Spots news

ရိုဒီဂါနဲ့ ပြသနာဖြစ်ခဲ့မှူအပေါ် သဘောထားကြီးစွာ တုံ့ပြန်ခဲ့တဲ့ ပေါ့ဘာ

Unicode Version

ဂျာမနီခံစစ်မှူး ရူဒီဂါဟာ ယူရိုပြိုင်ပွဲအဖြစ် ပြင်သစ်အသင်းကို ရင်ဆိုင်တဲ့ပွဲမှာ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို ကိုက်ခဲ့တဲ့ကိစ္စက မှန်ကန်ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

ပြင်သစ်အသင်း ၁-၀ ဖြင့် အနိုင်ရတဲ့ အဆိုပါပွဲ ပထမပိုင်း ပြီးခါနီးမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စအတွက် ပေါ့ဘာရဲ့ စောဒကတက်မှုကို

ရုပ်သံကင်မရာတွေကကော၊ ပွဲတာဝန်ရှိသူတွေကပါ သတိထားမိခြင်း မရှိတာကြောင့် မတော်တဆမှုအဖြစ်ပဲ အဆုံးသတ်ခဲ့တယ်။

ရူဒီဂါကော ပေါ့ဘာပါ ဘောလုံးရထားခြင်း မရှိတဲ့ အခိုက်အတန့်မှာ ပေါ့ဘာကို လူကပ်ရင်း ရူဒီဂါက နောက်ကနေ ကိုက်ခဲ့တာဖြစ်ကာ ဖြစ်ရပ်ကို ဒိုင်လူကြီးကော VAR ပါ မမြင်ခဲ့ဘူး။

ပွဲအပြီးမှာ ကာယကံရှင်ဖြစ်တဲ့ ပေါ့ဘာက ထိတွေ့မှုရှိတာကို ဝန်ခံခဲ့တယ်။ ရူဒီဂါ အနေနဲ့ စည်းကမ်းထိန်းသိမ်းရေးတွေရဲ့ လေ့လာသုံးသပ်ခြင်းကို ခံယူရဦးမှာဖြစ်ပါတယ်။

သူက ” ကျနော်တို့က သူငယ်ချင်းတွေပါ။ ဒီကိစ္စက ကြီးကြီးကျယ်ကျယ် ကိစ္စလည်း မဟုတ်ပါဘူး။ တီဗီပုံရိပ်တွေမှာလည်း မြင်ကြမယ်ထင်ပါတယ်။

အားလုံးက ပြီးသွားပါပြီ။ ဒါက ပြီးသွားပါပြီ။ ဒီလိုဖြစ်ရပ်အတွက် အဝါကဒ်တွေ၊ အနီကဒ်တွေ ရပါစေဆိုပြီး ကျနော် ငိုကြွေးနေမှာ မဟုတ်ပါဘူး။

သူ ကျနော်ကို နည်းနည်းလောက် ကိုက်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အချင်းချင်း သိခဲ့တာကလည်း ကြာပါပြီ။

အကိုက်ခံရတယ် ခံစားရလို့ ဒိုင်ကို ပြောခဲ့ပါတယ်။ ဒီကိစ္စအတွက်တော့ ရူဒီဂါကို ပွဲပယ်တွေ မရစေချင်ပါဘူး ” လို့ ဆိုသွားခဲ့ပါတယ်။

အကယ်လို့ ယူအီးအက်ဖ်အေက ရူဒီဂါဟာ ပေါ့ဘာကို ကိုက်ခဲ့တဲ့ ကိစ္စကို အရေးယူမယ်ဆိုရင်တော့ ကာလရှည် ပွဲပယ်ခံရနိုင်ပြီး ယူရို ၂၀၂၀ မှာ ရူဒီဂါ ဆက်ပြီး ပါရဖွယ် မရှိပါဘူး။

တူညီတဲ့ ဖြစ်ရပ်ဟာ ၂၀၁၄ ကမ္ဘာဖလားမှာ ဖြစ်ခဲ့ဖူးပြီး အဲ့တုန်းက ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်စ်က အီတလီခံစစ်မှူး ချီလီနီကို ကိုက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် ၄ လ ပွဲပယ်ခံခဲ့ရတာဖြစ်ပါတယ်။

Zawgyi Version

ဂ်ာမနီခံစစ္မႉး ႐ူဒီဂါဟာ ယူရိုၿပိဳင္ပြဲအျဖစ္ ျပင္သစ္အသင္းကို ရင္ဆိုင္တဲ့ပြဲမွာ ျပင္သစ္ကြင္းလယ္လူ ေပါ့ဘာကို ကိုက္ခဲ့တဲ့ကိစၥက မွန္ကန္ေၾကာင္း ေပၚေပါက္ခဲ့ပါတယ္။

ျပင္သစ္အသင္း ၁-၀ ျဖင့္ အနိုင္ရတဲ့ အဆိုပါပြဲ ပထမပိုင္း ၿပီးခါနီးမွာ ျဖစ္ပြားခဲ့တဲ့ ကိစၥအတြက္ ေပါ့ဘာရဲ႕ ေစာဒကတက္မႈကို ႐ုပ္သံကင္မရာေတြကေကာ၊ ပြဲတာဝန္ရွိသူေတြကပါ သတိထားမိျခင္း မရွိတာေၾကာင့္ မေတာ္တဆမႈအျဖစ္ပဲ အဆုံးသတ္ခဲ့တယ္။

႐ူဒီဂါေကာ ေပါ့ဘာပါ ေဘာလုံးရထားျခင္း မရွိတဲ့ အခိုက္အတန႔္မွာ ေပါ့ဘာကို လူကပ္ရင္း ႐ူဒီဂါက ေနာက္ကေန ကိုက္ခဲ့တာျဖစ္ကာ ျဖစ္ရပ္ကို ဒိုင္လူႀကီးေကာ VAR ပါ မျမင္ခဲ့ဘူး။

ပြဲအၿပီးမွာ ကာယကံရွင္ျဖစ္တဲ့ ေပါ့ဘာက ထိေတြ႕မႈရွိတာကို ဝန္ခံခဲ့တယ္။ ႐ူဒီဂါ အေနနဲ႕ စည္းကမ္းထိန္းသိမ္းေရးေတြရဲ႕ ေလ့လာသုံးသပ္ျခင္းကို ခံယူရဦးမွာျဖစ္ပါတယ္။

သူက ” က်ေနာ္တို႔က သူငယ္ခ်င္းေတြပါ။ ဒီကိစၥက ႀကီးႀကီးက်ယ္က်ယ္ ကိစၥလည္း မဟုတ္ပါဘူး။ တီဗီပုံရိပ္ေတြမွာလည္း ျမင္ၾကမယ္ထင္ပါတယ္။

အားလုံးက ၿပီးသြားပါၿပီ။ ဒါက ၿပီးသြားပါၿပီ။ ဒီလိုျဖစ္ရပ္အတြက္ အဝါကဒ္ေတြ၊ အနီကဒ္ေတြ ရပါေစဆိုၿပီး က်ေနာ္ ငိုေႂကြးေနမွာ မဟုတ္ပါဘူး။

သူ က်ေနာ္ကို နည္းနည္းေလာက္ ကိုက္ခဲ့တယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ အခ်င္းခ်င္း သိခဲ့တာကလည္း ၾကာပါၿပီ။

အကိုက္ခံရတယ္ ခံစားရလို႔ ဒိုင္ကို ေျပာခဲ့ပါတယ္။ ဒီကိစၥအတြက္ေတာ့ ႐ူဒီဂါကို ပြဲပယ္ေတြ မရေစခ်င္ပါဘူး ” လို႔ ဆိုသြားခဲ့ပါတယ္။

အကယ္လို႔ ယူအီးအက္ဖ္ေအက ႐ူဒီဂါဟာ ေပါ့ဘာကို ကိုက္ခဲ့တဲ့ ကိစၥကို အေရးယူမယ္ဆိုရင္ေတာ့ ကာလရွည္ ပြဲပယ္ခံရနိုင္ၿပီး ယူရို ၂၀၂၀ မွာ ႐ူဒီဂါ ဆက္ၿပီး ပါရဖြယ္ မရွိပါဘူး။

တူညီတဲ့ ျဖစ္ရပ္ဟာ ၂၀၁၄ ကမာၻဖလားမွာ ျဖစ္ခဲ့ဖူးၿပီး အဲ့တုန္းက ဥ႐ုေဂြးတိုက္စစ္မႉး လူးဝစ္ဆြာရက္စ္က အီတလီခံစစ္မႉး ခ်ီလီနီကို ကိုက္ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိတာေၾကာင့္ ၄ လ ပြဲပယ္ခံခဲ့ရတာျဖစ္ပါတယ္။