Spots news

ဂျူဗင်တပ်နောက်ခံလူ ဒီလစ်ကို ကစားသမားအချို့အလိုက်ပေး၍ ဘာစီလိုနာ ကမ်းလှမ်းမည်

Unicode Version

ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌ လာပေါ်တာဟာ ဂျူဗင်တပ်အသင်းရဲ့ နယ်သာလန်လက်‌ရွေးစင်နောက်ခံလူ ဒီလစ်ကို ယခုနွေရာသီ အပြောင်းအ ရွေ့မှာတွင် ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဂရဇ်မန်း သို့မဟုတ် ဒမ်ဘီလီနှင့် အလဲအထပ်ပြုလုပ်၍ ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီလစ်ကို အေဂျက်စ် အသင်းတွင် ရှိစဉ်ကတည်းက ခေါ်ယူရန် ချိန်ရွယ်ခဲ့ဖူးပြီး ယခု ဥက္ကဋ္ဌသစ်ဖြစ်လာသည့် လာပေါ်တာကလည်း ကစားသမားကို အကြိုက်တွေ့သည့်အတွက် ထပ်မံ ကြိုးပမ်းရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာ‌ရေးပြသနာကြောင့် အနာဂတ်အတွက် ရည်ရွယ်ထားသည့် ကစားသမားအနည်းငယ်မှလွဲ၍ ကျန်ကစားသမားများကို အပြောင်းအလဲပြုလုပ်ရန် ရည်ရွယ်ထားပြီး ရောင်းထုတ်မည့် ကစားသမားများထဲတွင် ဂရဇ်မန်းနှင့် ဒမ်ဘီလီတို့လည်း ပါဝင်နေပါတယ်။

ဂျူဗင်တပ်အသင်းကလဲ ပေါ်တူဂီဝါရင့် တိုက်စစ်မှူး ရော်နယ်ဒိုရဲ့နေရာအတွက် တိုက်စစ်မှူးအသစ် ခေါ်ယူအစားထိုးရန် ပြင်ဆင်နေပြီး ဂရဇ်မန်းကို မျက်စိကျနေပါတယ်။ ထို့ကြောင့် ဘာစီလိုနာအသင်းက ဒီလစ်ကို ခေါ်ယူရန်အတွက် ဂရဇ်မန်းနှင့် ဒမ်ဘီလီတို့ကို အသုံးပြုရန် စီစဉ်ခဲ့တာပါ။

ဘာစီလိုနာအသင်းအ‌နေနဲ့ပြင်သစ် တိုက်စစ်ကစားသမား ဒမ်ဘီလီကို အသင်းမှာ ဆက်လက်ထားရှိလိုသော်လည်း စာချုပ်သက်တမ်း (၁)နှစ်သာကျန်ရှိတော့၍ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို လက်မခံပါက ယခုရာသီတွင် ရောင်းထုတ်ရန် စီစဉ်ထားကြောင်း သိရပါတယ်။

Zawgyi Version

ဘာစီလိုနာအသင္းရဲ႕ ဥကၠ႒ လာေပၚတာဟာ ဂ်ဴဗင္တပ္အသင္းရဲ႕ နယ္သာလန္လက္‌ေ႐ြးစင္ေနာက္ခံလူ ဒီလစ္ကို ယခုေႏြရာသီ အေျပာင္းအ ေ႐ြ႕မွာတြင္ ေခၚယူဖို႔ ျပင္ဆင္ေနၿပီး ဂရဇ္မန္း သို႔မဟုတ္ ဒမ္ဘီလီႏွင့္ အလဲအထပ္ျပဳလုပ္၍ ကမ္းလွမ္းရန္ စီစဥ္ေနေၾကာင္း သိရပါတယ္။

ဘာစီလိုနာအသင္းဟာ ဒီလစ္ကို ေအဂ်က္စ္ အသင္းတြင္ ရွိစဥ္ကတည္းက ေခၚယူရန္ ခ်ိန္႐ြယ္ခဲ့ဖူးၿပီး ယခု ဥကၠ႒သစ္ျဖစ္လာသည့္ လာေပၚတာကလည္း ကစားသမားကို အႀကိဳက္ေတြ႕သည့္အတြက္ ထပ္မံ ႀကိဳးပမ္းရန္ စီစဥ္ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ဘာစီလိုနာအသင္းဟာ ဘ႑ာ‌ေရးျပသနာေၾကာင့္ အနာဂတ္အတြက္ ရည္႐ြယ္ထားသည့္ ကစားသမားအနည္းငယ္မွလြဲ၍ က်န္ကစားသမားမ်ားကို အေျပာင္းအလဲျပဳလုပ္ရန္ ရည္႐ြယ္ထားၿပီး ေရာင္းထုတ္မည့္ ကစားသမားမ်ားထဲတြင္ ဂရဇ္မန္းႏွင့္ ဒမ္ဘီလီတို႔လည္း ပါဝင္ေနပါတယ္။

ဂ်ဴဗင္တပ္အသင္းကလဲ ေပၚတူဂီဝါရင့္ တိုက္စစ္မႉး ေရာ္နယ္ဒိုရဲ႕ေနရာအတြက္ တိုက္စစ္မႉးအသစ္ ေခၚယူအစားထိုးရန္ ျပင္ဆင္ေနၿပီး ဂရဇ္မန္းကို မ်က္စိက်ေနပါတယ္။ ထို႔ေၾကာင့္ ဘာစီလိုနာအသင္းက ဒီလစ္ကို ေခၚယူရန္အတြက္ ဂရဇ္မန္းႏွင့္ ဒမ္ဘီလီတို႔ကို အသုံးျပဳရန္ စီစဥ္ခဲ့တာပါ။

ဘာစီလိုနာအသင္းအ‌ေနနဲ႕ျပင္သစ္ တိုက္စစ္ကစားသမား ဒမ္ဘီလီကို အသင္းမွာ ဆက္လက္ထားရွိလိုေသာ္လည္း စာခ်ဳပ္သက္တမ္း (၁)ႏွစ္သာက်န္ရွိေတာ့၍ စာခ်ဳပ္သက္တမ္းတိုးရန္ ကမ္းလွမ္းမႈကို လက္မခံပါက ယခုရာသီတြင္ ေရာင္းထုတ္ရန္ စီစဥ္ထားေၾကာင္း သိရပါတယ္။