Unicode
ဘရာဇီး ဂန္တဝင်ကြီး ပီလီက ယနေ့ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား ၂ ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒို ၂ဦး ဘယ်သူ ပိုကောင်းလဲ ဆိုရာမှာ ရော်နယ်ဒိုကို ရွေးချယ် ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဖြေရှင်းချက် ပေးသွားခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့ မက်ဆီဟာ ယနေ့ ဘောလုံးလောကမှာ ခွဲခြားလို့ မရနိုင်ခဲ့တာ ဆယ်စုနှစ် တခုကျော် ကြာခဲ့ပါပြီ။ ဒါပေမယ့် ဘရာဇီး အကျော်မော် ပီလီက ဂျူဗင်တပ် စတား ရော်နယ်ဒိုဟာ မက်ဆီထက် ပိုကောင်းတယ်လို့ ထင်မိတဲ့ အချက်ကို အခုလို ပြောပြခဲ့ပါတယ်။
” ယနေ့ ဘောလုံး လောကမှာ အကောင်းဆုံး ကစားသမားက ခရစ္စတီယာနို ရော်နယ်ဒိုလို့ပဲ ဆိုရမယ်။ သူ့ကို ဘာလို့ အကောင်းဆုံးလို့ ထင်ရလဲဆိုတော့ ခြေစွမ်း ပုံမှန် ရအောင် ထိန်းထား နိုင်လို့ပါ။”
” မက်ဆီကိုတော့ မေ့ထားလို့ မရတာ မှန်ပေမယ့် သူက တိုက်စစ်မှုး စစ်စစ် တယောက် မဟုတ်ဖူးလေ။” ဆိုပြီး ပီလီက ဆိုပါတယ်။
ဒါပေမယ့် ဘယ်သူက သမိုင်းတလျောက် အကောင်းဆုံး ကစားသမား ဖြစ်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ ” အတော် ဖြေရခက်တဲ့ မေးခွန်းလို့ ဆိုမယ်။ ကျွန်တော်တို့ ဇီကို၊ရော်နယ်ဒင်ဟိုနဲ့ ရော်နယ်ဒို တို့ကို မေ့လို့မရဖူး။ ”
” ပြီးတော့ ဥရောပ တလွှားမှာ ဆိုရင် ဖရန့် ဘက်ကင်ဘောင်ဝါတို့ ဂျိုစန် ခရိုက်တို့ ရှိတယ်။ အမှား မရှိအောင် ပြောရမယ်ဆိုရင် ပီလီက အထက်က ပြောထားတဲ့ သူတွေ အားလုံးထက် ပိုကောင်းပါတယ်။” ဆိုပြီး ပီလီက ဆိုထားခဲ့ပါတယ်။
မက်ဆီဟာ ဒီဂန္တဝင် ကစားသမားကြီး ပီလီ သွင်းယူထားတဲ့ အသင်း တသင်းထဲအတွက် ၆၄၃ ဂိုး စံချိန်ကို ဗယ်လာဒိုးလစ်နဲ့ ပွဲစဉ် သွင်းဂိုးနဲ့ အတူ ၁ဂိုးအသာနဲ့ ကျော်ဖြတ်ခဲ့ပြီး မက်ဆီရဲ့ ၆၄၄ ဂိုး စံချိန်ဟာ ၂၀၂၀ အတွက် လူစိတ်ဝင်စားမှု အများဆုံး စံချိန်ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ပီလီရဲ့ ကလပ် အသင်း ဖြစ်တဲ့ ဆန်းတို့စ်ကတော့ သူတို့အသင်းရဲ့ ဂန္တဝင် ကစားသမားကြီးဟာ အများပြောနေကြသလို ၆၄၃ ဂိုး သွင်းယူထားတာ မဟုတ်ပဲ ၁၀၉၁ ဂိုးထိ သွင်းယူထားတာကြောင့် မက်ဆီရဲ့ စံချိန်ကို ကန့်ကွက် ခဲ့ပါတယ်။
ဆန်းတို့စ် အသင်းဖက်က ပီလီရဲ့ သွင်းဂိုးတွေ ဖြစ်တဲ့ ရေဗာပလိတ်၊ ဘိုကာ ဂျူနီယာ၊ ရေဆင်း၊ ရီးရဲ မက်ဒရစ်၊ ဂျူဗီ၊ လာဇီယို ၊ နာပိုလီ ၊ ဘင်ဖီကာ၊ အန်ဒါလက်တို့နဲ့ ကစားတဲ့ ချစ်ကြည်ရေးပွဲစဉ်မှာ သွင်းယူခဲတဲ့ ဂိုးတွေကို ၆၄၃ ဂိုးထဲ ထည့်မတွက် ထားဖူးလို့ ဆိုပါတယ်။
ဒါ့အပြင် အင်တာမီလန်ကို သွင်းယူထားတဲ့ သွင်းဂိုး ၈ဂိုးနဲ့ ဘာစီလိုနာ အသင်းကို သွင်းယူထားတဲ့ သွင်းဂိုး လေးဂိုးကို ထည့်သွင်း တွက်ချက် အသိမှတ် မပြုထားတဲ့ အတွက် ဆန်းတို့စ် အသင်းက မက်ဆီရဲ့ စံချိန်ကို တရားဝင် စာထုတ်ပြီး ကန့်ကွက်ခဲ့ပါတယ်။
အဆိုပါ ပွဲစဉ်တွေဟာ တရားဝင် အသင်းတွေနဲ့ တရားဝင် ဂျာစီဝတ်ကာ ကစားထားတာကြောင့် ထည့်တွက်မှ ရမယ်လို့ ဆိုခဲ့ပြီး ပီလီရဲ့ သွင်းဂိုးအမှန်ဟာ ၁၀၉၁ သာ ဖြစ်တယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
Zawgyi
ဘရာဇီး ဂႏၲဝင္ႀကီး ပီလီက ယေန႕ ေဘာလုံးေလာကရဲ႕ အေကာင္းဆုံး ကစားသမား ၂ ဦးျဖစ္တဲ့ မက္ဆီနဲ႕ ေရာ္နယ္ဒို ၂ဦး ဘယ္သူ ပိုေကာင္းလဲ ဆိုရာမွာ ေရာ္နယ္ဒိုကို ေ႐ြးခ်ယ္ ျဖစ္ခဲ့တာနဲ႕ ပတ္သက္ၿပီး ေျဖရွင္းခ်က္ ေပးသြားခဲ့ပါတယ္။
ေရာ္နယ္ဒိုနဲ႕ မက္ဆီဟာ ယေန႕ ေဘာလုံးေလာကမွာ ခြဲျခားလို႔ မရနိုင္ခဲ့တာ ဆယ္စုႏွစ္ တခုေက်ာ္ ၾကာခဲ့ပါၿပီ။ ဒါေပမယ့္ ဘရာဇီး အေက်ာ္ေမာ္ ပီလီက ဂ်ဴဗင္တပ္ စတား ေရာ္နယ္ဒိုဟာ မက္ဆီထက္ ပိုေကာင္းတယ္လို႔ ထင္မိတဲ့ အခ်က္ကို အခုလို ေျပာျပခဲ့ပါတယ္။
” ယေန႕ ေဘာလုံး ေလာကမွာ အေကာင္းဆုံး ကစားသမားက ခရစၥတီယာနို ေရာ္နယ္ဒိုလို႔ပဲ ဆိုရမယ္။ သူ႕ကို ဘာလို႔ အေကာင္းဆုံးလို႔ ထင္ရလဲဆိုေတာ့ ေျခစြမ္း ပုံမွန္ ရေအာင္ ထိန္းထား နိုင္လို႔ပါ။”
” မက္ဆီကိုေတာ့ ေမ့ထားလို႔ မရတာ မွန္ေပမယ့္ သူက တိုက္စစ္မႈး စစ္စစ္ တေယာက္ မဟုတ္ဖူးေလ။” ဆိုၿပီး ပီလီက ဆိုပါတယ္။
ဒါေပမယ့္ ဘယ္သူက သမိုင္းတေလ်ာက္ အေကာင္းဆုံး ကစားသမား ျဖစ္မလဲ ဆိုတဲ့ ေမးခြန္းကိုေတာ့ ” အေတာ္ ေျဖရခက္တဲ့ ေမးခြန္းလို႔ ဆိုမယ္။ ကြၽန္ေတာ္တို႔ ဇီကို၊ေရာ္နယ္ဒင္ဟိုနဲ႕ ေရာ္နယ္ဒို တို႔ကို ေမ့လို႔မရဖူး။ ”
” ၿပီးေတာ့ ဥေရာပ တလႊားမွာ ဆိုရင္ ဖရန႔္ ဘက္ကင္ေဘာင္ဝါတို႔ ဂ်ိဳစန္ ခရိုက္တို႔ ရွိတယ္။ အမွား မရွိေအာင္ ေျပာရမယ္ဆိုရင္ ပီလီက အထက္က ေျပာထားတဲ့ သူေတြ အားလုံးထက္ ပိုေကာင္းပါတယ္။” ဆိုၿပီး ပီလီက ဆိုထားခဲ့ပါတယ္။
မက္ဆီဟာ ဒီဂႏၲဝင္ ကစားသမားႀကီး ပီလီ သြင္းယူထားတဲ့ အသင္း တသင္းထဲအတြက္ ၆၄၃ ဂိုး စံခ်ိန္ကို ဗယ္လာဒိုးလစ္နဲ႕ ပြဲစဥ္ သြင္းဂိုးနဲ႕ အတူ ၁ဂိုးအသာနဲ႕ ေက်ာ္ျဖတ္ခဲ့ၿပီး မက္ဆီရဲ႕ ၆၄၄ ဂိုး စံခ်ိန္ဟာ ၂၀၂၀ အတြက္ လူစိတ္ဝင္စားမႈ အမ်ားဆုံး စံခ်ိန္ျဖစ္ခဲ့ပါတယ္။
ဒါေပမယ့္ ပီလီရဲ႕ ကလပ္ အသင္း ျဖစ္တဲ့ ဆန္းတို႔စ္ကေတာ့ သူတို႔အသင္းရဲ႕ ဂႏၲဝင္ ကစားသမားႀကီးဟာ အမ်ားေျပာေနၾကသလို ၆၄၃ ဂိုး သြင္းယူထားတာ မဟုတ္ပဲ ၁၀၉၁ ဂိုးထိ သြင္းယူထားတာေၾကာင့္ မက္ဆီရဲ႕ စံခ်ိန္ကို ကန႔္ကြက္ ခဲ့ပါတယ္။
ဆန္းတို႔စ္ အသင္းဖက္က ပီလီရဲ႕ သြင္းဂိုးေတြ ျဖစ္တဲ့ ေရဗာပလိတ္၊ ဘိုကာ ဂ်ဴနီယာ၊ ေရဆင္း၊ ရီးရဲ မက္ဒရစ္၊ ဂ်ဴဗီ၊ လာဇီယို ၊ နာပိုလီ ၊ ဘင္ဖီကာ၊ အန္ဒါလက္တို႔နဲ႕ ကစားတဲ့ ခ်စ္ၾကည္ေရးပြဲစဥ္မွာ သြင္းယူခဲတဲ့ ဂိုးေတြကို ၆၄၃ ဂိုးထဲ ထည့္မတြက္ ထားဖူးလို႔ ဆိုပါတယ္။
ဒါ့အျပင္ အင္တာမီလန္ကို သြင္းယူထားတဲ့ သြင္းဂိုး ၈ဂိုးနဲ႕ ဘာစီလိုနာ အသင္းကို သြင္းယူထားတဲ့ သြင္းဂိုး ေလးဂိုးကို ထည့္သြင္း တြက္ခ်က္ အသိမွတ္ မျပဳထားတဲ့ အတြက္ ဆန္းတို႔စ္ အသင္းက မက္ဆီရဲ႕ စံခ်ိန္ကို တရားဝင္ စာထုတ္ၿပီး ကန႔္ကြက္ခဲ့ပါတယ္။
အဆိုပါ ပြဲစဥ္ေတြဟာ တရားဝင္ အသင္းေတြနဲ႕ တရားဝင္ ဂ်ာစီဝတ္ကာ ကစားထားတာေၾကာင့္ ထည့္တြက္မွ ရမယ္လို႔ ဆိုခဲ့ၿပီး ပီလီရဲ႕ သြင္းဂိုးအမွန္ဟာ ၁၀၉၁ သာ ျဖစ္တယ္လို႔ ထုတ္ျပန္ ေၾကညာခဲ့ပါတယ္။