Spots news

ယူနိုက်တက်လိုချင်နေတဲ့ ဒန်နီအင့်စ်အတွက် ဈေးသတ်မှတ်လိုက်တဲ့ ဆောက်သမ်တန်

Unicode Version

အင့်စ်နဲ့ စိန့်မေရီတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးရဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံး ၁၂ လအတွင်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အိုလေ ဂန်းနားဆိုးလ်ရှားက အက်ဒီဆင် ကာဗာနီကို စာချုပ်သက်တမ်း တိုးမြင့်ချုပ်ဆိုထားပေမယ့် အထောင်တိုက်စစ် နေရာအတွက် ဟယ်ရီကိန်းနဲ့ အားလင်းဟားလန်း တို့ကို စောင့်ကြည့်နေပါတယ်။

ဒါပေမယ့် ယင်းကစားသမားတွေကို မခေါ်ယူနိုင်ခဲ့ပါက အထောင်တိုက်စစ် နေရာအတွက် ဒုတိယဦးစားပေး ပစ်မှတ် ကစားသမား အဖြစ် ယူနိုက်တက်က အင့်စ်ကို သတ်မှတ်ထားပါတယ်။

ဒါပေမယ့် အင့်စ်ဟာ ဆောက်သမ်တန်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချသွားဖွယ် ရှိနေတယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

ဒါ့ကြောင့် ဆောက်သမ်တန်ဟာ လာမယ့်နှစ်မှာ သူတို့ ကစားသမားကို အလွတ် ပြောင်းရွေ့ကြေးနဲ့ လက်လွှတ် လိုခြင်း မရှိတာကြောင့်

ပေါင် ၂၅ သန်းနဲ့ ပေါင်သန်း ၃၀ ကြား ပြောင်းရွေ့ကြေးရရှိပါက ယင်းတိုက်စစ်မှူးကို အသင်းက ရောင်းချသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ယခုနှစ် ဘောလုံးရာသီမှာ အင့်စ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ပြိုင်ပွဲစုံမှာ ၁၃ ဂိုးသွင်း၊ လေးဂိုးဖန်တီးပြီး ဆောက်သမ်တန်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

လစ်ဗာပူးလ်နဲ့ ဘန်လေ ကစားသမားဟောင်းဟာ စိန့်မေရီ အတွက် ပြိုင်ပွဲစုံ ၃ နှစ်ကစားပြီးချိန်မှာတော့ ၄၆ ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပါတယ်။

Zawgyi Version

အင့္စ္နဲ႕ စိန့္ေမရီတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၂ ခုႏွစ္မွာ ကုန္ဆုံးမွာျဖစ္ၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕ စာခ်ဳပ္သက္တမ္းဟာ ေနာက္ဆုံး ၁၂ လအတြင္းကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။

အိုေလဂန္းနားဆိုးလ္ရွားက အက္ဒီဆင္ကာဗာနီကို စာခ်ဳပ္သက္တမ္း တိုးျမင့္ခ်ဳပ္ဆိုထားေပမယ့္ အေထာင္တိုက္စစ္ေနရာအတြက္ ဟယ္ရီကိန္းနဲ႕ အားလင္းဟားလန္းတို႔ကို ေစာင့္ၾကည့္ေနပါတယ္။

ဒါေပမယ့္ ယင္းကစားသမားေတြကို မေခၚယူနိုင္ခဲ့ပါက အေထာင္တိုက္စစ္ေနရာအတြက္ ဒုတိယဦးစားေပး ပစ္မွတ္ကစားသမားအျဖစ္ ယူနိုက္တက္က အင့္စ္ကို သတ္မွတ္ထားပါတယ္။

ဒါေပမယ့္ အင့္စ္ဟာ ေဆာက္သမ္တန္ရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ပယ္ခ်သြားဖြယ္ ရွိေနတယ္လို႔ The Athletic က ေဖာ္ျပခဲ့ပါတယ္။

ဒါ့ေၾကာင့္ ေဆာက္သမ္တန္ဟာ လာမယ့္ႏွစ္မွာ သူတို႔ကစားသမားကို အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႕ လက္လႊတ္လိုျခင္း မရွိတာေၾကာင့္

ေပါင္ ၂၅ သန္းနဲ႕ ေပါင္သန္း ၃၀ ၾကား ေျပာင္းေ႐ြ႕ေၾကးရရွိပါက ယင္းတိုက္စစ္မႉးကို အသင္းက ေရာင္းခ်သြားဖို႔ ဆုံးျဖတ္ခဲ့တာပါ။

ယခုႏွစ္ေဘာလုံးရာသီမွာ အင့္စ္ဟာ ဒဏ္ရာျပႆနာေတြနဲ႕ ႐ုန္းကန္ခဲ့ရေပမယ့္ ၿပိဳင္ပြဲစုံမွာ ၁၃ ဂိုးသြင္း၊ ေလးဂိုးဖန္တီးၿပီး ေဆာက္သမ္တန္ရဲ႕ ဂိုးသြင္းအမ်ားဆုံးကစားသမား ျဖစ္ခဲ့ပါတယ္။

လစ္ဗာပူးလ္နဲ႕ ဘန္ေလကစားသမားေဟာင္းဟာ စိန့္ေမရီအတြက္ ၿပိဳင္ပြဲစုံ ၃ ႏွစ္ကစားၿပီးခ်ိန္မွာေတာ့ ၄၆ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ပါတယ္။