Spots news

ရီးရဲလ်က တရားဝင်ထွက်ခွာလာတဲ့ ရာမိုစ့်ကို အလွတ်နဲ့ ကမ်းလှမ်းတော့မယ့် ယူနိုက်တက်

Unicode Version

ရီးရဲလ် မက်ဒရစ် ရဲ့ ဝါရင့်နောက်ခံလူ ဆာဂျီယို ရာမိုစ့်ဟာ ၁၆ နှစ်ကြာဖြတ်သန်းခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှ ထွက်ခွါတော့မယ်လို့ အသင်းဘက်မှ အတည်ပြု ပြောကြား လိုက်ပါတယ် ။

အသင်းရဲ့ သက်တမ်းရှည် ခေါင်းဆောင် ရာမိုစ့်ဟာ ရီးရဲလ်မက်ဒရစ် နဲ့ လာမယ် ဇွန်လ ၃ဝ ရက်နေ့မှာစာချုပ် သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ် ။

ရီးရဲမက်ဒရစ် အသင်းဟာ ၎င်းကို စာချုပ်သစ်မှာ လစာ ရဲ့ ၁၀% လျော့ ယူရန် အလိုရှိခဲ့ပြီးကစားသမား ဘက်ကတော့ ရီးရဲလ် မက်ဒရစ် အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုရန်

အလို ရှိခဲ့ပြီး လစာလျော့ယူရန် လည်း အလို မရှိခဲ့တာ ကြောင့် ညှိနှိုင်းမှု အဆင်မပြေကာ အသင်းကနေ ထွက်ခွာခဲ့ခြင်း ဖြစ်တယ် လို့ သိရပါတယ်။

လက်ရှိ အချိန်မှာ ရာမို့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းများထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းလဲပါရှိနေပြီး နည်းပြဆိုလ်းရှားဟာ နောက်ခံလူ မက်ဂွိုင်းယားနဲ့ တွဲကစားဖို့

ထိပ်တန်း နောက်ခံလူ တစ်ဦး အလိုရှိနေတာ ဖြစ်ပြီး ရီးရဲလ် မက်ဒရစ်အသင်းက ထွက်ခွာလာခဲ့တဲ့ ရာမိုစ့်ဟာ ဆိုးလ်ရှားရဲ့ လိုအပ်ချက်များနဲ့ ကိုက်ညီနေသူ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ရာမိုစ့် ၊ ဗာရန်း ၊ အကီ စတဲ့ ထိပ်တန်း နောက်ခံလူတွေကို ခေါ်ယူဖို့ စောင့်ကြည့်နေပေမယ့် ရီးရဲလ်‌နောက်ခံလူ ဗာရန်း နဲ့ မန်စီးတီး နောက်ခံလူ အကီတို့ဟာ

ပြောင်းရွေ့ကြေး အမြောက်အမြား ပေးချေရမှာ ဖြစ်ပြီး လက်ရှိအချိန်မှာ ရာမိုစ့်ကတော့ အလွတ်ပြောင်းရွေ့ကြေး ဖြင့် ရရှိမှာ ဖြစ်ပါတယ်။

ရာမိုစ့်ဟာ လစာငွေ မြင့်မားတဲ့ ကစားသမားဖြစ်ပေမယ့် ရီးရဲလ်ရဲ့ စာချုပ် ပေါ်လစီကြောင့်သာ အသင်းက ထွက်ခွာခဲ့တာ ဖြစ်ပြီး ထိပ်တန်းခြေစွမ်း ရှိတဲ့ နောက်ခံလူဖြစ်ပါတယ်။ ထို့ကြောင့် ယူနိုက်တက်ဟာ

သီယာဂို ဆေးလ်ဗားကို အလွတ်နဲ့ ခေါ်ယူပြီး အကျိုးရှိခဲ့တဲ့ ချယ်လ်ဆီးရဲ့ လမ်းစဉ်ကို လိုက်ကာ ရာမိုစ့်ကို ခေါ်ယူဖို့ ပြင်ဆင် နေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနများက ဖော်ပြသွားပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္ ရဲ႕ ဝါရင့္ေနာက္ခံလူ ဆာဂ်ီယို ရာမိုစ့္ဟာ ၁၆ ႏွစ္ၾကာျဖတ္သန္းခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းမွ ထြက္ခြါေတာ့မယ္လို႔ အသင္းဘက္မွ အတည္ျပဳ ေျပာၾကားလိုက္ပါတယ္ ။

အသင္းရဲ႕ သက္တမ္းရွည္ေခါင္းေဆာင္ ရာမိုစ့္ဟာ ရီးရဲလ္မက္ဒရစ္ နဲ႕ လာမယ္ ဇြန္လ ၃ဝ ရက္ေန႕မွာစာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္ ။

ရီးရဲမက္ဒရစ္အသင္းဟာ ၎ကို စာခ်ဳပ္သစ္မွာ လစာ ရဲ႕ ၁၀% ေလ်ာ့ ယူရန္ အလိုရွိခဲ့ၿပီးကစားသမား ဘက္ကေတာ့ ရီးရဲလ္ မက္ဒရစ္ အသင္းနဲ႕ ၂ ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုရန္

အလို ရွိခဲ့ၿပီး လစာေလ်ာ့ယူရန္ လည္း အလို မရွိခဲ့တာ ေၾကာင့္ ညွိႏွိုင္းမႈ အဆင္မေျပကာ အသင္းကေန ထြက္ခြာခဲ့ျခင္း ျဖစ္တယ္ လို႔ သိရပါတယ္။

လက္ရွိ အခ်ိန္မွာ ရာမို႔ကိုေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းမ်ားထဲမွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းလဲပါရွိေနၿပီး နည္းျပဆိုလ္းရွားဟာ ေနာက္ခံလူ မက္ဂြိုင္းယားနဲ႕ တြဲကစားဖို႔

ထိပ္တန္းေနာက္ခံလူ တစ္ဦး အလိုရွိေနတာ ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းက ထြက္ခြာလာခဲ့တဲ့ ရာမိုစ့္ဟာ ဆိုးလ္ရွားရဲ႕ လိုအပ္ခ်က္မ်ားနဲ႕ ကိုက္ညီေနသူ ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ရာမိုစ့္ ၊ ဗာရန္း ၊ အကီ စတဲ့ ထိပ္တန္းေနာက္ခံလူေတြကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနေပမယ့္ ရီးရဲလ္‌ေနာက္ခံလူ ဗာရန္း နဲ႕ မန္စီးတီး ေနာက္ခံလူ အကီတို႔ဟာ

ေျပာင္းေ႐ြ႕ေၾကး အေျမာက္အျမား ေပးေခ်ရမွာ ျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ရာမိုစ့္ကေတာ့ အလြတ္ေျပာင္းေ႐ြ႕ေၾကး ျဖင့္ ရရွိမွာ ျဖစ္ပါတယ္။

ရာမိုစ့္ဟာ လစာေငြ ျမင့္မားတဲ့ ကစားသမားျဖစ္ေပမယ့္ ရီးရဲလ္ရဲ႕ စာခ်ဳပ္ ေပၚလစီေၾကာင့္သာ အသင္းက ထြက္ခြာခဲ့တာ ျဖစ္ၿပီး ထိပ္တန္းေျခစြမ္း ရွိတဲ့ ေနာက္ခံလူျဖစ္ပါတယ္။ ထို႔ေၾကာင့္ ယူနိုက္တက္ဟာ

သီယာဂိုေဆးလ္ဗားကို အလြတ္နဲ႕ ေခၚယူၿပီး အက်ိဳးရွိခဲ့တဲ့ ခ်ယ္လ္ဆီးရဲ႕ လမ္းစဥ္ကို လိုက္ကာ ရာမိုစ့္ကို ေခၚယူဖို႔ ျပင္ဆင္ေနေၾကာင္း ၿဗိတိန္ အေျခစိုက္ သတင္းဌာနမ်ားက ေဖာ္ျပသြားပါတယ္။