Unicode Version
မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာအသင်းအတွက်ခြေစွမ်းပြ ကစားနေသူ ကွင်းလယ်ကစားသမား တိုင်လေစမန်းကို ခေါ်ယူဖို့စိတ်ဝင်စားနေ တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်ကွင်းလယ်လူ တိုင်လေစမန်းဟာ ၂၀၁၉ ခုနှစ်မှာ မိုနာကိုအသင်းကနေ လက်စတာအသင်းဆီအငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး လက်စတာအသင်းက သူ့ခြေစွမ်းကို ကြိုက်နှစ်သက်တာကြောင့် အဲဒီနှစ်ကုန်မှာပဲအပြီးသတ်ခေါ်ယူခဲ့တာပါ။
တိုင်လေစမန်းဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီမှာ လက်စတာအသင်းအတွက် အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပြီး FA ဖလားချန်ပီယံဖြစ်အောင် ကူညီပေးခဲ့တဲ့အပြင် အမှတ်ပေးဇယား အဆင့်(၅)နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်စတာအသင်းမှာ တိုင်လေစမန်း အငှားနဲ့ လာကစားခဲ့ချိန်ကတည်းက သူ့ကိုခေါ်ယူဖို့ပစ်မှတ်ထားခဲ့ပေမယ့် ကစားသမားက လက်စတာအသင်းနဲ့အပြီးသတ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
တိုင်လေစမန်းအနေနဲ့ လာမယ့်ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်း နဲ့အတူ ခြေစွမ်းပြနိုင်မယ်ဆိုရင်တော့ ထိပ်သီးအသင်းတွေက သူ့ကို ပစ်မှတ်ထားဖို့ရှိနေပြီး တိုင်လေစမန်းကလည်း အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ကစားမယ့်အနေအထားပါပဲ။
တိုင်လေစမန်းရဲ့ လက်ရှိဈေးကွက် ပေါက်ကြေးက ယူရို(၆၅)သန်းရှိတာကြောင့် ယူနိုက်တက်အသင်း အဲဒီပမာဏကို ပေးချေဖို့ဆန္ဒရှိပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါ။
Zawgyi Version
မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လက္စတာအသင္းအတြက္ေျခစြမ္းျပ ကစားေနသူ ကြင္းလယ္ကစားသမား တိုင္ေလစမန္းကို ေခၚယူဖို႔စိတ္ဝင္စားေန တယ္လို႔ သတင္းထြက္ေပၚေနပါတယ္။
အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္ကြင္းလယ္လူ တိုင္ေလစမန္းဟာ ၂၀၁၉ ခုႏွစ္မွာ မိုနာကိုအသင္းကေန လက္စတာအသင္းဆီအငွားနဲ႕ေျပာင္းေ႐ႊ႕ခဲ့ၿပီး လက္စတာအသင္းက သူ႕ေျခစြမ္းကို ႀကိဳက္ႏွစ္သက္တာေၾကာင့္ အဲဒီႏွစ္ကုန္မွာပဲအၿပီးသတ္ေခၚယူခဲ့တာပါ။
တိုင္ေလစမန္းဟာ ၿပီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီမွာ လက္စတာအသင္းအတြက္ အေကာင္းဆုံးပုံစံျပသနိုင္ခဲ့ၿပီး FA ဖလားခ်န္ပီယံျဖစ္ေအာင္ ကူညီေပးခဲ့တဲ့အျပင္ အမွတ္ေပးဇယား အဆင့္(၅)ေနရာမွာ ရပ္တည္နိုင္ေအာင္ စြမ္းေဆာင္နိုင္ခဲ့ပါတယ္။
ယူနိုက္တက္အသင္းဟာ လက္စတာအသင္းမွာ တိုင္ေလစမန္း အငွားနဲ႕ လာကစားခဲ့ခ်ိန္ကတည္းက သူ႕ကိုေခၚယူဖို႔ပစ္မွတ္ထားခဲ့ေပမယ့္ ကစားသမားက လက္စတာအသင္းနဲ႕အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။
တိုင္ေလစမန္းအေနနဲ႕ လာမယ့္ယူရို-၂၀၂၀ ၿပိဳင္ပြဲမွာ ဘယ္လ္ဂ်ီယံအသင္း နဲ႕အတူ ေျခစြမ္းျပနိုင္မယ္ဆိုရင္ေတာ့ ထိပ္သီးအသင္းေတြက သူ႕ကို ပစ္မွတ္ထားဖို႔ရွိေနၿပီး တိုင္ေလစမန္းကလည္း အသင္းႀကီးတစ္သင္းကို ေျပာင္းေ႐ႊ႕ကစားမယ့္အေနအထားပါပဲ။
တိုင္ေလစမန္းရဲ႕ လက္ရွိေဈးကြက္ ေပါက္ေၾကးက ယူရို(၆၅)သန္းရွိတာေၾကာင့္ ယူနိုက္တက္အသင္း အဲဒီပမာဏကို ေပးေခ်ဖိဳ႕ဆႏၵရွိပါ့မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။