Spots news

စတာလင်ကို ခေါ်ယူဖို့ မန်စီးတီးသဘောတူနိုင်ချေရှိတဲ့ ကမ်းလှမ်းမှု ပြုလုပ်မယ့် ဘာစီလိုနာ

Unicode Version

စပိန်ထိပ်သီးကလပ် ဘာစီလိုနာဟာ မန်စီးတီးတောင်ပံ တိုက်စစ်မှူး စတာလင်ကို ခေါ်ယူဖို့စဉ်းစားနေတယ်လို့ စပိန်အခြေစိုက် မီဒီယာတွေက ဖေါ်ပြနေကြပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဂွါဒီယိုလာရဲ့ဦးစားပေးမှုမခံခဲ့ရပေမယ့် ရာသီသစ်မှာ ကစားခွင့်ရနိုင်ဖို့ သည်းခံ စောင့်စားနေတယ်လို့ သိရပါတယ်။

စတာလင်ဟာ ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ရာမှာ ရာသီအစောပိုင်း ကာလများမှာသာ ပုံမှန်

ကစားခွင့်ရခဲ့ပြီး အဓိက အစိတ်အပိုင်းအဖြစ် ရှိနေခဲ့သော်လည်း ရာသီပိတ်ပွဲစဉ်များ၌ အရန်ခုံတွင်သာ အဓိက အချိန်ဖြုန်းခဲ့ရသူဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စတာလင်နဲ့ မန်စီးတီးရဲ့ စာချုပ်သက်တမ်းကတော့ ၂ နှစ် ကျန်နေပါသေးတယ်။ ဒါပေမဲ့ ဘာစီလိုနာကတော့ နွေဈေးကွက်မှာ

ကြီးမားတဲ့ အပြောင်းအရွှေ့ တစ်ခုအဖြစ် မြင့်မားတဲ့ ကမ်းလှမ်းမှုနဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ Sport သတင်းစာက ရေးသားလိုက်တာပါ။

ဘာစီလိုနာဟာ စတာလင်းအတွက် အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်နေတဲ့ ဒမ်ဘီလီကို အလိုက်ပေး ကမ်းလှမ်းတာမျိုး လုပ်လိမ့်မယ်လို့ ရေးသားထားပါတယ်။

အသက် ၂၆ နှစ်အရွယ် အင်္ဂလန်တောင်ပံ ကစားသမား စတာလင်ဟာ မန်စီးတီးအတွက်ကစားပေးခဲ့တဲ့ ၂၉၂ ပွဲမှာ ၁၁၄ ဂိုးသွင်းပြီး ၈၇ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Zawgyi Version

စပိန္ထိပ္သီးကလပ္ ဘာစီလိုနာဟာ မန္စီးတီးေတာင္ပံ တိုက္စစ္မႉး စတာလင္ကို ေခၚယူဖို႔စဥ္းစားေနတယ္လို႔ စပိန္အေျခစိုက္ မီဒီယာေတြက ေဖၚျပေနၾကပါတယ္။

အဂၤလန္လက္ေ႐ြးစင္ဟာ ၿပီးခဲ့တဲ့ရာသီမွာ ဂြါဒီယိုလာရဲ႕ဦးစားေပးမႈမခံခဲ့ရေပမယ့္ ရာသီသစ္မွာ ကစားခြင့္ရနိုင္ဖို႔ သည္းခံ ေစာင့္စားေနတယ္လို႔ သိရပါတယ္။

စတာလင္ဟာ ၿပီးခဲ့သည့္ရာသီက မန္စီးတီးအသင္း ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ခဲ့ရာမွာ ရာသီအေစာပိုင္း ကာလမ်ားမွာသာ ပုံမွန္ကစားခြင့္ရခဲ့ၿပီး အဓိက အစိတ္အပိုင္းအျဖစ္ ရွိေနခဲ့ေသာ္လည္း ရာသီပိတ္ပြဲစဥ္မ်ား၌ အရန္ခုံတြင္သာ အဓိက အခ်ိန္ျဖဳန္းခဲ့ရသူျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ စတာလင္နဲ႕ မန္စီးတီးရဲ႕ စာခ်ဳပ္သက္တမ္းကေတာ့ ၂ ႏွစ္ က်န္ေနပါေသးတယ္။ ဒါေပမဲ့ ဘာစီလိုနာကေတာ့ ေႏြေဈးကြက္မွာႀကီးမားတဲ့အေျပာင္းအေ႐ႊ႕တစ္ခုအျဖစ္ ျမင့္မားတဲ့ကမ္းလွမ္းမႈနဲ႕ ေခၚယူဖို႔စဥ္းစားေနတယ္လို႔ Sport သတင္းစာက ေရးသားလိုက္တာပါ။

ဘာစီလိုနာဟာ စတာလင္းအတြက္ အသင္းကေနထြက္ခြာေတာ့မယ္လို႔ သတင္းထြက္ေနတဲ့ ဒမ္ဘီလီကို အလိုက္ေပး ကမ္းလွမ္းတာမ်ိဳး လုပ္လိမ့္မယ္လို႔ ေရးသားထားပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ အဂၤလန္ေတာင္ပံ ကစားသမား စတာလင္ဟာ မန္စီးတီးအတြက္ကစားေပးခဲ့တဲ့ ၂၉၂ ပြဲမွာ ၁၁၄ ဂိုးသြင္းၿပီး ၈၇ ႀကိမ္ ဖန္တီးေပးနိုင္ခဲ့ပါတယ္။