Spots news

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ‌အပြောင်းအရွေ့မှာ သေချာပြင်ဆင်မည့် ယူနိုက်တက်

Unicode Version

ပြီးခဲ့တဲ့ အပြောင်းအရွေ့ ကာလမှာ  ညာတောင်ပံ တိုက်စစ်အတွက်  အကြီးကြီးရည်မှန်း ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့တဲ့ ယူနိုက်တက်ဟာ ယခုဇန်နဝါရီအပြောင်းအရွေ့မှာ သေချာပေါက် ဖြည့်တင်းတော့မှာပါ။ လက်ရှိ ပရီးမီးယားလိဂ် မှာ တစ်ပွဲလျော့ အနေအထားနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံဆုအတွက် လိုချင်ရင် ရအောင်လုပ် နိုင်တဲ့ အနေအထားမှာ ရပ်တည်နေပါပြီ။ ဆိုလ်းရှားရဲ့ ယူနိုက်တက်နည်းပြအနေနဲ့ ယခုရာသီက အအောင်မြင်ဆုံး ဖြစ်နေပြီး ချန်ပီယံဆု အတွက် သေချာပေါက် အမှားခံမှာမဟုတ်ပဲ လိုအပ်တဲ့နေရာ ဖြည့်တင်းဖို့ ပြုလုပ်မှာ ဖြစ်ပါတယ် ။

လက်ရှိ လူစာရင်းအရ ယူနိုက်တက် အသင်း ရဲ့ညာတောင်ပံခြမ်းက ခံစစ်ပိုင်း ပြဿနာ သိပ်မရှိပေမဲ့ တိုက်စစ်ပိုင်း မှာတော့ အခက်အခဲ ရှိနေပြီး  ပြီးခဲ့တဲ့ အ‌ပြောင်းအရွေ့မှာ ကတည်းက ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစား ခဲ့ပါတယ် ။ ဆိုလ်းရှား အနေနဲ့ အားနည်းချက် တစ်ရပ် ဖြစ်တယ်လို့ ယူဆထားပြီး ဇန်နဝါရီ အပြောင်းအရွေ့မှာ ‌ညာတောင်ပံ‌ တိုက်စစ်အတွက် လူအင်အား ဖြည့်တင်း သွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ညာခြမ်းမှာ ဘစ်ဆာခါ ၊ လင်ဒီလောဖ့် တို့က ခံစစ်ပိုင်း ၊  ဂရင်းဝုဒ် နဲ့ ရံဖန်ရံခါ ဒန်နီရယ်ဂျိမ်း ၊ မာတာ တို့က တိုက်စစ်ပိုင်းမှာ ကစား နေပါတယ်။ နောက်ပိုင်းမှာ နည်းပြဆိုးရှားရဲ့ နည်းဗျူဟာ အပြောင်းအလဲအဖြစ် ရက်ဖို့ဒ် ကို ညာတောင်ပံ ပြောင်းရွှေ့ပြီး ကစားခဲ့တဲ့ ပွဲစဉ်တွေလည်း ရှိပါတယ်။

ဒါပေမဲ့လည်း အသင်းမှာ ညာတောင်ပံ ခံစစ်ကစားသမားက နောက်တန်းမှာ ဘစ်ဆာခါ၊ ဖိုဆူ-မန်ဆက် တို့ရှိပြီး ဂရင်းဝုဒ် က No.9 ကစားသမား ဖြစ်လို့ တောင်ပံ ကစားသမားက မာတာ ပဲရှိတော့တာပါ။ ဂျိန်းကလဲ ဘယ်ခြမ်း ညာခြမ်း နှစ်ခုလုံးကစား နေပြီး ချန်ပီယံဆု အတွက် မာတာ ၊ ဂျိမ်းတို့နဲ့ မလုံလောက် သေးဘူး ဆိုတာ နည်းပြဆိုလ်းရှား ရော အက်ဝုဒ်ပါ သိထား နေပါပြီ။

ဘယ်တောင်ပံ ကတော့ ယူနိုက်တက်ရဲ့ အားကောင်းတဲ့ဇုန် တစ်ခုဖြစ်ပြီး နောက်တန်းက တဲလက်၊ လုရှော တို့က ရှေ့ရော နောက်ရောလိုက်ကစား နိုင်သလို ရက်ဖို့ဒ် ရဲ့ တိုက်စစ် ကစားအားကလည်း ထိပ်တန်း အဆင့် မှာရှိပါတယ်။ ဒါ့ကြောင့် နည်းပြ ဆိုးရှားက ယူနိုက်တက်ရဲ့ ညာတောင်ပံ တိုက်စစ် တိုးတက်မှု မရှိတာက ဘစ်ဆာခါ ရဲ့ တိုက်စစ် စွမ်းရည် အားနည်းတာ ကြောင့်လည်း ပါဝင်တယ်လို့ မြင်လာခဲ့ပါတယ်။

ဘစ်ဆာခါ ရဲ့ နောက်တန်း စွမ်းဆောင်ရည် ကို  ကြိုက်နှစ်သက်ပေမဲ့ အသင်းရဲ့ တိုက်စစ်ဟန်ချက် ညီစေဖို့ ဘစ်ဆာခါ နေရာမှာ အပြောင်းအလဲ လုပ်နိုင်မဲ့ ကစားသမားကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။ညာနောက်ခံလူ နေရာအတွက် နောဝှစ်ချ်အသင်းက ညာနောက်ခံလူ အာရွန် ကို စိတ်ဝင်စားနေပြီး ဇန်နဝါရီမှာ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ် သွားမယ်လို့ ဖော်ပြထားပါတယ်။

၂၀ နှစ် အရွယ် အာရွန် က ညာနောက်ခံလူ တစ်ဦးဖြစ်ပြီး လိုအပ်ရင် ဘယ်နောက်ခံလူ နေရာမှာလည်း ကစားပေးနိုင်ပါတယ်။၂၀၂၀-၂၀၂၁ ရာသီမှာ နောဝှစ်ချ် အသင်း အတွက် ပြိုင်ပွဲစုံ ၂၂ ပွဲ ကစားပေးထားပြီး ၁ ဂိုးသွင်း ယူထားကာ ၃ ကြိမ် ဖန်တီးမှု ပြုလုပ်ထား နိုင်ခဲ့ပါတယ်။

အခု ဇန်နဝါရီမှာ ညာတောင်ပံ တိုက်စစ်ကစားသမား ထရာအိုရေး ရောက်ရှိ လာတော့မဲ့အပြင် ညာနောက်ခံလူ နေရာ အတွက်လည်း အာရွန် ကို ကြိုးပမ်း နေပါတယ်။ ထို့အတူ ပြီးခဲ့တဲ့ ရာသီက အပြီးမသတ် နိုင်ခဲ့တဲ့ ဒေါ့မွန်ကစားသမား ဆန်ချိုကိုပါ ရအောင်ခေါ်ယူဖို့ ယူနိုက်တက်က အကြံကြီ းကြံနေတာပါ။ ယူနိုက်တက် ခြေစွမ်း တိုးတက်လာ သည်နဲ့ အမျှ ဆန်ချို ဒေါ့မွန်မှာ ပျော်ရွှင်မှု မရှိတော့ပဲ ယူနိုက်တက်နဲ့ အပြောင်းအရွေ့ ဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ် လာပါတယ်။

ဆန်ချိုဟာ ယူနိုက်တက်ကို ပြောင်းရွေ့လိုသည့် သတင်းများ မနှစ်ကတည်းက ထွက်ခဲ့ပေမယ့် ပြောင်းရွေ့ကြေး ညှိနှိုင်း မရခဲ့လို့ လွဲချော်ခဲ့တာပါ ။ ချန်ပီယံဆုကို အတွက် ဒေါ့မွန် တောင်းတဲ့ဈေး အတိုင်းပေးကာ ယူနိုက်တက်က ‌ခေါ်ယူဖို့ ရာနှုန်း တော်တော် များနေပါတယ် ။

Zawgyi Version

ၿပီးခဲ့တဲ့ အေျပာင္းအေ႐ြ႕ ကာလမွာ ညာေတာင္ပံ တိုက္စစ္အတြက္ အႀကီးႀကီးရည္မွန္း ခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့တဲ့ ယူနိုက္တက္ဟာ ယခုဇန္နဝါရီအေျပာင္းအေ႐ြ႕မွာ ေသခ်ာေပါက္ ျဖည့္တင္းေတာ့မွာပါ။ လက္ရွိ ပရီးမီးယားလိဂ္ မွာ တစ္ပြဲေလ်ာ့ အေနအထားနဲ႕ အဆင့္ ၂ ေနရာမွာ ရပ္တည္ေနၿပီး ခ်န္ပီယံဆုအတြက္ လိုခ်င္ရင္ ရေအာင္လုပ္ နိုင္တဲ့ အေနအထားမွာ ရပ္တည္ေနပါၿပီ။ ဆိုလ္းရွား ယူနိုက္တက္နည္းျပအေနနဲ႕ ယခုရာသီက အေအာင္ျမင္ဆုံး ျဖစ္ေနၿပီး ခ်န္ပီယံဆု အတြက္ ေသခ်ာေပါက္ အမွားခံမွာမဟုတ္ပဲ လိုအပ္တဲ့ေနရာ ျဖည့္တင္းဖို႔ ျပဳလုပ္မွာ ျဖစ္ပါတယ္ ။

လက္ရွိ လူစာရင္းအရ ယူနိုက္တက္အသင္း ရဲ႕ညာေတာင္ပံျခမ္းက ခံစစ္ပိုင္း ျပႆနာသိပ္မရွိေပမဲ့ တိုက္စစ္ပိုင္းမွာေတာ့ အခက္အခဲရွိေနၿပီး ၿပီးခဲ့တဲ့ အ‌ေျပာင္းအေ႐ြ႕မွာ ကတည္းက ဆန္ခ်ိဳကို ေခၚယူဖို႔ ႀကိဳးစားခဲ့ပါတယ္ ။ ဆိုလ္းရွား အေနနဲ႕ အားနည္းခ်က္တစ္ရပ္ျဖစ္တယ္လို႔ ယူဆထားၿပီး ဇန္နဝါရီ အေျပာင္းအေ႐ြ႕မွာ ‌ညာေတာင္ပံ‌ တိုက္စစ္အတြက္ လူအင္အား ျဖည့္တင္း သြားမွာ ျဖစ္ပါတယ္။

ယူနိုက္တက္ရဲ႕ ညာျခမ္းမွာ ဘစ္ဆာခါ ၊ လင္ဒီေလာဖ့္ တို႔က ခံစစ္ပိုင္း ၊ ဂရင္းဝုဒ္ နဲ႕ ရံဖန္ရံခါ ဒန္နီရယ္ဂ်ိမ္း ၊ မာတာ တို႔က တိုက္စစ္ပိုင္းမွာ ကစားေပးေနပါတယ္။ ေနာက္ပိုင္းမွာ နည္းျပဆိုးရွားရဲ႕ နည္းဗ်ဴဟာ အေျပာင္းအလဲအျဖစ္ ရက္ဖို႔ဒ္ ကို ညာေတာင္ပံ ေျပာင္းေ႐ႊ႕ၿပီး ကစားခဲ့တဲ့ ပြဲစဥ္ေတြလည္းရွိပါတယ္။

ဒါေပမဲ့လည္း အသင္းမွာ ညာေတာင္ပံ ခံစစ္ကစားသမားက ေနာက္တန္းမွာ ဘစ္ဆာခါ၊ ဖိုဆူ-မန္ဆက္ တို႔ရွိၿပီး ဂရင္းဝုဒ္ က No.9 ကစားသမားျဖစ္လို႔ ေတာင္ပံကစားသမားက မာတာ ပဲရွိေတာ့တာပါ။ ဂ်ိန္းကလဲ ဘယ္ျခမ္း ညာျခမ္း ႏွစ္ခုလုံးကစား ေနၿပီး ခ်န္ပီယံဆု အတြက္ မာတာ ၊ ဂ်ိမ္းတို႔နဲ႕ မလုံေလာက္ ေသးဘူး ဆိုတာ နည္းျပဆိုလ္းရွား ေရာ အက္ဝုဒ္ပါ သိထား ေနပါၿပီ။

ဘယ္ေတာင္ပံကေတာ့ ယူနိုက္တက္ရဲ႕ အားေကာင္းတဲ့ဇုန္ တစ္ခုျဖစ္ၿပီး ေနာက္တန္းက တဲလက္၊ လုေရွာ တို႔က ေရွ႕ေရာ ေနာက္ေရာလိုက္ကစား နိုင္သလို ရက္ဖို႔ဒ္ ရဲ႕ တိုက္စစ္ကစားအားကလည္း ထိပ္တန္းအဆင့္ မွာရွိပါတယ္။
ဒါ့ေၾကာင့္ နည္းျပဆိုးရွားက ယူနိုက္တက္ရဲ႕ ညာေတာင္ပံတိုက္စစ္ တိုးတက္မႈ မရွိတာက ဘစ္ဆာခါ ရဲ႕ တိုက္စစ္စြမ္းရည္ အားနည္းတာေၾကာင့္လည္း ပါဝင္တယ္လို႔ ျမင္လာခဲ့ပါတယ္။

ဘစ္ဆာခါ ရဲ႕ ေနာက္တန္း စြမ္းေဆာင္ရည္ကို ႀကိဳက္ႏွစ္သက္ေပမဲ့ အသင္းရဲ႕တိုက္စစ္ဟန္ခ်က္ညီေစဖို႔ ဘစ္ဆာခါ ေနရာမွာ အေျပာင္းအလဲလုပ္နိုင္မဲ့ ကစားသမားကို ရွာေဖြေနတယ္လို႔ ဆိုပါတယ္။ညာေနာက္ခံလူ ေနရာအတြက္ ေနာဝွစ္ခ်္အသင္းက ညာေနာက္ခံလူ အာ႐ြန္ ကို စိတ္ဝင္စားေနၿပီး ဇန္နဝါရီမွာ ကမ္းလွမ္းမႈ တစ္ရပ္ ျပဳလုပ္သြားမယ္လို႔ ေဖာ္ျပထားပါတယ္။

၂၀ ႏွစ္ အ႐ြယ္ အာ႐ြန္ က ညာေနာက္ခံလူ တစ္ဦးျဖစ္ၿပီး လိုအပ္ရင္ ဘယ္ေနာက္ခံလူ ေနရာမွာလည္း ကစားေပးနိုင္ပါတယ္။၂၀၂၀-၂၀၂၁ ရာသီမွာ ေနာဝွစ္ခ်္ အသင္း အတြက္ ၿပိဳင္ပြဲစုံ ၂၂ ပြဲ ကစားေပးထားၿပီး ၁ ဂိုးသြင္းယူထားကာ ၃ ႀကိမ္ဂိုးဖန္တီးမႈ ျပဳလုပ္ထားနိုင္ခဲ့ပါတယ္။

အခု ဇန္နဝါရီမွာ ညာေတာင္ပံတိုက္စစ္ကစားသမား ထရာအိုေရး ေရာက္ရွိလာေတာ့မဲ့အျပင္ ညာေနာက္ခံလူ ေနရာအတြက္လည္း အာ႐ြန္ ကို ႀကိဳးပမ္းေနပါတယ္။ ထို႔အတူ ၿပီးခဲ့တဲ့ ရာသီက အၿပီးမသတ္ နိုင္ခဲ့တဲ့ ေဒါ့မြန္ကစားသမား ဆန္ခ်ိဳကိုပါ ရေအာင္ေခၚယူဖို႔ ယူနိုက္တက္က အႀကံႀကီးႀကံေနတာပါ။ ယူနိုက္တက္ ေျခစြမ္း တိုးတက္လာ သည္နဲ႕ အမွ် ဆန္ခ်ိဳ ေဒါ့မြန္မွာ ေပ်ာ္႐ႊင္မႈ မရွိေတာ့ပဲ ယူနိုက္တက္နဲ႕ အေျပာင္းအေ႐ြ႕ ျဖစ္နိုင္ေၾကာင္း သတင္းမ်ား ထြက္ေပၚလာပါတယ္။

ဆန္ခ်ိဳဟာ ယူနိုက္တက္ကို ေျပာင္းေ႐ြ႕လိုသည့္ သတင္းမ်ား မႏွစ္ကတည္းက ထြက္ခဲ့ေပမယ့္ ေျပာင္းေ႐ြ႕ေၾကး ညွိႏွိုင္း မရခဲ့လို႔ လြဲေခ်ာ္ခဲ့တာပါ။ ခ်န္ပီယံဆုကို အတြက္ ေဒါ့မြန္ ေတာင္းတဲ့ေဈး အတိုင္းေပးကာ ယူနိုက္တက္က ‌ေခၚယူဖို႔ ရာႏႈန္း ေတာ္ေတာ္ မ်ားေနပါတယ္ ။