Spots news

ဟာလန်းကို ခေါ်ယူဖို့ သဘောတူညီချက်ရယူနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ချန်ပီယံ ချယ်လ်ဆီး

Unicode Version

ချယ်လ်ဆီးအသင်းဟာ အသက်(၂၀)အရွှယ်ရှိ နော်ဝေကြယ်ပွင့် တိုက်စစ်ကစားသမား ဟာလန်းကို အသင်းဆီ အရခေါ်ယူဖို့အတွက် ကစားသမားနဲ့ ချယ်လ်ဆီး အသင်းတို့ကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ကို

ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ဟာလန်းရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် ချယ်လ်ဆီးနဲ့ ဒေါ့မွန်အသင်း တို့ရဲ့ကြား ပြောင်းရွှေ့ကြေးကိုသာ ညှိ့နှိုင်းရတော့မှာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ချယ်လ်ဆီး အသင်းဟာ နော်ဝေတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူသွားဖို့ အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀) အပါအဝင် အသင်းရဲ့ကစားသမား အေဘရာဟမ်ကို

အလိုက်ပေး ကမ်း‌လှမ်းသွားဖွယ် ရှိနေပေမယ့် ဒေါ့မွန်အသင်း ဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၅၀)ကိုသာ အလိုရှိနေပါတယ်။

သို့ပေမယ့်လည်း ချယ်လ်ဆီးဘက်က အေဘရာဟမ်အပြင် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၉၀)ခန့် လောက်နဲ့သာ ထပ်တိုး ကမ်းလှမ်းလာခဲ့မယ် ဆိုရင်တော့ ဒေါ့မွန်ဘက်ကနေ ဒီကမ်းလှမ်းချက်ကို လက်သင့်ခံ စဉ်းစားလာ နိုင်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နွေစျေးကွက် အတွင်းမှာ ဟာလန်းအပြင် ဟာလန်းရဲ့အသင်းဖော်ဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးတဲ့ မော်ရိုကိုညာနောက်ခံကစားသမား ဟာခီမီကိုပါ အင်တာမီလန်အသင်းကနေ ခေါ်ယူချင်နေပြီး

ဟာခီမီအတွက် ပြောင်းရွှေ့ကြေးအပြင် အီမာဆန် ဒါမှမဟုတ် ခရစ္စတီယန်ဆန်တို့လို နောက်ခံ ကစားသမား တစ်ဦးကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေး ကမ်းလှမ်းသွားဖို့ ပြင်ဆင်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Zawgyi Version






ချယ်လ်ဆီးအသင်းဟာ နွေဈေးကွက်အတွင်းမှာ ဟာလန်းအပြင် ဟာလန်းရဲ့အသင်းဖော်ဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးတဲ့ မော်ရိုကိုညာနောက်ခံကစားသမား ဟာခီမီကိုပါ အင်တာမီလန်အသင်းကနေ ခေါ်ယူချင်နေပြီး
