Spots news

ဒီဘရိုင်းသာ ဝင်မကယ်ရင် ဒိန်းမတ်ကို ရှုံးနိုင်ချေရှိတဲ့ ဘယ်ဂျီယံ

Unicode Version

အဖွင့်ပွဲမှာ အနိုင်ရထားတဲ့ ဘယ်ဂျီယံဟာ ဒီပွဲမှာလည်း ဆက်ပြီး အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် ပွဲအစ ၂မိနစ်မှာတင် ဒိန်းမတ်က ပေါလ်ဆန်ရဲ့ မထင်မှတ်ဘဲ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။

ဒိန်းမတ်တိုက်စ်မှာ ဘာစီလိုနာက ဘရိန်းဝိတ်ခ်ျနဲ့ ပေါ်ဆန်တို့ ဦးဆောင်ခဲ့ကြတာဖြစ်ပြီး နော်ကတန်းမှာတော့ အသင်းခေါင်းဆောင် ဆိုင်မွန်ခါဂျာ၊ ခရစ္စတန်ဆင်တို့ ကစားခဲ့ကြတာပါ။

ဘယ်ဂျီယံမှာ ဒဏ်ရာပြသနာကြောင့် ကြံံခိုင်မှုအပိုင်း စိတ်မချရသေးတဲ့ ဒီဘရိုင်းနဲ့ ဟာဇက်ကို အရန်ခုံမှာပဲ ထားခဲ့တာပါ။ လူကာကူကို အထောင်ထားပြီး တောင်ပံတွေက ကာရက်စကိုး၊ တီဟာဇက်၊ မာတန်းစ်တို့က ထိုးဖောက်ခဲ့ကြပါတယ်။

ပထမပိုင်းမှာ အရေးနိမ့်နေတဲ့ ဘယ်ဂျီယံဟာ ဒုတိယပိုင်းအစမှာ မာတန်းစ်အစား ဒီဘရိုင်းကို လူစားလဲ ထည့်ခဲ့တဲ့ နည်းပြ မာတီနက်ဇ်ရဲ့
နည်းဗျူဟာက အလုပ်ဖြစ်ခဲ့ပါတယ်။

ဒီဘရိုင်း ဝင်လာပြီး နောက်ပိုင်းမှာ ဘယ်ဂျီယံရဲ့ တိုက်စစ် လမ်းကြောင်းပုံစံ ပြောင်းသွားပြီး ဒိန်းမတ်နောက်တန်း မထိန်းနိုင်တော့ပါဘူး။

ပွဲချိန် ၅၄မိနစ်မှာ ဒိန်းမတ်ဂိုးဧရိယာထဲမှာ လူကာကူ နောက်ပေါက်နဲ့ ပြန်ချပေးတဲ့ ဘောလုံးကို ဒီဘရိုင်းက ခြေယောင်ပြ ဆွဲပြေးရင်း ဂိုးရှေ့ဖြတ်ချိုးပေးလိုက်တာကို တီဟာဇက်က ချိန်သားကိုက် ပြေးဝင်ပိတ်သွင်း လိုက်တာပါ။

သရေကျသွားတဲ အချိန်မှာ ကွင်းလယ်အသာစီးက ဘယ်ဂျီယံ ဖြစ်သွားပါပြီ။ အနိုင်ဂိုးကိုတော့ ခြေစွမ်းပြနေတဲ့ ဒီဘရိုင်းက ဘယ်ခြေနဲ့ အပြင်းကန်သွင်း သွားခဲ့တာပါ။ ဘယ်ဂျီယံအသင်း အရှုံးကနေ အနိုင်ပြန်ရတာဟာ ဒီဘရိုင်းကြောင့် လို့ပြောနိုင်ပါတယ်။

ဒီအနိုင်ပွဲကြောင့် ဘယ်ဂျီယံဟာ ရုရှားနဲ့ ဒိန်းမတ်တို့ကို ၂ပွဲဆက် အနိုင်ရခဲ့ပြီး ၆မှတ်ရရှိခဲ့သလို နောက်ဆုံးပွဲဖြစ်တဲ့ ဖင်လန်နဲ့ပွဲမတိုင်ခင်
၁၆သင်းအဆင့်ကို အီတလီနဲ့အတူ တက်ရောက်သွားနိုင်ခဲ့ပါပြီ။

ဒီပွဲမှာ နှစ်ဖက် ကစားသမားတွေဟာ ဖင်လန်နဲပွဲမှာ ကွင်းထဲ ရုတ်တရက်လဲကျပြီး ဆေးရုံပို့ခဲ့ရတဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်အတွက် ဂုဏ်ပြုပေးတဲ့အနေနဲ့ အဲရစ်ဆင်လဲကျခဲ့တဲ့ ပွဲချိန် ၁၀မိနစ်မှာ ပွဲကို ခဏရပ်ဆိုင်းပြီး ပရီသတ်တွေနဲ့အတူ လက်ခုပ်တွေတီး အားပေး ဂုဏ်ပြုခဲ့ကြပါတယ်။

Zawgyi Version

အဖြင့္ပြဲမွာ အနိုင္ရထားတဲ့ ဘယ္ဂ်ီယံဟာ ဒီပြဲမွာလည္း ဆက္ၿပီး အနိုင္ရဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပြဲအစ ၂မိနစ္မွာတင္ ဒိန္းမတ္က ေပါလ္ဆန္ရဲ႕ မထင္မွတ္ဘဲ ဦးေဆာင္ဂိုးကို ခြင့္ျပဳခဲ့ရပါတယ္။

ဒိန္းမတ္တိုက္စ္မွာ ဘာစီလိုနာက ဘရိန္းဝိတ္ခ္်နဲ႕ ေပၚဆန္တို႔ ဦးေဆာင္ခဲ့ၾကတာျဖစ္ၿပီး ေနာ္ကတန္းမွာေတာ့ အသင္းေခါင္းေဆာင္ ဆိုင္မြန္ခါဂ်ာ၊ ခရစၥတန္ဆင္တို႔ ကစားခဲ့ၾကတာပါ။

ဘယ္ဂ်ီယံမွာ ဒဏ္ရာျပသနာေၾကာင့္ ႀကံံခိုင္မႈအပိုင္း စိတ္မခ်ရေသးတဲ့ ဒီဘရိုင္းနဲ႕ ဟာဇက္ကို အရန္ခုံမွာပဲ ထားခဲ့တာပါ။ လူကာကူကို အေထာင္ထားၿပီး ေတာင္ပံေတြက ကာရက္စကိုး၊ တီဟာဇက္၊ မာတန္းစ္တို႔က ထိုးေဖာက္ခဲ့ၾကပါတယ္။

ပထမပိုင္းမွာ အေရးနိမ့္ေနတဲ့ ဘယ္ဂ်ီယံဟာ ဒုတိယပိုင္းအစမွာ မာတန္းစ္အစား ဒီဘရိုင္းကို လူစားလဲထည့္ခဲ့တဲ့ နည္းျပ မာတီနက္ဇ္ရဲ႕
နည္းဗ်ဴဟာက အလုပ္ျဖစ္ခဲ့ပါတယ္။

ဒီဘရိုင္းဝင္လာၿပီးေနာက္ပိုင္းမွာ ဘယ္ဂ်ီယံရဲ႕ တိုက္စစ္လမ္းေၾကာင္းပုံစံေျပာင္းသြားၿပီး ဒိန္းမတ္ေနာက္တန္း မထိန္းနိုင္ေတာ့ပါဘူး။

ပြဲခ်ိန္ ၅၄မိနစ္မွာ ဒိန္းမတ္ဂိုးဧရိယာထဲမွာ လူကာကူေနာက္ေပါက္နဲ႕ ျပန္ခ်ေပးတဲ့ ေဘာလုံးကို ဒီဘရိုင္းက ေျခေယာင္ျပဆြဲေျပးရင္း ဂိုးေရွ႕ျဖတ္ခ်ိဳးေပးလိုက္တာကို တီဟာဇက္က ခ်ိန္သားကိုက္ ေျပးဝင္ပိတ္သြင္းလိုက္တာပါ။

သေရက်သြားတဲပအခ်ိန္မွာ ကြင္းလယ္အသာစီးက ဘယ္ဂ်ီယံျဖစ္သြားပါၿပီ။ အနိုင္ဂိုးကိုေတာ့ ေျခစြမ္းျပေနတဲ့ ဒီဘရိုင္းက ဘယ္ေျခနဲ႕ အျပင္းကန္သြင္းသြားခဲ့တာပါ။ ဘယ္ဂ်ီယံအသင္း အရႈံးကေန အနိုင္ျပန္ရတာဟာ ဒီဘရိုင္းေၾကာင့္ လို႔ေျပာနိုင္ပါတယ္။

ဒီအနိုင္ပြဲေၾကာင့္ ဘယ္ဂ်ီယံဟာ ႐ုရွားနဲ႕ ဒိန္းမတ္တို႔ကို ၂ပြဲဆက္ အနိုင္ရခဲ့ၿပီး ၆မွတ္ရရွိခဲ့သလို ေနာက္ဆုံးပြဲျဖစ္တဲ့ ဖင္လန္နဲ႕ပြဲမတိုင္ခင္
၁၆သင္းအဆင့္ကို အီတလီနဲ႕အတူ တက္ေရာက္သြားနိုင္ခဲ့ပါၿပီ။

ဒီပြဲမွာ ႏွစ္ဖက္ကစားသမားေတြဟာ ဖင္လန္နဲပြဲမွာ ကြင္းထဲ ႐ုတ္တရက္လဲက်ၿပီး ေဆး႐ုံပို႔ခဲ့ရတဲ့ ဒိန္းမတ္ကြင္းလယ္လူ အဲရစ္ဆင္အတြက္
ဂုဏ္ျပဳေပးတဲ့အေနနဲ႕ အဲရစ္ဆင္လဲက်ခဲ့တဲ့ ပြဲခ်ိန္ ၁၀မိန္စမွာ ပြဲကို ခဏရပ္ဆိုင္းၿပီး ပရီသတ္ေတြနဲ႕အတူ လက္ခုပ္ေတြတီး အားေပးဂုဏ္ျပဳခဲ့ၾကပါတယ္။