Spots news

ရီးရဲလ်ကို ပြောင်းချင်တဲ့အသံထွက်လာလို့ မာရှယ်ကို အရောင်းစားရင်းတင်လိုက်တဲ့ ဆိုးလ်ရှား

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားဟာ အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး မာရှယ်အပေါ် စိတ်ရှည် သည်းခံမှုတွေ ကုန်ဆုံး သွားတာကြောင့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုးကို စဥ်းစားသွားမည် ဖြစ်ကြောင်း သိရပါတယ်

အသက် ၂၅နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး မာရှယ်ဟာ ပြင်သစ်ကလပ် မိုနာကိုအသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ အသက် ၁၉နှစ် အရွယ်ထဲက ရောက်ရှိခဲ့သူ ဖြစ်ပေမယ့် လက်ရှိအချိန် အထိ သူ့ရဲ့ ခြေစွမ်းဟာ တသမတ်ထဲ မရှိသေးပဲ ကောင်းတလှည့် ၊ ဆိုးတလှည့်သာ ဖြစ်နေပါတယ်။

ဗြိတိန် အခြေစိုက် သတင်းများရဲ့ အဆိုအရမာရှယ်ဟာ ပုံမှန် ခြေစွမ်းကိုလဲ ထိန်းသိမ်းထားနိုင်စွမ်း မရှိသလို မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်များကိုလဲ တက်ကြွစွာ ပါဝင်ခြင်း မရှိတာကြောင့် နည်းပြဆိုလ်းရှားဟာ မာရှယ်ကို သည်းခံနိုင်စွမ်း ကုန်ဆုံး ခဲ့တာလဲဖြစ်ပါတယ်။

တိုက်စစ်မှူး မာရှယ်ဟာလဲ မန်ချက်စတာ ယူနိုက်တက်အသင်းကသာ သူ့ကို ရောင်းချဖို့ ဆန္ဒရှိပါက အသင်းမှာ ဆက်နေဖို့ ဆန္ဒမရှိပဲ သူ့ရဲ့ အေးဂျင့်ဖြစ်သူကို အသင်းသစ် ရှာဖွေပေးဖို့ ပြောထားပါတယ်။ လတ်တလောမှာတော့ ရီးရဲလ် မက်ဒရစ် ၊ ဂျူဗင်တပ် အသင်းတို့နဲ့ အပြောင်းအရွေ့ သတင်းများ ထွက်ပေါ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မာရှယ်အပေါ် ထားတဲ့ စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးခဲ့ကာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းမှုတွေ အဖြစ် ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုအပြင် နောက်ထပ် တိုက်စစ်မှူး တဦးကိုပါ ခေါ်ယူဖို့ ချိန်ရွယ် နေပါတယ်။

ဆိုးလ်ရှားဟာ မာရှယ်ကို ရောင်းထုတ်ပြီး အသင်းထံ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေကာ ဆိုးလ်ရှားရဲ့ ပစ်မှတ် တိုက်စစ်မှူးတွေဟာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းတို့ ဖြစ်ကြောင်း နော်ဝေ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပျဖစ္သူ အိုေလဂန္နာ ဆိုးလ္ရွားဟာ အသင္းရဲ႕ ျပင္သစ္ တိုက္စစ္မႉး မာရွယ္အေပၚ စိတ္ရွည္ သည္းခံမႈေတြ ကုန္ဆုံးသြားတာေၾကာင့္ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ သူ႕အတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈမ်ိဳးကို စဥ္းစားသြားမည္ ျဖစ္ေၾကာင္း သိရပါတယ္

အသက္ ၂၅ႏွစ္ အ႐ြယ္ ျပင္သစ္ တိုက္စစ္မႉး မာရွယ္ဟာ ျပင္သစ္ကလပ္ မိုနာကိုအသင္း ကေန မန္ခ်က္စတာ ယူနိုက္တက္ အသင္းထံ အသက္ ၁၉ႏွစ္ အ႐ြယ္ထဲက ေရာက္ရွိခဲ့သူ ျဖစ္ေပမယ့္ လက္ရွိအခ်ိန္ အထိ သူ႕ရဲ႕ ေျခစြမ္းဟာ တသမတ္ထဲ မရွိေသးပဲ ေကာင္းတလွည့္ ၊ ဆိုးတလွည့္သာ ျဖစ္ေနပါတယ္။

ၿဗိတိန္ အေျခစိုက္ သတင္းမ်ားရဲ႕ အဆိုအရမာရွယ္ဟာ ပုံမွန္ေျခစြမ္းကိုလဲ ထိန္းသိမ္းထားနိုင္စြမ္း မရွိသလို မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မ်ားကိုလဲ တက္ႂကြစြာ ပါဝင္ျခင္းမရွိတာေၾကာင့္ နည္းျပဆိုလ္းရွားဟာ မာရွယ္ကို သည္းခံနိုင္စြမ္းကုန္ဆုံး ခဲ့တာလဲျဖစ္ပါတယ္။

တိုက္စစ္မႉးမာရွယ္ဟာလဲ မန္ခ်က္စတာ ယူနိုက္တက္အသင္းကသာ သူ႕ကို ေရာင္းခ်ဖိဳ႕ ဆႏၵရွိပါက အသင္းမွာ ဆက္ေနဖို႔ ဆႏၵမရွိပဲ သူ႕ရဲ႕ ေအးဂ်င့္ျဖစ္သူကို အသင္းသစ္ ရွာေဖြေပးဖို႔ ေျပာထားပါတယ္။ လတ္တေလာမွာေတာ့ ရီးရဲလ္မက္ဒရစ္ ၊ ဂ်ဴဗင္တပ္ အသင္းတို႔နဲ႕ အေျပာင္းအေ႐ြ႕ သတင္းမ်ား ထြက္ေပၚေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ မာရွယ္အေပၚ ထားတဲ့ စိတ္ရွည္သည္းခံမႈေတြ ကုန္ဆုံးခဲ့ကာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းရဲ႕ တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းမႈေတြ အျဖစ္ ေဒါ့မြန္အသင္းရဲ႕ ေတာင္ပံ ကစားသမား ဆန္ခ်ိဳအျပင္ ေနာက္ထပ္ တိုက္စစ္မႉး တဦးကိုပါ ေခၚယူဖို႔ ခ်ိန္႐ြယ္ေနပါတယ္။

ဆိုးလ္ရွားဟာ မာရွယ္ကို ေရာင္းထုတ္ၿပီး အသင္းထံ ထိပ္တန္း တိုက္စစ္မႉး တဦးကို ေခၚယူဖို႔ စီစဥ္ေနကာ ဆိုးလ္ရွားရဲ႕ ပစ္မွတ္ တိုက္စစ္မႉးေတြဟာ စပါးအသင္းရဲ႕ တိုက္စစ္မႉး ဟယ္ရီကိန္းနဲ႕ ေဒါ့မြန္အသင္းရဲ႕ တိုက္စစ္မႉး ဟာလန္းတို႔ ျဖစ္ေၾကာင္း ေနာ္ေဝ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပလာပါတယ္။