Spots news

ဆန်ချိုအပြောင်းအရွေ့ ၈၀ ရာနှုန်းခန့်အောင်မြင်ပြီး ကျန် ၂၀ ရာနှုန်းမှာ ဒစ်လည်နေတဲ့ မန်ယူ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိပြီးဖြစ်တဲ့အပြင် ၎င်းရဲ့ အေးဂျင့်ဖြစ်သူတွေအတွက် အေးဂျင့်ကြေးပါ

သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒေါ့မွန်အသင်းဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပမာဏကြောင့်သာ ဆန်ချို နဲ့ ယူနိုက်တက်ကြားက အပြောင်းအရွေ့မှာ ကြာမြင့်နေခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ရာသီ အပြောင်းအရွေ့ ကတည်းက ဆန်ချိုကို ခေါ်ယူဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပြီး ဒေါ့မွန်အသင်းဘက်က တောင်းဆိုတဲ့ ပေါင်း သန်း ၁၂၀ ပမာဏဟာ များပြားလွန်းတာကြောင့်

ယူနိုက်တက်ဘက်က မပေးချေ လိုရာကနေ အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပါတယ်။ ဒီရာသီမှာ ဒေါ့မွန်ဘက်က ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို လျှော့ချပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ပထမအကြိမ် ကမ်းလှမ်းမှုကို ပယ်ချခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်ဘက်က ယခု အပြောင်းအရွေ့မှာ ယူရို သန်း ၈၀ (ပေါင် ၆၇ သန်း)  နဲ့ ဆန်ချိုကို ကမ်းလှမ်းခဲ့ပေမယ့် ဒေါ့မွန်အသင်းဘက်ကတော့ ကစားသမား အတွက် ယူရို ၉၅ သန်း (ပေါင် ၈၁ သန်းနီးပါး) လောက် အလိုရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုအပြင် လာမယ့်ရာသီအတွက် ကစားသမား အင်အားဖြည့်တင်းမှုပြုလုပ်ဖို့ ကစားသမားအသစ် တွေခေါ်ယူဖို့
ကျန်ရှိ နေသေးသလို

ပေါ့ဘာကို စာချုပ်သက်တမ်း နဲ့ လစာတိုးပေးဖို့လည်း ညှိနှိုင်းနေရတာကြောင့် ငွေကြေး အသုံးစရိတ်ပိုင်းမှာ စီစစ်နေရတဲ့ အခြေအနေ ဖြစ်လို့နေပါတယ်။

ယူနိုက်ဘက်က ဆန်ချိုကို ၅ နှစ်စာချုပ် ချုပ်ဆိုပြီး ပြောင်းရွှေ့ကြေးကိုလည်း အဆိုပါ ၅ နှစ်အတွင်း ပေးချေသွားဖို့ ဆန္ဒရှိပေမယ့် ဒေါ့မွန်ဘက်ကတော့ ပြောင်းရွှေ့ကြေးကို ၄ နှစ်အတွင်းမှာ အပြီးသတ် ရယူလိုတာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ဒေါ့မွန်အသင်းတို့ကြား ပြောင်းရွှေ့ကြေး ပမာဏနဲ့ ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးသွားရဖို့ ရှိနေပြီး ဆန်ချိုမှလဲ ယူနိုက်တက်ကို ပြောင်းရွေ့လိုနေတဲ့အတွက် ဒေါ့မွန်ရဲ့ တင်းမာမှုကို စိတ်ပျက်လျက်ရှိ နေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ ကစားသမားနဲ႕ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိၿပီးျဖစ္တဲ့အျပင္ ၎ရဲ႕ ေအးဂ်င့္ျဖစ္သူေတြအတြက္ ေအးဂ်င့္ေၾကးပါ

သေဘာတူညီမႈ ရရွိထားၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေဒါ့မြန္အသင္းဘက္က ေတာင္းဆိုတဲ့ ေျပာင္းေ႐ႊ႕ေၾကး ပမာဏေၾကာင့္သာ ဆန္ခ်ိဳ နဲ႕ ယူနိုက္တက္ၾကားက အေျပာင္းအေ႐ြ႕မွာ ၾကာျမင့္ေနခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ရာသီအေျပာင္းအေ႐ြ႕ကတည္းက ဆန္ခ်ိဳကို ေခၚယူဖို႔ ျပင္ဆင္ခဲ့တာ ျဖစ္ၿပီး ေဒါ့မြန္အသင္းဘက္က ေတာင္းဆိုတဲ့ ေပါင္း သန္း ၁၂၀ ပမာဏဟာ မ်ားျပားလြန္းတာေၾကာင့္

ယူနိုက္တက္ဘက္က မေပးေခ်လိဳရာကေန အေျပာင္းအေ႐ႊ႕က ပ်က္ျပယ္ခဲ့ရပါတယ္။ ဒီရာသီမွာ ေဒါ့မြန္ဘက္က ဆန္ခ်ိဳဘက္အတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ေလွ်ာ့ခ်ေပးဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္ ယူနိုက္တက္ရဲ႕ ပထမအႀကိမ္ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တာပါ။

မန္ခ်က္စတာ ယူနိုက္တက္ဘက္က ယခု အေျပာင္းအေ႐ြ႕မွာ ယူရို သန္း ၈၀ (ေပါင္ ၆၇ သန္း)  နဲ႕ ဆန္ခ်ိဳကို ကမ္းလွမ္းခဲ့ေပမယ့္ ေဒါ့မြန္အသင္းဘက္ကေတာ့ ကစားသမားအတြက္ ယူရို ၉၅ သန္း (ေပါင္ ၈၁ သန္းနီးပါး) ေလာက္ အလိုရွိေနတာျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ဆန္ခ်ိဳအျပင္ လာမယ့္ရာသီအတြက္ ကစားသမား အင္အားျဖည့္တင္းမႈျပဳလုပ္ဖို႔ ကစားသမားအသစ္ေတြေခၚယူဖို႔
က်န္ရွိေနေသးသလို ေပါ့ဘာကို စာခ်ဳပ္သက္တမ္း နဲ႕ လစာတိုးေပးဖို႔လည္း ညွိႏွိုင္းေနရတာေၾကာင့္ ေငြေၾကး အသုံးစရိတ္ပိုင္းမွာ စီစစ္ေနရတဲ့ အေျခအေနျဖစ္လို႔ေနပါတယ္။

ယူနိုက္ဘက္က ဆန္ခ်ိဳကို ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး ေျပာင္းေ႐ႊ႕ေၾကးကိုလည္း အဆိုပါ ၅ ႏွစ္အတြင္း ေပးေခ်သြားဖို႔ ဆႏၵရွိေပမယ့္ ေဒါ့မြန္ဘက္ကေတာ့ ေျပာင္းေ႐ႊ႕ေၾကးကို ၄ ႏွစ္အတြင္းမွာ အၿပီးသတ္ရယူလိုတာျဖစ္ပါတယ္။

ယူနိုက္တက္နဲ႕ ေဒါ့မြန္အသင္းတို႔ၾကား ေျပာင္းေ႐ႊ႕ေၾကး ပမာဏနဲ႕ ပတ္သက္ၿပီး အႀကိတ္အနယ္ေဆြးေႏြးသြားရဖို႔ရွိေနၿပီး ဆန္ခ်ိဳမွလဲ ယူနိုက္တက္ကို ေျပာင္းေ႐ြ႕လိုေနတဲ့အတြက္ ေဒါ့မြန္ရဲ႕ တင္းမာမႈကို စိတ္ပ်က္လ်က္ရွိေနပါတယ္။