက်ကနေလည်း ကမ်းလှမ်းမှုတွေ ရှိနေသလို ဆရာဟောင်း ရှောင်ဒိုက်နဲ့ ဘန်လေကလည်း အလိုရှိနေတာကြောင့်
ယန်းကလဲ အဂ်လန်မြေကို ပြန်သွားချင်နေတာကြောင့် ယန်းအနေနဲ့ စီးရီးအေကနေ ပရီိးမီးယားလိဂ်ဆီ တကျော့ပြန် ရောက်ရှိလာဖွယ် ရှိနေပါတယ်။
Zawgyi Version
အင္တာမီလန္အသင္းနဲ႕အတူ အီတလီစီးရီးေအ ခ်န္ပီယံဆုကို ဆြတ္ခူးထားနိုင္ခဲ့တဲ့ ဝါရင့္ေနာက္ခံလူ အက္ရွ္ေလယန္းဟာ ဒီဇြန္လအကုန္မွာပဲ အင္တာမီလန္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီး အသင္းကေန
အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာခြင့္ရမွာျဖစ္လို႔ သူ႕ကို ကလပ္အသင္းမ်ားစြာကေန ပစ္မွတ္ထားလ်က္ရွိေနသလို ပရီးမီးယားလိဂ္ကလပ္ ဘန္ေလအသင္းက အက္ရွ္ေလယန္းကို ေခၚယူသြားဖို႔ စီစဥ္ေနၿပီလို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။
အသက္(၃၅)ႏွစ္အ႐ႊယ္ရွိ အဂၤလန္လက္ေ႐ြးစင္ ကစားသမားေဟာင္းႀကီး အက္ရွ္ေလယန္းဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ႏွစ္အေစာပိုင္းေလာက္ပဲ မန္ခ်က္စတာယူနိုက္တက္အသင္းကေန အင္တာမီလန္အသင္းဆီ ကာလတိုစာခ်ဳပ္နဲ႕ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး စီးရီးေအမွာ ခပ္ျမန္ျမန္ အထိုင္က်ခဲ့တဲ့ ယန္းကို အင္တာဘက္ကေန တစ္ႏွစ္သက္တမ္းတိုးခဲ့ပါတယ္။
ယန္းဟာ အင္တာမွာ ပြဲကစားခြင့္ေတြ အထိုက္အေလ်ာက္ ရရွိခဲ့သလို အသင္းနဲ႕လည္း အမွတ္ေပးခ်န္ပီယံဆုကိုပါ ဆြတ္ခူးနိုင္ခဲ့ေပမယ့္ နည္းျပအေျပာင္းအလဲေၾကာင့္ သူရဲ႕အနာဂတ္က မေရမရာ ရွိလာနိုင္တဲ့အတြက္ သက္တမ္းတိုးဖို႔က မေရမရာ ျဖစ္ေနရတာျဖစ္လို႔ ေနပါတယ္။
ဘန္ေလအသင္းရဲ႕ နည္းျပျဖစ္သူ ေရွာင္ဒိုက္ဟာ ဝက္ဖိုဒ့္အသင္းကို နည္းျပအျဖစ္နဲ႕ ေဆာင္႐ႊက္ခဲ့စဥ္တုန္းက အက္ရွ္ေလယန္းနဲ႕ လက္တြဲခဲ့ဖူးတဲ့အျပင္ ယန္းကိုပါ အသင္းရဲ႕ အသင္းေခါင္းေဆာင္တာဝန္ကို ေပးအပ္ထားခဲ့ဖူတာေၾကာင့္ အခုအခ်ိန္မွာလည္း သူရဲ႕တပည့္ေဟာင္းနဲ႕ ျပန္လည္လက္တြဲခ်င္ေနတာျဖစ္ပါတယ္။
ယန္းကို သူရဲ႕ပထမဆုံးကလပ္ ျဖစ္ခဲ့တဲ့ ဝက္ဖိုဒ့္အသင္းဘက္ကေနလည္း ကမ္းလွမ္းမႈေတြ ရွိေနသလို ဆရာေဟာင္း ေရွာင္ဒိုက္နဲ႕ ဘန္ေလကလည္း အလိုရွိေနတာေၾကာင့္ ယန္းကလဲ အဂ္လန္ေျမကို ျပန္သြားခ်င္ေနတာေၾကာင့္ ယန္းအေနနဲ႕ စီးရီးေအကေန ပရီိးမီးယားလိဂ္ဆီ တေက်ာ့ျပန္ ေရာက္ရွိလာဖြယ္ ရွိေနပါတယ္။