Spots news

ဂျာအိုဖီးလစ်ကို အရခေါ်ယူဖို့ ငြင်းစရာမရှိတဲ့ကမ်းလှမ်းမှုပြုလုပ်သွားမယ့် မန်စီတီး

Unicode Version

မန်စီးတီးအသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားနဲ့ အက်သလက်တီကို အသင်းရဲ့

လူငယ် တိုက်စစ်မှူး ဂျာအိုဖီးလစ်တို့ကို အလဲအထပ် လုပ်ဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိက အပြောင်းအလဲ ပြုလုပ်ဖို့ စီစဉ်နေတဲ့

အသင်း ဖြစ်ပြီး တိုက်စစ်အင်အား ဖြည့်တင်းဖို့ ပြင်ဆင်နေကာ ဘာနာဒို ဆေးလ်ဗားကို အသင်းကနေ ထွက်ခွာခွင့်လည်း ပေးထားပါတယ်။

မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဗီလာ ကွင်းလယ်လူ ဂရီးလစ်ချ်တို့ကို ခေါ်ယူကာ အသင်းရဲ့

တိုက်စစ်ပိုင်းကို ပြင်ဆင်ချင် နေတာဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းဟာလဲ မန်စီးတီးက ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူချင်နေပါတယ်။

အက်သလက်တီကို မက်ဒရစ် အသင်းဟာ ဘာနာဒို ဆေးလ်ဗား အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းကို ပေးချေဖို့ ဆန္ဒမရှိပဲ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်သာ ပေးချေလိုနေတာကြောင့်

မန်စီးတီး အသင်းဟာ ပြောင်းရွှေ့ကြေးအစား အက်သလက်တီကို အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဂျာအိုဖီးလစ်နဲ့ ဆေးလ်ဗားကို အလဲအထပ် လုပ်ဖို့ စိတ်ဝင်စားနေတာပါ။

မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာဟာ ဂျာအိုဖီးလစ်ရဲ့ ခြေစွမ်းနဲ့ ကစားပုံကို သဘောကျတဲ့ နည်းပြတဦး ဖြစ်တာကြောင့် အက်သလက်တီကို မက်ဒရစ်အသင်းကသာ

သဘောတူရင် ဘာနာဒို ဆေးလ်ဗားနဲ့ ဂျာအိုဖီးလစ်တို့ နှစ်ဦးကို အလဲအထပ် လုပ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

တဖက်မှာလည်း အက်သလက်တီကို မက်ဒရစ်အသင်းဟာ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းခန့် ရရှိရင် ဂျာအိုဖီးလစ်ကို ရောင်းထုတ်ဖို့ စဉ်းစားထားတာကြောင့်

မန်ချက်စတာ စီးတီးအသင်းကသာ ဘာနာဒို ဆေးလ်ဗား + ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင် ပေးချေပါက အပြောင်းအရွေ့ ဖြစ်ပေါ်နိုင်ပါတယ်။

Zawgyi Version

မန္စီးတီးအသင္းဟာ အက္သလက္တီကို မက္ဒရစ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းရဲ႕ ကြင္းလယ္တိုက္စစ္ ကစားသမား ဘာနာဒို ေဆးလ္ဗားနဲ႕ အက္သလက္တီကို အသင္းရဲ႕ လူငယ္ တိုက္စစ္မႉး ဂ်ာအိုဖီးလစ္တို႔ကို အလဲအထပ္ လုပ္ဖို႔ စိတ္ဝင္စားေနေၾကာင္း အဂၤလန္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားပါတယ္။

မန္ခ်က္စတာ စီးတီးအသင္းဟာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းရဲ႕ တိုက္စစ္ပိုင္းကို အဓိက အေျပာင္းအလဲ ျပဳလုပ္ဖို႔ စီစဥ္ေနတဲ့ အသင္း ျဖစ္ၿပီး တိုက္စစ္အင္အား ျဖည့္တင္းဖို႔ ျပင္ဆင္ေနကာ ဘာနာဒို ေဆးလ္ဗားကို အသင္းကေန ထြက္ခြာခြင့္လည္း ေပးထားပါတယ္။

မန္စီးတီးအသင္းရဲ႕ နည္းျပျဖစ္သူ ဂြာဒီယိုလာဟာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ စပါး တိုက္စစ္မႉး ဟယ္ရီကိန္းနဲ႕ ဗီလာ ကြင္းလယ္လူ ဂရီးလစ္ခ်္တို႔ကို ေခၚယူကာ အသင္းရဲ႕ တိုက္စစ္ပိုင္းကို ျပင္ဆင္ခ်င္ ေနတာျဖစ္ၿပီး အက္သလက္တီကို မက္ဒရစ္အသင္းဟာလဲ မန္စီးတီးက ဘာနာဒို ေဆးလ္ဗားကိုလဲ ေခၚယူခ်င္ေနပါတယ္။

အက္သလက္တီကို မက္ဒရစ္ အသင္းဟာ ဘာနာဒို ေဆးလ္ဗား အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၆၀သန္းကို ေပးေခ်ဖိဳ႕ ဆႏၵမရွိပဲ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၄၀သန္း ဝန္းက်င္သာ ေပးေခ်လိဳေနတာေၾကာင့္ မန္စီးတီးအသင္းဟာ ေျပာင္းေ႐ႊ႕ေၾကးအစား အက္သလက္တီကို အသင္းရဲ႕ လူငယ္ တိုက္စစ္မႉး ဂ်ာအိုဖီးလစ္နဲ႕ ေဆးလ္ဗားကို အလဲအထပ္ လုပ္ဖို႔ စိတ္ဝင္စားေနတာပါ။

မန္စီးတီးအသင္းရဲ႕ နည္းျပျဖစ္သူ ဂြာဒီယိုလာဟာ ဂ်ာအိုဖီးလစ္ရဲ႕ ေျခစြမ္းနဲ႕ ကစားပုံကို သေဘာက်တဲ့ နည္းျပတဦး ျဖစ္တာေၾကာင့္ အက္သလက္တီကို မက္ဒရစ္အသင္းကသာ သေဘာတူရင္ ဘာနာဒို ေဆးလ္ဗားနဲ႕ ဂ်ာအိုဖီးလစ္တို႔ ႏွစ္ဦးကို အလဲအထပ္ လုပ္ဖို႔ ဆႏၵရွိေနေၾကာင္း သိရပါတယ္။

တဖက္မွာလည္း အက္သလက္တီကို မက္ဒရစ္အသင္းဟာ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၆၀သန္းခန့္ ရရွိရင္ ဂ်ာအိုဖီးလစ္ကို ေရာင္းထုတ္ဖို႔ စဥ္းစားထားတာေၾကာင့္ မန္ခ်က္စတာ စီးတီးအသင္းကသာ ဘာနာဒို ေဆးလ္ဗား + ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၀သန္း ဝန္းက်င္ ေပးေခ်ပါက အေျပာင္းအေ႐ြ႕ ျဖစ္ေပၚနိုင္ပါတယ္။