Unicode Version
ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ ယမန်နေ့ညက ဂျာမနီနဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ရော်နယ်ဒို ကိုလာပုလင်းတွေကို ဖယ်ထုတ်ခဲ့သလို ပေါ့ဘာက Heninken ဘီယာပုလင်းကို ဖယ်ထုတ်ပစ်ခဲ့ပါတယ်။ ကျန်းမာရေးလိုက်စားဖို့ သတိပေးပြီး ရော််နယ်ဒိုဟာ ကိုလာပုလင်းတွေကို ဖယ်ရှားပစ်ခဲ့တာပါ။
ပေါ့ဘာဟာ မူဆင်လင်တွေအတွက် တားမြစ်ထားသော အယ်လ်ကိုဟောကို ကြေညာပေးဖို့ ငြင်းဆန်ခဲ့ခြင်း ဖြစ်ပြီး ရော်နယ်ဒိုလည်း ကိုကာကိုလာပုလင်းတွေကို ဖယ်ရှားခဲ့ပြီးနောက် ပေါ့ဘာက ယူရိုစပွန်ဆာတွေအပေါ် ငြင်းဆန်တဲ့ ကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ပရိသတ်တွေကတော့ အယ်ကိုဟော မပါတဲ့ ဘီယာကို ယုံကြည်မှုကြောင့် ဖယ်ရှားခဲ့တဲ့ ပေါ့ဘာရဲ့ လုပ်ရပ်အပေါ် ချီးကျူခဲ့ပါတယ်။ ပရိသတ်တစ်ဦးက “မူစလင်တစ်ယောက်ရှေ့မှာ အယ်လ်ကိုဟောပါတဲ့ ပစ္စည်းထားတာက လေးစားမှု မရှိတာပါပဲ။ ဒီနေရာမှာ ပေါ့ဘာကို အပြစ်တင်လို့ မရပါဘူး”လို့ ဆိုပါတယ်။
နောက်တစ်ဦးက “သူက မူစလင်တစ်ယောက်ပါ။ ဘာကြောင့် ဘီယာကို သူ့ရှေ့သွားထားတာလဲ?စပွန်ဆာတွေအနေနဲ့ မျှတဖို့ လိုပါတယ်”လို့ ရေးခဲ့ပါတယ်။ ယခုအပတ်အစောပိုင်းကလည်း ရော်နယ်ဒိုဟာ ကိုကာကိုလာ ပုလင်း ၂ပုလင်းကို ဖယ်ရှားခဲ့ပြီးနောက် ကိုကာကိုလာဟာ တန်ဖိုး ပေါင် ၂.၈၄ ဘီလီယံအထိ လျော့ကျသွားခဲ့ပါတယ်။
Zawgyi Version
ျပင္သစ္ကြင္းလယ္လူ ေပါ့ဘာဟာ ယမန္ေန႕ညက ဂ်ာမနီနဲ႕ ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ေရာ္နယ္ဒို ကိုလာပုလင္းေတြကို ဖယ္ထုတ္ခဲ့သလို ေပါ့ဘာက Heninken ဘီယာပုလင္းကို ဖယ္ထုတ္ပစ္ခဲ့ပါတယ္။ က်န္းမာေရးလိုက္စားဖို႔ သတိေပးၿပီး ေရာ္္နယ္ဒိုဟာ ကိုလာပုလင္းေတြကို ဖယ္ရွားပစ္ခဲ့တာပါ။
ေပါ့ဘာဟာ မူဆင္လင္ေတြအတြက္ တားျမစ္ထားေသာ အယ္လ္ကိုေဟာကို ေၾကညာေပးဖို႔ ျငင္းဆန္ခဲ့ျခင္း ျဖစ္ၿပီး ေရာ္နယ္ဒိုလည္း ကိုကာကိုလာပုလင္းေတြကို ဖယ္ရွားခဲ့ၿပီးေနာက္ ေပါ့ဘာက ယူရိုစပြန္ဆာေတြအေပၚ ျငင္းဆန္တဲ့ ၾကယ္ပြင့္တစ္ဦး ျဖစ္လာခဲ့ပါတယ္။
ပရိသတ္ေတြကေတာ့ အယ္ကိုေဟာ မပါတဲ့ ဘီယာကို ယုံၾကည္မႈေၾကာင့္ ဖယ္ရွားခဲ့တဲ့ ေပါ့ဘာရဲ႕ လုပ္ရပ္အေပၚ ခ်ီးက်ဴခဲ့ပါတယ္။ ပရိသတ္တစ္ဦးက “မူစလင္တစ္ေယာက္ေရွ႕မွာ အယ္လ္ကိုေဟာပါတဲ့ ပစၥည္းထားတာက ေလးစားမႈ မရွိတာပါပဲ။ ဒီေနရာမွာ ေပါ့ဘာကို အျပစ္တင္လို႔ မရပါဘူး”လို႔ ဆိုပါတယ္။
ေနာက္တစ္ဦးက “သူက မူစလင္တစ္ေယာက္ပါ။ ဘာေၾကာင့္ ဘီယာကို သူ႕ေရွ႕သြားထားတာလဲ?စပြန္ဆာေတြအေနနဲ႕ မွ်တဖို႔ လိုပါတယ္”လို႔ ေရးခဲ့ပါတယ္။ ယခုအပတ္အေစာပိုင္းကလည္း ေရာ္နယ္ဒိုဟာ ကိုကာကိုလာ ပုလင္း ၂ပုလင္းကို ဖယ္ရွားခဲ့ၿပီးေနာက္ ကိုကာကိုလာဟာ တန္ဖိုး ေပါင္ ၂.၈၄ ဘီလီယံအထိ ေလ်ာ့က်သြားခဲ့ပါတယ္။