Spots news

ရော်နယ်ဒိုကို ခေါ်ယူဖို့ မြင့်မားတဲ့ လစာငွေနဲ့ ကမ်းလှမ်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်‌

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တစ်ချိန်က အသင်းနဲ့ အတူ အောင်မြင်မှုတွေ ရယူခဲ့တဲ့ ကစားသမားဟောင်း ရော်နယ်လ်ဒိုကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေပြီး

တစ်နှစ်လလုပ်ခ လစာငွေ ပေါင် (၁၇)သန်းဖြင့် ကမ်းလှမ်းမှု ပြလုပ်ထားကြောင်း အီတလီအခြေစိုက် သတင်း မီဒီယာများက ဖော်ပြသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းနဲ့ စာချုပ် သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာကို ဂျူဗင်တပ်အသင်းသို့ အလိုက်ပေးပြီး

အသင်းရဲ့ကစားသမားဟောင်း ရော်နယ်လ်ဒိုကို ခေါ်ယူရန် စီစဉ်နေကြောင်း အီတလီ သတင်းစာများ ကဖော်ပြခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းတွင် အနာဂတ် လှုပ်ခတ်နေသည့် ကစားသမားတစ်ဦးဖြစ်ပါတယ် ။ သို့ပေမယ့် ရော်နယ်ဒိုဟာ မန်ယူနိုက်တက် အသင်းသို့

ပြန်လည်ပြောင်းရွှေ့ရန်ထက် ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းသို့ သွားရောက် ကစားရန်သာ ပိုမိုဆန္ဒရှိနေကြောင်း Gazzetta Dello Sport သတင်းစာက ဖော်ပြခဲ့ပါတယ်။

သို့သော် လက်ရှိ အချိန်အထိ ရော်နယ်လ်ဒိုကို ခေါ်ယူရန် PSG အသင်းထံမှ လှုပ်ရှားမှုမရှိသေးကြောင်း သိရှိရပါတယ်။ ရော်နယ်လ်ဒိုအား ခေါ်ယူရန် အသင်းဟောင်းများ

ဖြစ်ကြတဲ့ ရီးရဲလ် မက်ဒရစ်အသင်းနှင့် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်း အသင်းတို့ ကလည်း စိတ်ဝင်စား နေကြောင်း သိရပါတယ်။

Zawgyi Version



