Articles

ယူနိုက်တက် အဝတ်လဲခန်းထဲက ကြုံတွေ့နေရတာလေးတွေကို ပြောပြခဲ့တဲ့ ဒီဂီယာ

Unicode Version

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာ က ယူနိုက်တက် အနေနဲ့ အသင်းရဲ့ အဝတ်လဲခန်း ထဲမှာ ကစားသမားများ စုစည်းမှု စည်းလုံးမှု အရမ် းကောင်းမွန် နေပြီး မန်ချက်စတာ ယူနိုက်တက် အနေနဲ့  ပရီးမီးယားလိဂ် ချန်ပီယံဆု ကို အရယူ နိုင်ကြောင်း ပြောဆို လိုက်ပါတယ်။

ဂိုးသမား ဒေးဗစ်ဒီဂီယာ ဟာ ဝုဒ်အသင် းကို အနိုင် ရခဲ့တဲ့ ပွဲစဉ်မှာ ဂိုးပေါက် ကာကွယ်မှု ငါးကြိမ်ထက် မနည်း ပြုလုပ် နိုင်ခဲ့ပြီး အသင်းအတွက် အဖိုးတန် အနိုင် သုံးမှတ်ကို ရယူရာမှာ အရေးပါ ခဲ့ပါတယ်။ အဆိုပါ နိုင်ပွဲ ကြောင့် ယူနိုက်တက်ဟာ အဆင့် ၁ နေရာမှ လီဗာပူးကို ဆက်လက် ဖိအား ပေးနိုင်ခဲ့ပြီး ချန်ပီယံဆု အတွက် ယုံကြည်ချက် မြင့်မား လာခဲ့ကြ ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အကယ်ဒမီထွက် အင်္ဂလန် လူငယ် ကစားသမား ဟန်ဒါဆန် ရှိနေပေမယ့် ဒီဂီယာက အဓိက ဂိုးသမား အဖြစ် လက်စွမ်း ပြနေဆဲပဲ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားကလဲ အသင်းရဲ့ ပထမ နေရာအတွက် ဂိုးသမား နှစ်ယောက် ကြိုးစားမှုကြောင့် လက်စွမ်းပြ နိုင်ခဲ့ကြပြီး အသင်းရဲ့ ဂိုးပေါက် လုံခြုံလာတယ် လို့ပြောဆို ထားပါတယ်။

အသင်းရဲ့ အဝတ်လဲခန်းထဲ စည်းလုံးမှုနဲ့ ကွင်းပြင်ပ အထိ အတူတကွ ပူးပေါင်းမှုကြောင့် ရလဒ် ပြန်လည် ကောင်းမွန်ခဲ့ကြောင်း ဒီဂီယာက ဆိုခဲ့ပါတယ်။

“ ရိုးသားစွာ ဝန်ခံရရင် အရင်ကထက် ယုံကြည်မှု ရှိလာတယ်ဗျ။ လက်ရှိမှာ အသင်းနဲ့အတူ အရမ်းပျော်ရွှင် နေပါတယ်။ ဒီနေ့ပွဲလို အသင်းအတွက် လက်စွမ်းပြပြီး အစွမ်းကုန် ကာကွယ်ပေးသွားချင်ပါတယ်။ တစ်သင်းလုံး ကြိုးစားပြီး ကစားသွားခဲ့ ကြတာပါ။ ကျွန်တော် အရမ်း ကျေနပ် မိပါတယ် ”

“ အသင်းရဲ့ စည်းလှုံးမှု ကလဲ အံ့မခန်းပါပဲ‌ဗျ ။ အသင်းကြီး တစ်သင်းလို ခံစားမှုမျိုး အချိန်တိုင်းရနေတယ် ။ ကစားသမားတိုင်း ‌ကို ယုံကြည်မှု ရှိရှိ ကစားနိုင်စေတဲ့ စည်းလုံးမှုကို ကျွန်တော်တို့ ပိုင်ဆိုင် ထားတယ် ။ ပွဲကစားတယ် ၊ လေ့ကျင့်တယ် ၊ အနားယူတယ် ၊ လေ့ကျင့်ရေး မှာ အသင်း တိုးတက်ဖို့ တိုင်ပင် ကြတယ် ။ အရမ်းကျေနပ်ပါတယ် ”

“ ဘောလုံးက တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု ရှိမှ ကစားရတာဗျ။ အခုက ယူနိုက်တက်က မိသားစု တစ်ခုလိုပဲ ။ ကစားသမား တိုင်း အဆက်အသွယ် အမြဲရှိနေပြီး အသင်းရဲ့ အဝတ်လဲ ခန်းမှာလဲ အနိုင်ကစားဖို့ အမြဲတိုင်ပင်နေကြ တာပါ ”

ဒီဂီယာ နဲ့ စပိန် အသင်း‌ဖော် ထရာအိုရေးတို့  ကွင်းအတွင်း ထိခိုက်မှု ဖြစ်ပွာ းခဲ့ပါတယ်။ “ ဝိုး …ကျွန်တော်ကတော့ ကွင်းထဲ လဲနေရတာပဲဗျို့ ၊ သူက ပရီးမီးယားလိဂ် ရဲ့ အသန်မာဆုံး ကစားသမား ထဲက တစ်ယောက်ပါ ။ ကျွန်တော်ရဲ့ လက်မောင်းနဲ့ ဗိုက် ကတော့ အတော် နာသွားခဲ့ပေမယ့် အဆင်ပြေ ပါတယ်။ သူလဲ ကျွန်တော့်ကို တောင်းပန် ခဲ့ပါတယ်။ အသင်းနိုင် သွားတော့ ပိုပြီး အဆင်ပြေ တာပေါ့ “