Spots news

ဥရောပပြိုင်ပွဲဝင်ခွင့်မရပေမယ့် လက်မှတ်ဈေးမလျော့တဲ့ အာဆင်နယ်ကို ပရိတ်သတ်တွေ ဒေါသထွက်

Unicode Version

အာဆင်နယ်အသင်းဟာ လာမည့် ၂၀၂၁-၂၂ ဘောလုံးရာသီတွင် ဥရောပဝင်ခွင့်ရရှိမည်မဟုတ်သော်လည်း အသင်းက လက်မှတ်စျေးနှုန်းများကို

လျှော့ချခြင်း မရှိသဖြင့် အသင်းအားပေးသူပရိသတ်များဟာ အသင်းတာဝန်ရှိ သူများအား ဒေါသထွက် နေကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းဟာ ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အဆင့် (၈)သာ ရရှိခဲ့ပြီးလာမည့် ရာသီ၌ မည်သည့် ဥရောပပြိုင်ပွဲကိုမှ ပါဝင် ကစားခွင့် ရမည်မဟုတ်ပါဘူး။

ထို့ကြောင့် ဥရောပပွဲများ မကစားရ၍ ယခင်ရာသီများထက် ပွဲလျော့နည်းသွား မည်ဖြစ်‌ပေမယ့် အသင်းရဲ့ လက်မှတ် စျေးနှုန်းများကို ယခင်အတိုင်းသာ သတ်မှတ်မည်ဟု ကြေညာခဲ့ခြင်းဖြစ်ပါတယ်။

အသင်း၏ တစ်ရာသီစာ လက်မှတ် စျေးနှုန်းများကို (၇)ရာသီဆက် အဖြစ် တည်ငြိမ်သောနှုန်းထားဖြင့် (ယခင်ရာသီများက နှုန်းထားများအတိုင်း)ရောင်းချသွားမည်ဟု ကြေညာခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ရာသီက အိမ်ကွင်းပွဲစဉ် (၂၆)ပွဲ (ယူရိုပါလိဂ် အပါအဝင်ပြိုင်ပွဲစုံ)ကစားခဲ့ရပြီး လာမည့်ရာသီတွင်  ဥရောပဝင်ခွင့် ရရှိမည်မဟုတ်၍ ပွဲအရေအ တွက် (၂၁)ပွဲခန့်သာ ကစားရမှာ ဖြစ်ပါတယ်။

ပြီးခဲ့သည့် ရာသီက ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ် ပွဲအများစုမှာ ကွင်းပိတ် ကစားခဲ့ရပြီး  အိမ်ကွင်းပွဲစဉ် (၂)ပွဲကိုသာ ပရိသတ်များ ကြည့်ရှုခွင့် ရရှိခဲ့ပါတယ်။

Zawgyi Version

အာဆင်နယ်အသင်းဟာ လာမည့် ၂၀၂၁-၂၂ ဘောလုံးရာသီတွင် ဥရောပဝင်ခွင့်ရရှိမည်မဟုတ်သော်လည်း အသင်းက လက်မှတ်ဈေးနှုန်းများကို လျှော့ချခြင်းမရှိသဖြင့် အသင်းအားပေးသူပရိသတ်များဟာ အသင်းတာဝန်ရှိသူများအား ဒေါသထွက်နေကြောင်း သိရပါတယ်။


ထို့ကြောင့် ဥရောပပွဲများမကစားရ၍ ယခင်ရာသီများထက် ပွဲလျော့နည်းသွား မည်ဖြစ်‌ပေမယ့် အသင်းရဲ့ လက်မှတ်ဈေးနှုန်းများကို ယခင်အတိုင်းသာ သတ်မှတ်မည်ဟု ကြေညာခဲ့ခြင်းဖြစ်ပါတယ်။

အသင်း၏ တစ်ရာသီစာလက်မှတ်ဈေးနှုန်းများကို (၇)ရာသီဆက်အဖြစ် တည်ငြိမ်သောနှုန်းထားဖြင့်(ယခင်ရာသီများက နှုန်းထားများအတိုင်း)ရောင်းချသွားမည်ဟု ကြေညာခဲ့ပါတယ်။

