Unicode Version
အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို တူရင်မြေသို့ ပြန်လည် ခေါ်ယူလိုနေတယ်လို့
သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ပေါ့ဘာအတွက် အသင်းရဲ့ အဓိက ကစားသမားများဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဒိုင်ဘာလာတို့ကို အလိုက်ပေး ကမ်းလှမ်းဖွယ် ရှိနေပါတယ်။
လက်ရှိအချိန်မှာ ပြင်သစ် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ စာချုပ်သက်တမ်းဟာ
တစ်နှစ်သာကျန်ရှိတော့တာ ဖြစ်ပြီး စာချုပ်သစ် အတွက် ဆွေးနွေးမှုများ ပြုလုပ်ရခြင်း မရှိသေးကြောင်း သိရှိရပါတယ်။
ဂျူဗင်တပ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ အယ်လ်လီဂရီနီဟာ ပေါ့ဘာနဲ့ အတူ ဂျူဗင်တပ်မှာပြန်လည် လက်တွဲလိုတယ်လို့ Tuttosport က ဆိုခဲ့ပြီး
ပေါ့ဘာအတွက် ခရစ္စတီယာနိုရော်နယ်ဒို သို့မဟုတ် ပေါ်လိုဒိုင်ဘာလာနဲ့ ငွေသား အလိုက်ပေးကာ လဲလှယ်လိုနေတာလို့ သတင်းတွေက ဆိုနေကြပါတယ်။
ဂျူဗင်တပ်အသင်းဟာ ကာလရှည် သိမ်းပိုက်နိုင်ခဲ့တဲ့ အီတလီ စီးရီးအေဆုဖလားကို လက်လွှတ်ခဲ့ရပြီးနောက်မှာ အသင်းရဲ့ နည်းပြ ပီယာလိုကို ရာထူးကနေ ထုတ်ပယ်ကာ
နည်းပြဟောင်း အယ်လီဂရီနီကို ပြန်လည် ခန့်အပ်ခဲ့တာဟာ ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်တို့ရဲ့ လမ်းခွဲကို မြင်ရစေတဲ့ အကြောင်းပြချက် တခုပဲ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း မတိုးရသေးတဲ့ အသက် ၂၈ နှစ်အရွယ်
ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို ဂျူဗင်တပ်အသင်းအပြင် ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ကပါ ခေါ်ယူရန် စိတ်ဝင်စား နေပါတယ်။
Zawgyi Version
အီတလီ စီးရီးေအကလပ္ ဂ်ဴဗင္တပ္အသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဘာကို တူရင္ေျမသို႔ ျပန္လည္ ေခၚယူလိုေနတယ္လို႔
သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး ေပါ့ဘာအတြက္ အသင္းရဲ႕ အဓိက ကစားသမားမ်ားျဖစ္တဲ့ ေရာ္နယ္ဒိုနဲ႕ ဒိုင္ဘာလာတို႔ကို အလိုက္ေပး ကမ္းလွမ္းဖြယ္ ရွိေနပါတယ္။
လက္ရွိအခ်ိန္မွာ ျပင္သစ္ ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဘာ နဲ႕ မန္ခ်က္စတာ ယူနိုက္တက္တို႔ရဲ႕ စာခ်ဳပ္သက္တမ္းဟာ တစ္ႏွစ္သာက်န္ရွိေတာ့တာ ျဖစ္ၿပီး စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ရျခင္း မရွိေသးေၾကာင္း သိရွိရပါတယ္။
ဂ်ဴဗင္တပ္အသင္းရဲ႕ နည္းျပသစ္ျဖစ္လာတဲ့ အယ္လ္လီဂရီနီဟာ ေပါ့ဘာနဲ႕ အတူ ဂ်ဴဗင္တပ္မွာျပန္လည္ လက္တြဲလိုတယ္လို႔ Tuttosport က ဆိုခဲ့ၿပီး ေပါ့ဘာအတြက္ ခရစၥတီယာနိုေရာ္နယ္ဒို သို႔မဟုတ္ ေပၚလိုဒိုင္ဘာလာနဲ႕ ေငြသား အလိုက္ေပးကာ လဲလွယ္လိုေနတာလို႔ သတင္းေတြက ဆိုေနၾကပါတယ္။
ဂ်ဴဗင္တပ္အသင္းဟာ ကာလရွည္ သိမ္းပိုက္နိုင္ခဲ့တဲ့ အီတလီ စီးရီးေအဆုဖလားကို လက္လႊတ္ခဲ့ရၿပီးေနာက္မွာ အသင္းရဲ႕ နည္းျပ ပီယာလိုကို ရာထူးကေန ထုတ္ပယ္ကာ
နည္းျပေဟာင္း အယ္လီဂရီနီကို ျပန္လည္ ခန႔္အပ္ခဲ့တာဟာ ေရာ္နယ္ဒိုနဲ႕ ဂ်ဴဗင္တပ္တို႔ရဲ႕ လမ္းခြဲကို ျမင္ရေစတဲ့ အေၾကာင္းျပခ်က္ တခုပဲ ျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သက္တမ္းမတိုးရေသးတဲ့ အသက္ ၂၈ ႏွစ္အ႐ြယ္ ျပင္သစ္ကြင္းလယ္လူ ေပါ့ဘာကို ဂ်ဴဗင္တပ္အသင္းအျပင္ ပီအက္စ္ဂ်ီနဲ႕ ရီးရဲလ္မက္ဒရစ္ အသင္းတို႔ကပါ ေခၚယူရန္ စိတ္ဝင္စားေနပါတယ္။