Unicode Version
အေစီမီလန်ဟာ ခရစ္စတီယန် အဲရစ်ဆင်ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ဆိုင်မွန်ခါဂျာရဲ့သူရဲကောင်းဆန်တဲ့ အပြုအမူအား ထောက်ခံအားပေးတဲ့အနေဖြင့် အသင်းခေါင်းဆောင် အဖြစ်ခန့်အပ်ရန် စဉ်းစားနေကြောင်း သိရပါတယ်။
ဒိန်းမတ်အသင်းခေါင်းဆောင် ဆိုင်မွန်ခါဂျာဟာစနေနေ့တုန်းက ဖင်လန်နှင့် ယူရို၂၀၂၀ပွဲစဉ်တွင်ကစားဖော် ခရစ္စတီယန်အဲရစ်ဆင် နှလုံးဖောက်ကာ မေ့လဲကျသွားစဉ် ဦးစွာရောက်ရှိကူညီခဲ့သူလည်းဖြစ်ပါတယ်။
အသက်၃၂နှစ်ရှိ ခါဂျာဟာ ဆေးအဖွဲ့မရောက်လာမီ ကစားဖော်အား လည်ပင်းတည့်မတ်အောင် ပြုလုပ်ခြင်း၊ လျာခေါက်နေခြင်း မဖြစ်အောင် ပြုလုပ်ခြင်းစတဲ့ ရှေးဦးသူနာပြုနည်းဖြင့်အသက် ကယ်တင်ခဲ့ပါတယ်။
La Gazzetta dello Sport က အေစီမီလန်ဟာ ခါဂျာရဲ့ သူရဲကောင်းဆန်တဲ့ အပြုအမူကြောင့်နည်းပြ ပီအိုလီ၊ အသင်းသားများနှင့် တိုင်ပင်ကာအသင်းခေါင်းဆောင် အဖြစ်ခန့်အပ်ပြီး ဂုဏ်ပြုရန် စီစဉ်နေပါတယ်။
လက်ရှိအချိန်တွင် အေစီမီလန်အသင်းခေါင်းဆောင်အဖြစ် အလက်စီယိုရိုမက်နိုလီကဆောင်ရွက်နေပေမယ့် ပီအိုလီ လက်ထက်မှာနေရာပျောက် နေတဲ့သူဖြစ်ပါတယ်။
ဒုတိယအသင်း ခေါင်းဆောင် ဒွန်နာရမ်မာမှာလည်း စာချုပ်သက်တမ်း ကုန်ဆုံးမှုနဲ့ အတူ အေစီမီလန်မှ ထွက်ခွာပါတော့မယ်။
အသင်းခေါင်းဆောင် လက်ပတ်ရာထူး အတွက်ကက်စီနှင့် ကာလာဘရီယာတို့က ရေပန်းစားနေပေမယ့်ခါဂျာရဲ့ သူရဲကောင်း အပြုအမူကြောင့်ပရိသတ်များရဲ့ ထောက်ခံချက် ရရှိမှုနဲ့အတူ ပီအိုလီဟာ ခန့်အပ်လာဖို့ ရှိနေပါတယ်။
Zawgyi Version
ေအစီမီလန္ဟာ ခရစၥတီယန္ အဲရစ္ဆင္ရဲ႕အသက္ကို ကယ္တင္ခဲ့တဲ့ ဆိုင္မြန္ခါဂ်ာရဲ႕သူရဲေကာင္းဆန္တဲ့ အျပဳအမူအား ေထာက္ခံအားေပးတဲ့အေနျဖင့္ အသင္းေခါင္းေဆာင္ အျဖစ္ခန႔္အပ္ရန္ စဥ္းစားေနေၾကာင္း သိရပါတယ္။
ဒိန္းမတ္အသင္းေခါင္းေဆာင္ ဆိုင္မြန္ခါဂ်ာဟာစေနေန႕တုန္းက ဖင္လန္ႏွင့္ ယူရို၂၀၂၀ပြဲစဥ္တြင္ကစားေဖာ္ ခရစၥတီယန္အဲရစ္ဆင္ ႏွလုံးေဖာက္ကာ ေမ့လဲက်သြားစဥ္ ဦးစြာေရာက္ရွိကူညီခဲ့သူလည္းျဖစ္ပါတယ္။
အသက္၃၂ႏွစ္ရွိ ခါဂ်ာဟာ ေဆးအဖြဲ႕မေရာက္လာမီ ကစားေဖာ္အား လည္ပင္းတည့္မတ္ေအာင္ ျပဳလုပ္ျခင္း၊ လ်ာေခါက္ေနျခင္း မျဖစ္ေအာင္ ျပဳလုပ္ျခင္းစတဲ့ ေရွးဦးသူနာျပဳနည္းျဖင့္အသက္ ကယ္တင္ခဲ့ပါတယ္။
La Gazzetta dello Sport က ေအစီမီလန္ဟာ ခါဂ်ာရဲ႕ သူရဲေကာင္းဆန္တဲ့ အျပဳအမူေၾကာင့္နည္းျပ ပီအိုလီ၊ အသင္းသားမ်ားႏွင့္ တိုင္ပင္ကာအသင္းေခါင္းေဆာင္ အျဖစ္ခန႔္အပ္ၿပီး ဂုဏ္ျပဳရန္ စီစဥ္ေနပါတယ္။
လက္ရွိအခ်ိန္တြင္ ေအစီမီလန္အသင္းေခါင္းေဆာင္အျဖစ္ အလက္စီယိုရိုမက္နိုလီကေဆာင္႐ြက္ေနေပမယ့္ ပီအိုလီ လက္ထက္မွာေနရာေပ်ာက္ ေနတဲ့သူျဖစ္ပါတယ္။
ဒုတိယအသင္း ေခါင္းေဆာင္ ဒြန္နာရမ္မာမွာလည္း စာခ်ဳပ္သက္တမ္း ကုန္ဆုံးမႈနဲ႕ အတူ ေအစီမီလန္မွ ထြက္ခြာပါေတာ့မယ္။
အသင္းေခါင္းေဆာင္ လက္ပတ္ရာထူး အတြက္ကက္စီႏွင့္ ကာလာဘရီယာတို႔က ေရပန္းစားေနေပမယ့္ခါဂ်ာရဲ႕ သူရဲေကာင္း အျပဳအမူေၾကာင့္ပရိသတ္မ်ားရဲ႕ ေထာက္ခံခ်က္ ရရွိမႈနဲ႕အတူ ပီအိုလီဟာ ခန႔္အပ္လာဖို႔ ရွိေနပါတယ္။