Knowledge

သားလေးမျက်နှာမငယ်အောင် ကိုယ်တိုင်လက်လုပ် လွယ်အိတ်လေးနဲ့ ကျောင်းတက်စေခဲ့တဲ့ ဖခင်ရဲ့ မေတ္တာ

Unicode Version

ကမ္ဘောဒီးယား နိုင်ငံဟာ လူအများစုမှ မိမိတို့ရဲ့သားသမီးတွေကို ကျောင်းမပို့နိုင်တဲ့ နိုင်ငံတွေထဲမှ တစ်ခု အပါအဝင်ပါ ။ မိဘတွေက သူတို့သားသမီးတွေကို ပညာ လက်ဆောင် တစ်ခုပေးနိုင်ဖို့ တတ်နိုင်သမျှ ရုန်းကန် ပံ့ပိုး ပေးကြရပါတယ်။ကမ္ဘောဒီးယား နိုင်ငံရဲ့ ကျောင်းသုံး ပစ္စည်းတွေက သာမန်လူတန်းစား တွေအတွက် ဈေးကြီး နေတာမို့ အသုံးငွေ လျော့ချနိုင်ဖို့ ဆင်းရဲ နွမ်းပါးတဲ့ လယ်သမားဖခင် တစ်ဦးက သားဖြစ်သူ အတွက် handmade ကျောပိုးအိတ်လေး ပြုလုပ် ပေးခဲ့ပါတယ်။အတန်းပိုင် ဆရာမဖြစ်တဲ့ Sophous Suon က အပြာရောင် အိတ်ကို လွယ်ထားတဲ့ အသက် ၅နှစ်အရွယ် Keng အမည်ရှိတဲ့ အဆိုပါ လယ်သမားရဲ့ သားကို သတိထား မိသွား ခဲ့ပါတယ်။အဆိုပါ ကျောပိုးအိတ် လေးက ကြွတ်ကြွတ်ကြိုး နဲ့ကျစ်ထားတာပါ။

အနက်ရောင် ကြိုးတွေကို နောက်ကျောမှာ ချိတ်ထားပြီး အိတ်ရဲ့ ရှေ့ဖက်က ဖွင့်ပိတ် လုပ်နိုင်အောင်လည်း တပ်ဆင်ထား ပါသေးတယ်။ Suon က ကျောပိုးအိတ် နောက်ကွယ်က တီထွင်သူကို လေးစားမိခဲ့ကာ အဆိုပါအိတ်ကို ဓာတ်ပုံရိုက်ပြီး social မှာ “ လူတွေက ဒီကျောပိုးအိတ်ကို သဘောကျ ကြတယ် ၊ အဖေ့ရဲ့ချစ်ခြင်းမေတ္တာဘဲ ၊ ငါ ဒီအိတ်ကို ကြိုက်တယ်” လို့ ဝေမျှပေးခဲ့ ပါတယ်။ သူမက ကျောပိုးအိတ် တစ်လုံးက သူတို့မှာ ဒေါ်လာ ၇ ( ၉,၀၀၀ ကျော်) အထိရှိပြီး ၎င်းက လူအများစု အတွက် မဆိုစလောက်လေး ဆိုပေမဲ့ Keng နဲ့ သူ့မိသားစု ကဲ့သို့သော သာမန်လူတွေ အတွက် ကတော့ ၎င်းက အစားအစာ နဲ့ အခြား ပစ္စည်းများကို ရှင်သန်ရန် အတွက်ဘဲ ငွေဖြုန်း လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဓာတ်ပုံ ပျံ့နှံ့သွားခဲ့ပြီး မကြာတော့ Suon က ကလေးကို ထောက်ပံ့ ပေးမယ့် သူစိမ်းတွေထံမှ မက်ဆေ့ချ် များစွာ လက်ခံ ရရှိခဲ့ပါတယ်။Suon က “နိုင်ငံခြားသား အချို့က သူ့ကိုအိတ်ပို့ပေးဖို့ တောင်းဆို ခဲ့ကြတယ် ၊ ကျောင်းအုပ် ကလည်း သူတို့ ပို့ပေးလို့ရမယ့် လိပ်စာကို ပြန်ပို့ပေးလိုက်ပြီ” လို့ မျှဝေပေးခဲ့ ပါသေးတယ်။ကျောပိုးအိတ်ကို ကြည့်ရင်တော့ လယ်သမားရဲ့ သားလေးအပေါ်ထားတဲ့ ချစ်ခြင်း မေတ္တာက ကြီးမားလွန်းတာကို ခံစားမိကြ မှာပါ။

Zawgyi Version

ကေမာၻဒီးယား နိုင္ငံဟာ လူအမ်ားစုမွ မိမိတို႔ရဲ႕သားသမီးေတြကို ေက်ာင္းမပို႔နိုင္တဲ့ နိုင္ငံေတြထဲမွ တစ္ခု အပါအဝင္ပါ ။ မိဘေတြက သူတို႔သားသမီးေတြကို ပညာလက္ေဆာင္ တစ္ခုေပးနိုင္ဖို႔ တတ္နိုင္သမွ် ႐ုန္းကန္ ပံ့ပိုး ေပးၾကရပါတယ္။ကေမာၻဒီးယားနိုင္ငံရဲ႕ ေက်ာင္းသုံး ပစၥည္းေတြက သာမန္လူတန္းစား ေတြအတြက္ ေဈးႀကီးေနတာမို႔ အသုံးေငြ ေလ်ာ့ခ်နိဳင္ဖို႔ ဆင္းရဲႏြမ္းပါးတဲ့ လယ္သမားဖခင္ တစ္ဦးက သားျဖစ္သူ အတြက္ handmade ေက်ာပိုးအိတ္ေလး ျပဳလုပ္ ေပးခဲ့ပါတယ္။အတန္းပိုင္ ဆရာမျဖစ္တဲ့ Sophous Suon က အျပာေရာင္ အိတ္ကို လြယ္ထားတဲ့ အသက္ ၅ႏွစ္အ႐ြယ္ Keng အမည္ရွိတဲ့ အဆိုပါလယ္သမားရဲ႕ သားကို သတိထားမိသြား ခဲ့ပါတယ္။အဆိုပါ ေက်ာပိုးအိတ္ေလးက ႂကြတ္ႂကြတ္ႀကိဳး နဲ႕က်စ္ထားတာပါ။

အနက္ေရာင္ ႀကိဳးေတြကို ေနာက္ေက်ာမွာ ခ်ိတ္ထားၿပီး အိတ္ရဲ႕ေရွ႕ဖက္က ဖြင့္ပိတ္လုပ္နိုင္ေအာင္လည္း တပ္ဆင္ထား ပါေသးတယ္။ Suon က ေက်ာပိုးအိတ္ ေနာက္ကြယ္က တီထြင္သူကို ေလးစားမိခဲ့ကာ အဆိုပါအိတ္ကို ဓာတ္ပုံရိုက္ၿပီး social မွာ “ လူေတြက ဒီေက်ာပိုးအိတ္ကို သေဘာက်ၾကတယ္ ၊ အေဖ့ရဲ႕ခ်စ္ျခင္းေမတၱာဘဲ ၊ ငါ ဒီအိတ္ကို ႀကိဳက္တယ္” လို႔ ေဝမွ်ေပးခဲ့ပါတယ္။ သူမက ေက်ာပိုးအိတ္ တစ္လုံးက သူတို႔မွာ ေဒၚလာ ၇ ( ၉,၀၀၀ ေက်ာ္) အထိရွိၿပီး ၎က လူအမ်ားစု အတြက္ မဆိုစေလာက္ေလး ဆိုေပမဲ့ Keng နဲ႕ သူ႕မိသားစုကဲ့သို႔ေသာ သာမန္လူေတြ အတြက္ကေတာ့ ၎က အစားအစာ နဲ႕ အျခား ပစၥည္းမ်ားကို ရွင္သန္ရန္အတြက္ဘဲ ေငြျဖဳန္း လိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။

ဓာတ္ပုံ ပ်ံ့ႏွံ႕သြားခဲ့ၿပီး မၾကာေတာ့ Suon က ကေလးကို ေထာက္ပံ့ေပးမယ့္ သူစိမ္းေတြထံမွ မက္ေဆ့ခ်္မ်ားစြာ လက္ခံ ရရွိခဲ့ပါတယ္။Suon က “နိုင္ငံျခားသား အခ်ိဳ႕က သူ႕ကိုအိတ္ပို႔ေပးဖို႔ ေတာင္းဆို ခဲ့ၾကတယ္ ၊ ေက်ာင္းအုပ္ကလည္း သူတို႔ ပို႔ေပးလို႔ရမယ့္ လိပ္စာကို ျပန္ပို႔ေပးလိုက္ၿပီ” လို႔ မွ်ေဝေပးခဲ့ ပါေသးတယ္။ေက်ာပိုးအိတ္ကို ၾကည့္ရင္ေတာ့ လယ္သမားရဲ႕ သားေလးအေပၚထားတဲ့ ခ်စ္ျခင္းေမတၱာက ႀကီးမားလြန္းတာကို ခံစားမိၾက မွာပါ။