Spots news

ပုံမှန်ပွဲထွက်ခွင့် အသင်းပြောင်းရွေ့ချင်နေတဲ့ စီးတီးကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား

Unicode Version

မန်ချက်စတာ စီးတီးအသင်းရဲ့ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ ဘာနာဒို ဆေးလ်ဗားဟာ လာမယ့် ဘောလုံးရာသီမှာ ဂရီးလစ်ခ်ျရောက်ရှိလာနိုင်လို့

ပုံမှန် ပွဲထွက်ခွင့် လိုချင်တာကြောင့် မန်ချက်စတာ စီးတီးအသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ အသင်းနဲ့ ဆုဖလားများစွာ ရယူနိုင်ခဲ့ပေမယ့် အသင်းရဲ့ ဒုတိယ ဦးစားပေး ကစားသမား ထဲမှာသာ ရှိနေသလို ယခုနှစ် နွေအပြောင်းအရွှေ့မှာ

ဗီလာအသင်းရဲ့ ကွင်းလယ် ကစားသမား ဂရီးလစ်ချ်ကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် လာမယ့် ဘောလုံးရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ခက်ခဲနိုင်ပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံမှာ ၄၅ပွဲ အထိ ပါဝင် ကစားပေးခဲ့ပေမယ့် သွင်းဂိုး ၅ဂိုး နဲ့ ဂိုးဖန်တီးမှု ၉ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကြောင့်

နည်းပြဖြစ်သူ ဂွာဒီယိုလာက ဘာနာဒို ဆေးလ်ဗားထက် အသင်းရဲ့ တိုက်စစ်ပိုင်း အရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်မယ့် ဂရီးလစ်ချ်ကို ခေါ်ယူချင်နေတာပါ။

မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ် နွေဈေးကွက်မှာ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဗီလာအသင်းရဲ့ ကွင်းလယ်လူ ဂရီးလစ်ချ်တို့ကို ပြောင်းရွှေ့ကြေး

ပေါင် ၂၀၀သန်း ဝန်းကျင် သုံးစွဲကာ ခေါ်ယူဖို့ ပြင်ဆင်ထားတာကြောင့် ကစားသမားတချို့ကို ရောင်းချဖို့ ပြင်ဆင်ထားပြီး ဘာနာဒို ဆေးလ်ဗားလည်း ပါဝင်နေပါတယ်

အက်သလက်တီကို နဲ့ ဘာစီလိုနာအသင်းတို့ဟာ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ စိတ်ဝင်စား နေပြီး မန်ချက်စတာ စီးတီးအသင်း ကတော့ သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၄နှစ် အထိ

ကျန်ရှိနေသေးတဲ့ ဘာနာဒို ဆေးလ်ဗားကို ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် ရရှိမှသာ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

Zawgyi Version


ဘာနာဒို ဆေးလ်ဗားဟာ အသင်းနဲ့ ဆုဖလားများစွာ ရယူနိုင်ခဲ့ပေမယ့် အသင်းရဲ့ ဒုတိယ ဦးစားပေး ကစားသမား ထဲမှာသာ ရှိနေသလို ယခုနှစ် နွေအပြောင်းအရွှေ့မှာ ဗီလာအသင်းရဲ့ ကွင်းလယ် ကစားသမား ဂရီးလစ်ခ်ျကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် လာမယ့် ဘောလုံးရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ခက်ခဲနိုင်ပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံမှာ ၄၅ပွဲ အထိ ပါဝင် ကစားပေးခဲ့ပေမယ့် သွင်းဂိုး ၅ဂိုး နဲ့ ဂိုးဖန်တီးမှု ၉ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကြောင့် နည်းပြဖြစ်သူ ဂွာဒီယိုလာက ဘာနာဒို ဆေးလ်ဗားထက် အသင်းရဲ့ တိုက်စစ်ပိုင်း အရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်မယ့် ဂရီးလစ်ခ်ျကို ခေါ်ယူချင်နေတာပါ။

မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ် နွေဈေးကွက်မှာ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဗီလာအသင်းရဲ့ ကွင်းလယ်လူ ဂရီးလစ်ခ်ျတို့ကို ပြောင်းရွှေ့ကြေး ပေါင် ၂၀၀သန်း ဝန်းကျင် သုံးစွဲကာ ခေါ်ယူဖို့ ပြင်ဆင်ထားတာကြောင့် ကစားသမားတချို့ကို ရောင်းချဖို့ ပြင်ဆင်ထားပြီး ဘာနာဒို ဆေးလ်ဗားလည်း ပါဝင်နေပါတယ်
