Unicode Version
ဗြိတိန်အခြေစိုက် သတင်းဌာနများရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ခါးသီး မြို့ခံပြိုင်မန်စီးတီးအသင်း မှ ဟော်လန်ကြယ်ပွင့် နောက်တန်း ကစားသမား အကီကို အံ့အားသင့်စရာကောင်းလောက်အောင် ကမ်းလှမ်းဖို့ပြင်ဆင်နေတာ တွေ့ရပါတယ် ။
မန်ချက်စတာ ယူနိုက်တက်အသင်း ဟာအခုအပြောင်းအရွှေ့ ဈေးကွက်ဈေးကွက်အတွင်း အသင်းရဲ့ နောက်ခံလူ မက်ဂွိုင်းယားနဲ့ ထိပ်သီးနောက်ခံလူ တစ်ဦးကို အလိုရှိနေတာဖြစ်ပြီး ပြိုင်ဘက် မန်စီးတီးအသင်းရဲ့ နောက်ခံလူ အကီရဲ့အနေအထားကို စောင့်ကြည့်နေတယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်း ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ကစားသမားတွေကတော့ နောက်တန်း ကစားသမား တွေထဲမှာ ဗာရန်း၊ တောရက် စတဲ့ နာမည်ကျော်ကစားသမားတွေပါဝင်နေပေမယ့် နည်းပြဆိုးလ်ရှားကတော့ အကီရဲ့ခြေစွမ်းကို နှစ်သက် သဘောကျ နေတာလည်းဖြစ်ပါ တယ်။
အကီဟာ ပြီးခဲ့တဲ့နှစ် အပြောင်းအရွေ့ကမှ ဘုန်းမောက်အသင်းကနေ မန်စီးတီးအသင်းကို သန်း 40 နဲ့ပြောင်းရွှေ့ခဲ့လာခဲ့တာ ဖြစ်ပြီး ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရသလို ပုံမှန်ကစားခွင့်လည်းမရခဲ့ပါဘူး။
အခုလက်ရှိအချိန်မှာလည်း မန်စီးတီးအသင်း နောက်တန်းမှာ ဒီယက်စ်နဲ့. စတုန်းတို့ အတွဲက ဦးစားပေးကစားသမားတွေအဖြစ် ပါဝင်ခွင့်ရရှိနေပြီး အရန်စာရင်းမှာ လာပေ့ါတာဟာ အကီထက် ပိုဦးစားပေးကစားခွင့် ရရှိနေတာကြောင့် အဲဒီအခြေအနေကို အကီက စိတ်ပျက်နေပါတယ်။
Zawgyi Version
ၿဗိတိန္အေျခစိုက္ သတင္းဌာနမ်ားရဲ႕ ေဖာ္ျပခ်က္အရ ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ခါးသီး ၿမိဳ႕ခံၿပိဳင္မန္စီးတီးအသင္း မွ ေဟာ္လန္ၾကယ္ပြင့္ ေနာက္တန္း ကစားသမား အကီကို အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ကမ္းလွမ္းဖို႔ျပင္ဆင္ေနတာ ေတြ႕ရပါတယ္ ။
မန္ခ်က္စတာ ယူနိုက္တက္အသင္း ဟာအခုအေျပာင္းအေ႐ႊ႕ ေဈးကြက္ေဈးကြက္အတြင္း အသင္းရဲ႕ ေနာက္ခံလူ မက္ဂြိုင္းယားနဲ႕ ထိပ္သီးေနာက္ခံလူ တစ္ဦးကို အလိုရွိေနတာျဖစ္ၿပီး ၿပိဳင္ဘက္ မန္စီးတီးအသင္းရဲ႕ ေနာက္ခံလူ အကီရဲ႕အေနအထားကို ေစာင့္ၾကည့္ေနတယ္လို႔ ၿဗိတိန္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။
ယူနိုက္တက္အသင္း ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ ကစားသမားေတြကေတာ့ ေနာက္တန္း ကစားသမား ေတြထဲမွာ ဗာရန္း၊ ေတာရက္ စတဲ့ နာမည္ေက်ာ္ကစားသမားေတြပါဝင္ေနေပမယ့္ နည္းျပဆိုးလ္ရွားကေတာ့ အကီရဲ႕ေျခစြမ္းကို ႏွစ္သက္ သေဘာက် ေနတာလည္းျဖစ္ပါ တယ္။
အကီဟာ ၿပီးခဲ့တဲ့ႏွစ္ အေျပာင္းအေ႐ြ႕ကမွ ဘုန္းေမာက္အသင္းကေန မန္စီးတီးအသင္းကို သန္း 40 နဲ႕ေျပာင္းေ႐ႊ႕ခဲ့လာခဲ့တာ ျဖစ္ၿပီး ဒဏ္ရာျပႆနာေတြေၾကာင့္ ႐ုန္းကန္ခဲ့ရသလို ပုံမွန္ကစားခြင့္လည္းမရခဲ့ပါဘူး။
အခုလက္ရွိအခ်ိန္မွာလည္း မန္စီးတီးအသင္း ေနာက္တန္းမွာ ဒီယက္စ္နဲ႕. စတုန္းတို႔ အတြဲက ဦးစားေပးကစားသမားေတြအျဖစ္ ပါဝင္ခြင့္ရရွိေနၿပီး အရန္စာရင္းမွာ လာေပ့ါတာဟာ အကီထက္ ပိုဦးစားေပးကစားခြင့္ ရရွိေနတာေၾကာင့္ အဲဒီအေျခအေနကို အကီက စိတ္ပ်က္ေနပါတယ္။