Spots news

တီမိုဝါနာကို ရီးရဲလ်မက်ဒရစ်သို့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ နည်းပြ အန်ဆလော့တီ

Unicode Version

ရီးရဲလ်မက်ဒရစ် အသင်းကို တကျော့ပြန် ပြန်လည် ကိုင်တွယ်ခဲ့တဲ့ ကားလို့အန်စလော့တီဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို ပိုမိုတောင့်တင်းအောင် လုပ်ဆောင်သွားဖို့အတွက်

ချဲလ်ဆီးအသင်းရဲ့ ဂျာမနီတိုက်စစ် ကစားသမား တီမိုဝါနာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုတွေ ရှိနေခဲ့တယ်လို့ စပိန်သတင်း မီဒီယာတချို့ ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၂၅)နှစ် အရွယ်ရှိ တီမိုဝါနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ လိုက်ပ်ဇစ်ကနေ ချဲလ်ဆီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ချဲလ်ဆီး ကစားသမားဘဝ ပထမရာသီမှာပဲ

ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို အခွင့်အရေးတချို့ကိုလည်း ကောင်းကောင်း အသုံးမချနိုင်ခဲ့တဲ့အတွက် ပြစ်တင် ဝေဖန်မှုတွေနဲ့ပါ ကြုံတွေ့ထားခဲ့ရပါတယ်။

သို့ပေမယ့်လည်း ဝါနာဟာ ဒီရာသီမှာ သွင်းဂိုးစွမ်းရည်ပိုင်းလောက်သာ ကျဆင်းခဲ့တာဖြစ်ပြီး အသင်းရဲ့တိုက်စစ်ပိုင်းမှာ အကောင်းဆုံး

ပါဝင် ကစားနိုင်ခဲ့သလို ပြိုင်ပွဲစုံမှာ ချဲလ်ဆီးအသင်းအတွက် ဝါနာရဲ့ ဂိုးပါဝင်ပတ်သက်မှုက (၂၇)ဂိုးအထိကို ရှိထားခဲ့ရပါတယ်။

ဒီလို စွမ်းဆောင်ရည်မျိုးတွေ ရှိလို့နေတဲ့ ဂျာမနီတိုက်စစ်ကစားသမား ဝါနာကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့

အန်စလော့တီက သူရဲ့အသင်းဆီကို ခေါ်ဆောင်သွားဖို့ အံ့အားသင့်စဖွယ် စိတ်ဝင်စားမှု ရှိနေတယ်လို့ စပိန်မီဒီယာ တစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

လက်ရှိမှာတော့ ရီးရဲလ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာလာတဲ့ သြစတြီးယားနောက်ခံလူ ဒေးဗစ်အလာဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားသလို

အင်္ဂလန်မြေမှာ ရုန်းကန်လို့နေရတဲ့ ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာကိုလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ် ရှိနေပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္အသင္းကို တေက်ာ့ျပန္ ျပန္လည္ကိုင္တြယ္ခဲ့တဲ့ ကားလို႔အန္စေလာ့တီဟာ အသင္းရဲ႕တိုက္စစ္ပိုင္းကို ပိုမိုေတာင့္တင္းေအာင္ လုပ္ေဆာင္သြားဖို႔အတြက္

ခ်ဲလ္ဆီးအသင္းရဲ႕ ဂ်ာမနီတိုက္စစ္ကစားသမား တီမိုဝါနာကို ေခၚယူသြားဖို႔ စိတ္ဝင္စားမႈေတြ ရွိေနခဲ့တယ္လို႔ စပိန္သတင္း မီဒီယာတခ်ိဳ႕ကေန ေဖာ္ျပလာခဲ့ပါတယ္။

အသက္(၂၅)ႏွစ္အ႐ြယ္ရွိ တီမိုဝါနာဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကမွ လိုက္ပ္ဇစ္ကေန ခ်ဲလ္ဆီးအသင္းဆီကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး သူ႕ရဲ႕ ခ်ဲလ္ဆီးကစားသမားဘဝ ပထမရာသီမွာပဲ

ခက္ခဲမႈေတြနဲ႕ ရင္ဆိုင္ခဲ့ရသလို အခြင့္အေရးတခ်ိဳ႕ကိုလည္း ေကာင္းေကာင္းအသုံးမခ်နိဳင္ခဲ့တဲ့အတြက္ ျပစ္တင္ေဝဖန္မႈေတြနဲ႕ပါ ႀကဳံေတြ႕ထားခဲ့ရပါတယ္။

သို႔ေပမယ့္လည္း ဝါနာဟာ ဒီရာသီမွာ သြင္းဂိုးစြမ္းရည္ပိုင္းေလာက္သာ က်ဆင္းခဲ့တာျဖစ္ၿပီး အသင္းရဲ႕တိုက္စစ္ပိုင္းမွာ အေကာင္းဆုံး ပါဝင္ကစားနိုင္ခဲ့သလို ၿပိဳင္ပြဲစုံမွာ ခ်ဲလ္ဆီးအသင္းအတြက္ ဝါနာရဲ႕ ဂိုးပါဝင္ပတ္သက္မႈက (၂၇)ဂိုးအထိကို ရွိထားခဲ့ရပါတယ္။

ဒီလို စြမ္းေဆာင္ရည္မ်ိဳးေတြ ရွိလို႔ေနတဲ့ ဂ်ာမနီတိုက္စစ္ကစားသမား ဝါနာကို ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ နည္းျပသစ္ ျဖစ္လာခဲ့တဲ့ အန္စေလာ့တီက သူရဲ႕အသင္းဆီကို ေခၚေဆာင္သြားဖို႔ အံ့အားသင့္စဖြယ္ စိတ္ဝင္စားမႈ ရွိေနတယ္လို႔ စပိန္မီဒီယာတစ္ခုကေန ေဖာ္ျပလာခဲ့ပါတယ္။

လက္ရွိမွာေတာ့ ရီးရဲလ္အသင္းဟာ ဘိုင္ယန္ျမဴးနစ္ကေန ထြက္ခြာလာတဲ့ ၾသစႀတီးယားေနာက္ခံလူ ေဒးဗစ္အလာဘာကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူထားသလို

အဂၤလန္ေျမမွာ ႐ုန္းကန္လို႔ေနရတဲ့ ခ်ဲလ္ဆီးတိုက္စစ္မႉး တီမိုဝါနာကိုလည္း ကမ္းလွမ္းမႈေတြ ျပဳလုပ္သြားဖြယ္ ရွိေနပါတယ္။