Spots news

နယ်သာလန်တိုက်စစ်မှူး မာလန်ကိုခေါ်ယူဖို့ ‌ဒေါ့မွန် နဲ့ အပြိုင်ကြိုးပမ်းနေတဲ့ လီဗာပူး

Unicode Version

ပရီးမီးယားလိဂ် ကလပ် လီဗာပူးအသင်းဟာ လာမယ့် ရာသီမှာ အသင်းရဲ့ တိုက်စစ်အင်အားကို ဖြည့်တင်းဖို့အတွက် နယ်သာလန်လိဂ်ရဲ့ အသင်း တသင်း ဖြစ်တဲ့

ပီအက်စ်ဗွီအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ မာလန်ကို ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

အစပိုင်းမှာ အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုကို မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောင်းချမယ့် ဒေါ့မွန်အသင်းဟာ မာလန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး

လက်ရှိမှာတော့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စဉ်းစားနေတဲ့ လီဗာပူးအသင်းဟာလည်း မေလန်ကို စိတ်ဝင်စားလာပါတယ်။

လီဗာပူးအသင်းဟာ အသင်းရဲ့ တိုက်စစ်မြှားဦးမှာ ပုံမှန် ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရတဲ့ ဖာမီနိုရဲ့ နေရာနဲ့ ၊ အသင်းကနေ ထွက်ခွာနိုင်ချေ ရှိနေတဲ့

အဓိက တိုက်စစ်မှူး ဆာလာရဲ့ နေရာ အတွက် အင်အားဖြည့်တင်းဖို့ မာလန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းရဲ့ အကယ်ဒမီထွက် ကစားသမား မာလန်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဗွီအသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ ပါဝင် ကစားပေးခဲ့ရာ

သွင်းဂိုး ၂၇ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ ကာလ တန်ကြေးကတော့ ယူရို ၂၇သန်းပဲ ဖြစ်ပါတယ်။

သို့ပေမယ့် ပီအက်စ်ဗွီအသင်း ကတော့ သူတို့အသင်းရဲ့ တိုက်စစ်မှူး မာလန်အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် အလိုရှိနေပြီး

မာလန်ကတော့ ဒေါ့မွန်အသင်းထက် လီဗာပူးအသင်းထံ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ ကလပ္ လီဗာပူးအသင္းဟာ လာမယ့္ ရာသီမွာ အသင္းရဲ႕ တိုက္စစ္အင္အားကို ျဖည့္တင္းဖို႔အတြက္ နယ္သာလန္လိဂ္ရဲ႕ အသင္း တသင္း ျဖစ္တဲ့ ပီအက္စ္ဗြီအသင္းရဲ႕ အဓိက တိုက္စစ္မႉး ျဖစ္သူ မာလန္ကို ေခၚယူဖို႔စိတ္ဝင္စားေနေၾကာင္း ဥေရာပ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားပါတယ္။

အစပိုင္းမွာ အသင္းရဲ႕ ေတာင္ပံ ကစားသမား ဆန္ခ်ိဳကို မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေရာင္းခ်မယ့္ ေဒါ့မြန္အသင္းဟာ မာလန္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာ ျဖစ္ၿပီး လက္ရွိမွာေတာ့ အသင္းရဲ႕ တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းဖို႔ စဥ္းစားေနတဲ့ လီဗာပူးအသင္းဟာလည္း ေမလန္ကို စိတ္ဝင္စားလာပါတယ္။

လီဗာပူးအသင္းဟာ အသင္းရဲ႕ တိုက္စစ္ျမႇားဦးမွာ ပုံမွန္ ဂိုးသြင္းနိုင္ဖို႔ ႐ုန္းကန္ေနရတဲ့ ဖာမီနိုရဲ႕ ေနရာနဲ႕ ၊ အသင္းကေန ထြက္ခြာနိုင္ေခ် ရွိေနတဲ့ အဓိက တိုက္စစ္မႉး ဆာလာရဲ႕ ေနရာ အတြက္ အင္အားျဖည့္တင္းဖို႔ မာလန္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာ ျဖစ္ေၾကာင္း သိရပါတယ္။

အာဆင္နယ္အသင္းရဲ႕ အကယ္ဒမီထြက္ ကစားသမား မာလန္ဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ပီအက္စ္ဗြီအသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၄၅ပြဲ ပါဝင္ ကစားေပးခဲ့ရာ သြင္းဂိုး ၂၇ဂိုး သြင္းယူနိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၁၀ႀကိမ္ ျပဳလုပ္နိုင္ခဲ့ကာ သူ႕ရဲ႕ ကာလ တန္ေၾကးကေတာ့ ယူရို ၂၇သန္းပဲ ျဖစ္ပါတယ္။

သို႔ေပမယ့္ ပီအက္စ္ဗြီအသင္း ကေတာ့ သူတို႔အသင္းရဲ႕ တိုက္စစ္မႉး မာလန္အတြက္ အနိမ့္ဆုံး ေျပာင္းေ႐ႊ႕ေၾကး ယူရို ၄၀သန္း ဝန္းက်င္ အလိုရွိေနၿပီး မာလန္ကေတာ့ ေဒါ့မြန္အသင္းထက္ လီဗာပူးအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ ပိုမို စိတ္ဝင္စားေနေၾကာင္း နယ္သာလန္ အေျခစိုက္ သတင္းဌာနေတြက ဆိုပါတယ္။