Spots news

ယူရိုပြိုင်ပွဲရဲ့ ဒုတိယအပြေးအမြန်ဆုံးနေရာကိုရောက်လာခဲ့တဲ့ ယူနိုက်တက်ရဲ့ အမြန်ဆုံးချာတိတ်

Unicode Version

ယူနိုက်တက်နဲ့ ဝေးလ်စ်တောင်ပံ တိုက်စစ်မှူး ဒန်နီရယ်လ်ဂျိမ်းစ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ဒုတိယအပြေးအမြန်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဂျိမ်းစ်ဟာ ၂၀၁၉ ခုနှစ်က ဆွမ်ဆီးစီးတီးကနေ ယူနိုက်တက်သို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်နဲ့ ပထမဆုံး ဘောလုံးရာသီမှာတော့ ဝေးလ်စ်ကစားသမားဟာ

ပထမဆုံး လိဂ်ပွဲစဥ်လေးပွဲမှာ သုံးဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးခဲ့တာ​ကြောင့် ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ကစားခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဝေးလ်စ်အသင်းအတွက် ဆွစ်ဇာလန်၊ တူရကီအသင်းတို့နဲ့ ကစားပြီးချိန်မှာတော့ ဂျိမ်းစ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ဒုတိယအပြေးအမြန်ဆုံးကစားသမား ဖြစ်နေပါတယ်။

အင်္ဂါနေ့က တူရကီအသင်းကို အာရွန်ရမ်ဆေး၊ ကော်နာရောဘတ်စ်တို့ရဲ့သွင်းဂိုးတွေနဲ့ ၂-၀ ဂိုးနဲ့ အနိုင်မယူခင်က ဝေးလ်စ်အသင်းဟာ ဆွစ်ဇာလန်အသင်းကို တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျထားပါတယ်။

ယင်းပွဲစဥ်နှစ်ပွဲမှာ ဂျိမ်းစ်က ဝေးလ်စ်အသင်းရဲ့ ဘယ်တောင်ပံမှာ တောက်ပခဲ့တာကို ယူနိုက်တက်ပရိသတ်တွေကလည်း သတိထားမိခဲ့ကြပါတယ်။ တူရကီအသင်းနဲ့ပွဲမှာတော့ အသက် ၂၃ နှစ်သားဟာ 33.5 km/h အထိ ပြေးလွှားခဲ့ပါတယ်။

ဒါ့ကြောင့် သူဟာ ပြိုင်ပွဲရဲ့ ဒုတိယအပြေးအမြန်ဆုံးကစားသမား ဖြစ်နေတာဖြစ်ပြီး အပြေးအမြန်ဆုံးကစားသမားကတော့ အီတလီအစွန်ခံစစ်မှူး Leonardo Spinazzola (33.8 km/h) ဖြစ်ပါတယ်။

ဂျိမ်းစ်ရဲ့ ဝေးလ်စ်အသင်းနဲ့ Spinazzola ရဲ့ အီတလီအသင်းတို့ဟာ တနင်္ဂနွေနေ့မှာ ယှဥ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး အုပ်စုပထမနေရာကို ဘယ်အသင်းက ရယူသွားမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Zawgyi Version

ယူနိုက္တက္နဲ႕ ေဝးလ္စ္ေတာင္ပံတိုက္စစ္မႉး ဒန္နီရယ္လ္ဂ်ိမ္းစ္ဟာ ယူရို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ ဒုတိယအေျပးအျမန္ဆုံးကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။

ဂ်ိမ္းစ္ဟာ ၂၀၁၉ ခုႏွစ္က ဆြမ္ဆီးစီးတီးကေန ယူနိုက္တက္သို႔ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ အိုးလ္ထရက္ဖို႔ဒ္နဲ႕ ပထမဆုံး ေဘာလုံးရာသီမွာေတာ့ ေဝးလ္စ္ကစားသမားဟာ

ပထမဆုံး လိဂ္ပြဲစဥ္ေလးပြဲမွာ သုံးဂိုးသြင္းနိုင္ခဲ့ပါတယ္။ ဒါေပမယ့္ သူဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ ေျခစြမ္းေကာင္းေတြ ေပ်ာက္ဆုံးခဲ့တာ​ေၾကာင့္ ယူနိုက္တက္မွာ ပုံမွန္ပြဲထြက္ကစားခြင့္ရရွိဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။

ေဝးလ္စ္အသင္းအတြက္ ဆြစ္ဇာလန္၊ တူရကီအသင္းတို႔နဲ႕ ကစားၿပီးခ်ိန္မွာေတာ့ ဂ်ိမ္းစ္ဟာ ယူရို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ ဒုတိယအေျပးအျမန္ဆုံးကစားသမား ျဖစ္ေနပါတယ္။

အဂၤါေန႕က တူရကီအသင္းကို အာ႐ြန္ရမ္ေဆး၊ ေကာ္နာေရာဘတ္စ္တို႔ရဲ႕သြင္းဂိုးေတြနဲ႕ ၂-၀ ဂိုးနဲ႕ အနိုင္မယူခင္က ေဝးလ္စ္အသင္းဟာ ဆြစ္ဇာလန္အသင္းကို တစ္ဖက္တစ္ဂိုးစီနဲ႕ သေရက်ထားပါတယ္။

ယင္းပြဲစဥ္ႏွစ္ပြဲမွာ ဂ်ိမ္းစ္က ေဝးလ္စ္အသင္းရဲ႕ ဘယ္ေတာင္ပံမွာ ေတာက္ပခဲ့တာကို ယူနိုက္တက္ပရိသတ္ေတြကလည္း သတိထားမိခဲ့ၾကပါတယ္။ တူရကီအသင္းနဲ႕ပြဲမွာေတာ့ အသက္ ၂၃ ႏွစ္သားဟာ 33.5 km/h အထိ ေျပးလႊားခဲ့ပါတယ္။

ဒါ့ေၾကာင့္ သူဟာ ၿပိဳင္ပြဲရဲ႕ ဒုတိယအေျပးအျမန္ဆုံးကစားသမား ျဖစ္ေနတာျဖစ္ၿပီး အေျပးအျမန္ဆုံးကစားသမားကေတာ့ အီတလီအစြန္ခံစစ္မႉး Leonardo Spinazzola (33.8 km/h) ျဖစ္ပါတယ္။

ဂ်ိမ္းစ္ရဲ႕ ေဝးလ္စ္အသင္းနဲ႕ Spinazzola ရဲ႕ အီတလီအသင္းတို႔ဟာ တနဂၤေႏြေန႕မွာ ယွဥ္ၿပိဳင္ကစားသြားၾကမွာျဖစ္ၿပီး အုပ္စုပထမေနရာကို ဘယ္အသင္းက ရယူသြားမလဲဆိုတာ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။