Spots news

ပရီးမီးယားလိဂ်ရဲ့ လစာငွေအများဆုံးကစားသမားစာရင်းမှာ ပါဝင်လာဖို့ရှိတဲ့ ဆန်ချို

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေ့ါမွန်အသင်းတောင်ပံတိုက်စစ် ကစားသမားဆန်ချိုကို ခေါ်ယူနိုင်ဖို့နီးစပ်နေပြီး တကယ်လို့ အပြီးသတ် စာချုပ်ချုပ်ဆို နိုင်ခဲ့မယ်ဆိုရင်

ဆန်ချိုဟာ မြင့်မားတဲ့ လစာငွေရရှိမှ ာဖြစ်တာကြောင့် ယူနိုက်တက်အသင်းမှာသာမက ပရီးမီးယားလိဂ်ရဲ့လစာငွေအများဆုံး ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဆန်ချိုကို ပေါင်(၆၇)သန်းနဲ့
တရားဝင်စတင်ကမ်းလှမ်းခဲ့ပေမယ့် ဒေ့ါမွန်အသင်းက ပေါင်သန်း(၈၀)အထိ အလိုရှိနေတာကြောင့် ယူနိုက်တက်ရဲ့ကမ်းလှမ်းကို ပယ်ချခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆန်ချိုရဲ့အပြောင်းအရွှေ့အတွက် ဒေ့ါမွန်အသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းလို့မရသေးပေမယ့် ကစားသမားနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီး

ဗြိတိန်နာမည်ကျော်သတင်းစာ The Guardian က ယူနိုက်တက် အသင်းဟာ ဆန်ချိုကို (၅)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်သလို တစ်ပတ်ကို ပေါင်(၃၅၀,၀၀၀)ဝန်းကျင်ပေးချေမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

တကယ်လို့ The Guardian သတင်းစာကဖော်ပြတဲ့အတိုင်း အမှန်တကယ် ဖြစ်လာရင် ဆန်ချိုဟာ ယူနိုက်တက်အသင်းရဲ့လစာငွေအများဆုံးကစားသမားအဖြစ်

တစ်ပတ်ကိုပေါင်(၃၇၅,၀၀၀) အထိရရှိနေတဲ့ ဂိုးသမားဒီဂီယာပြီးရင် ဒုတိယမြောက်လစာအများဆုံးဖြစ်လာမှာပါ။

ဒါ့အပြင် ဆန်ချိုဟာ ပရီးမီးယားလိဂ်ရဲ့ လစာငွေအများဆုံးကစားသမားစာရင်းမှာ ဒီဂီယာ၊ အူဘာမီယန်း(ပေါင် ၃၅၀,၀၀၀)၊ စတာလင် (ပေါင် ၃၀၀,၀၀၀)၊ ဒီဘရိုင်း (ပေါင် ၃၀၀,၀၀၀)တို့နဲ့အတူ တစ်ဦးအပါအဝင်အဖြစ် ရပ်တည်နိုင်မှာလည်းဖြစ်ပါတယ်။

Zawgyi Version

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းတောင်ပံတိုက်စစ် ကစားသမားဆန်ချိုကို ခေါ်ယူနိုင်ဖို့နီးစပ်နေပြီး တကယ်လို့ အပြီးသတ်

တရားဝင်စတင်ကမ်းလှမ်းခဲ့ပေမယ့် ဒေါ့မွန်အသင်းက ပေါင်သန်း(၈၀)အထိ အလိုရှိနေတာကြောင့် ယူနိုက်တက်ရဲ့ကမ်းလှမ်းကို ပယ်ချခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆန်ချိုရဲ့အပြောင်းအရွှေ့အတွက် ဒေါ့မွန်အသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းလို့မရသေးပေမယ့် ကစားသမားနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီး ဗြိတိန်နာမည်ကျော်သတင်းစာ The Guardian က ယူနိုက်တက် အသင်းဟာ ဆန်ချိုကို (၅)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်သလို တစ်ပတ်ကို ပေါင်(၃၅၀,၀၀၀)ဝန်းကျင်ပေးချေမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

