Knowledge

နှစ်ပေါင်း ၆၀ ရေမချိုးတဲ့ ကမ္ဘာအညစ်ပတ်ဆုံး လူကြီး

Unicode Version

သူအကြောင်း ကတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်တည်းက လိုင်းပေါ်မှာ ပြန့်နှံ့နေတာဖြစ်တဲ့အတွက် သိတဲ့သူ တွေလည်း သိကြမှာပါ။ ဟုတ်ပါတယ်..သူဟာ အီရန်လူမျိုး အသက် ၈၂ နှစ်အရွယ် အဘိုးအို Amoo Hadji ဖြစ်ပါတယ်။ အီရန်နိုင်ငံ တောင်ပိုင်းက Dejgah ဆိုတဲ့ရွာငယ်လေးမှာ နေထိုင်သူ ဖြစ်ပါတယ်။ သူဟာ ရေမချိုးတဲ့ နေရာမှာ နှစ်ပေါင်း ၃၈နှစ် ရေမချိုးတဲ့ အိန္ဒိယလူမျိုး Kailash Singh ကိုကျော်ဖြတ်ပြီး ခန္ဓာကိုယ် အညစ်ပတ်ဆုံ းလူသားအဖြစ် စံချိန်တင်ထားသူ ဖြစ်ပါတယ်။

ဒီလို ရေမချိုးတာလည်း ရည်ရွယ်ချက် တစ်ခုခုကြောင့် မဟုတ်ပဲ သူ့အကြောင်းနဲ့ သူဖြစ်ပါတယ်။ သူရဲ့ခန္ဓာကိုယ်ဟာ ရေနဲ့ ဓာတ်မတည့်သူလို့ ခံယူထားသူ ဖြစ်ပြီး ရေနဲ့ သန့်ရှင် းလိုက်တာနဲ့ ရောဂါတွေ ဝင်လာတယ်လို့ သူက ဆိုပါတယ်။ ဒါဟာ သူ နှစ်ပေါင်း ၆၀ ကျော် ရေမချိုးတဲ့ အကြောင်းရင် းဖြစ်ပါတယ်။သူ့ရဲ့အသားအရောင်ဟာ မြေကြီးရောင်နဲ့ ထပ်တူဖြစ်နေတာကို မြင်တွေ့ရမှာပါ။ တကယ်လို့ သူသာ ငြိမ်ငြိမ်လေးထိုင်နေ ရပ်နေမယ်ဆိုရင် အားလုံးက ကျောက်ရုပ်တစ်ရုပ် လို့ပဲ ထင်မိကြမှာပါ။ သူဟာ တစ်ကိုယ်တည်းနေတဲ့ လူပျိုကြီးလည်း ဖြစ်ပါတယ်။

သူဟာ ရေချိုးခြင်းကို မုန်းပါတယ်။ ဒါအပြင့် လတ်ဆတ်တဲ့ အစားအစာတွေကိုလည်း မုန်းပါတယ်။ သူအကြိုက်ဆုံး အစားအစာတွေက အပုတ်အသိုး အဆွေးအမြေ့တွေ ဖြစ်ပါတယ်။ ရေကိုမုန်းတဲ့သူဟာ ကျန်းမာရေးအတွက် ရေ ငါးလီတာကို နေ့စဉ် သောက်ပါတယ်။ ဒီလို သောက်တဲ့နေရာမှာလည်း ညစ်ပတ်နေတဲ့သူရဲ့ သံခွက်ကြီးတစ်ခွက်နဲ့  သောက်လေ့ ရှိတာပါ။သူဟာ ဆေးတံ သောက်ရတာ ကိုလည်း အလွန်ကြိုက်ပါတယ်။ ဒီလို သောက်တဲ့နေရာမှာ ဆေးရွက်ကြီးကို ထည့်မသောက်ပဲ တိရစ္ဆာန်တွေရဲ့မစင်တွေကို ထည့်ပြီး သောက်တတ်ပါတယ်။ သူဆံပင်တွေရှည်လာရင်လည်း ညှပ်မပစ်ပါဘူး ၊ ဆံပင်ကိုမီးနဲ့ရှို့ပြီး ငြိမ်းသတ်လေ့ ရှိပါတယ်။ သူ့မှာ စစ်ဦးထုပ်အဟောင်းကြီး တစ်လုံးရှိပြီး ဆောင်းရာသီမှာ ဆောင်းလေ့ရှိပါတယ်။

သူ့မှာ အိမ်မရှိပါဘူး။ ကမ္ဘာကြီးက သူ့အိမ်လို့ခံယူထားသူပါ။ သူဟာ အများအားဖြင့် သုသာန်က မြေကျင်းတွေထဲမှာ နေတတ်လေ့ရှိပြီး တခါတရံမှာတော့ ရွာသားတွေက သူ့အတွက် အုတ်နဲ့ဆောက်ပေးထားတဲ့ အိမ်ထဲမှာ အိပ်တတ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒါဟာ တခါတရံပါ။ သူဟာ ဒီလို ထူးဆန်းတဲ့ ဘဝပုံစံမှ ာနေတတ်သူဖြစ်ပါတယ်။ ရွာသားတွေရဲ့ အဆိုအရတော့ သူအသက် ၂၀ ဝန်းကျင်မှာ စိတ်ထိခိုက်စရာ ကြီးကြီးမားမား ကြုံခဲ့ရပြီး အဲဒီအချိန်ကစလို့ သူ့ရဲ့ခံယူချက်တွေ အမြင်တွေ ပြောင်းလဲသွားတာ လို့သိရပါတယ်။

သူ့အယူအဆနဲ့  သူကတော့ မှန်တယ်လို့ ထင်ရမှာပါ။ နေချင်သလို နေပေမယ့် အသက် ၈၀ကျော် ဝန်းကျင်မှာ ကျန်းကျန်းမာမာ ရှိနေတုန်းပါ။ သူ့မှာ ဘာမှဆုံးရှုံးစရာ မရှိတဲ့အတွက် သူဟာ အပျော်ဆုံးလူသားလို့ ခံယူထားသူဖြစ်ပါတယ်။ သူဟာ ဘာကိုမှ ဂရုမစိုက်တတ်သလို ဘာကိုမှလည်း မကြောက်တတ်ပဲ အမြဲပျော်ပျော်ရွှင်ရွင် နေနေလေ့ရှိတဲ့ ရှာမှရှား လူသားတစ်ဦးဖြစ်ပါတယ်။

Zawgyi Version

သူအေၾကာင္းကေတာ့ လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္တည္းက လိုင္းေပၚမွာျပန႔္ႏွံ႕ေနတာျဖစ္တဲ့အတြက္ သိတဲ့သူေတြလည္း သိၾကမွာပါ။ ဟုတ္ပါတယ္..သူဟာ အီရန္လူမ်ိဳး အသက္ ၈၂ ႏွစ္အ႐ြယ္ အဘိုးအို Amoo Hadji ျဖစ္ပါတယ္။ အီရန္နိုင္ငံ ေတာင္ပိုင္းက Dejgah ဆိုတဲ့႐ြာငယ္ေလးမွာ ေနထိုင္သူျဖစ္ပါတယ္။ သူဟာ ေရမခ်ိဳးတဲ့ေနရာမွာ ႏွစ္ေပါင္း ၃၈ႏွစ္ ေရမခ်ိဳးတဲ့ အိႏၵိယလူမ်ိဳး Kailash Singh ကိုေက်ာ္ျဖတ္ၿပီး ခႏၶာကိုယ္ အညစ္ပတ္ဆုံးလူသားအျဖစ္ စံခ်ိန္တင္ထားသူျဖစ္ပါတယ္။

ဒီလိုေရမခ်ိဳးတာလည္း ရည္႐ြယ္ခ်က္တစ္ခုခုေၾကာင့္ မဟုတ္ပဲ သူ႕အေၾကာင္းနဲ႕ သူျဖစ္ပါတယ္။ သူရဲ႕ခႏၶာကိုယ္ဟာ ေရနဲ႕ ဓာတ္မတည့္သူလို႔ ခံယူထားသူျဖစ္ၿပီး ေရနဲ႕ သန႔္ရွင္းလိုက္တာနဲ႕ ေရာဂါေတြဝင္လာတယ္လို႔ သူက ဆိုပါတယ္။ ဒါဟာ သူ ႏွစ္ေပါင္း ၆၀ ေက်ာ္ ေရမခ်ိဳးတဲ့ အေၾကာင္းရင္းျဖစ္ပါတယ္။သူ႕ရဲ႕အသားအေရာင္ဟာ ေျမႀကီးေရာင္နဲ႕ ထပ္တူျဖစ္ေနတာကို ျမင္ေတြ႕ရမွာပါ။ တကယ္လို႔ သူသာ ၿငိမ္ၿငိမ္ေလးထိုင္ေန ရပ္ေနမယ္ဆိုရင္ အားလုံးက ေက်ာက္႐ုပ္တစ္႐ုပ္လို႔ပဲ ထင္မိၾကမွာပါ။ သူူဟာတစ္ကိုယ္တည္းေနတဲ့ လူပ်ိဳႀကီးလည္းျဖစ္ပါတယ္။

သူဟာ ေရခ်ိဳးျခင္းကို မုန္းပါတယ္။ ဒါအျပင့္ လတ္ဆတ္တဲ့အစားအစာေတြကိုလည္း မုန္းပါတယ္။ သူအႀကိဳက္ဆုံးအစားအစာေတြက အပုတ္အသိုး အေဆြးအေျမ့ေတြျဖစ္ပါတယ္။ ေရကိုမုန္းတဲ့သူဟာ က်န္းမာေရးအတြက္ေရ ငါးလီတာကို ေန႕စဥ္ေသာက္ပါတယ္။ ဒီလိုေသာက္တဲ့ေနရာမွာလည္း ညစ္ပတ္ေနတဲ့သူရဲ႕သံခြက္ႀကီးတစ္ခြက္နဲ႕ ေသာက္ေလ့ရွိတာပါ။သူဟာ ေဆးတံေသာက္ရတာကိုလည္း အလြန္ႀကိဳက္ပါတယ္။ ဒီလိုေသာက္တဲ့ေနရာမွာ ေဆး႐ြက္ႀကီးကိုထည့္မေသာက္ပဲ တိရစာၦန္ေတြရဲ႕မစင္ေတြကို ထည့္ၿပီးေသာက္တတ္ပါတယ္။ သူဆံပင္ေတြရွည္လာရင္လည္း ညွပ္မပစ္ပါဘူး ၊ ဆံပင္ကိုမီးနဲ႕ရွို႔ၿပီး ၿငိမ္းသတ္ေလ့ရွိပါတယ္။ သူ႕မွာ စစ္ဦးထုပ္အေဟာင္းႀကီးတစ္လုံးရွိၿပီး ေဆာင္းရာသီမွာ ေဆာင္းေလ့ရွိပါတယ္။

သူ႕မွာ အိမ္မရွိပါဘူး။ ကမာၻႀကီးက သူ႕အိမ္လို႔ခံယူထားသူပါ။ သူဟာ အမ်ားအားျဖင့္ သုသာန္က ေျမက်င္းေတြထဲမွာ ေနတတ္ေလ့ရွိၿပီး တခါတရံမွာေတာ့ ႐ြာသားေတြက သူ႕အတြက္ အုတ္နဲ႕ေဆာက္ေပးထားတဲ့ အိမ္ထဲမွာ အိပ္တတ္ေလ့ရွိပါတယ္။ ဒါေပမယ့္ ဒါဟာ တခါတရံပါ။ သူဟာ ဒီလို ထူးဆန္းတဲ့ ဘဝပုံစံမွာေနတတ္သူျဖစ္ပါတယ္။ ႐ြာသားေတြရဲ႕အဆိုအရေတာ့ သူအသက္ ၂၀ ဝန္းက်င္မွာ စိတ္ထိခိုက္စရာ ႀကီးႀကီးမားမား ႀကဳံခဲ့ရၿပီး အဲဒီအခ်ိန္ကစလို႔ သူ႕ရဲ႕ခံယူခ်က္ေတြ အျမင္ေတြေျပာင္းလဲသြားတာ လို႔သိရပါတယ္။

သူ႕အယူအဆနဲ႕ သူကေတာ့ မွန္တယ္လို႔ ထင္ရမွာပါ။ ေနခ်င္သလိုေနေပမယ့္ အသက္ ၈၀ေက်ာ္ ဝန္းက်င္မွာ က်န္းက်န္းမာမာ ရွိေနတုန္းပါ။ သူ႕မွာ ဘာမွဆုံးရႈံးစရာမရွိတဲ့အတြက္ သူဟာ အေပ်ာ္ဆုံးလူသားလို႔ ခံယူထားသူျဖစ္ပါတယ္။ သူဟာ ဘာကိုမွ ဂ႐ုမစိုက္တတ္သလို ဘာကိုမွလည္းမေၾကာက္တတ္ပဲ အၿမဲေပ်ာ္ေပ်ာ္႐ႊင္႐ြင္ေနေနေလ့ရွိတဲ့ ရွာမွရွားလူသားတစ္ဦးျဖစ္ပါတယ္။