Spots news

မက်ဂွိုင်းယားနဲ့ ဗာရန်းတွဲကစားဖို့ ရီးရဲလ်နဲ့ ပြောင်းရွေ့ကြေးဆွေးနွေးနေပြီဖြစ်တဲ့ မန်ယူ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ် နောက်ခံလူ ဗာရန်းကို ခေါ်ယူဖို့ အတွက်

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင်ခဲ့ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး မက်ဒရစ်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့်

အဆိုပါ စာချုပ်သစ်ရဲ့ သက်တမ်းဟာ ၂နှစ်သာ ရှိတာကြောင့် ဗာရန်းက စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့ပြီး ထွက်ခွာခွင့်ပါ တောင်းခံထားပါတယ်။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗာရန်းကို လာမယ့် ဘောလုံးရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရစေရန် အတွက်

ယခု နွေရာသီ အပြောင်းအရွှေ့မှာပဲ ရောင်းချဖို့ စဉ်းစားထားပြီး ဗာရန်းအတွက် ကမ်းလှမ်းလာမှုတွေ အားလုံးကို စဉ်းစားသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဗာရန်းကို ခေါ်ယူဖို့ ပီအက်စ်ဂျီ ၊ မန်ချက်စတာ ယူနိုက်တက်အသင်းတို့က စိတ်ဝင်စားနေပြီး မန်ချက်စတာ ညနေခင်း သတင်းဌာနကတော့

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် တရားဝင် ကမ်းလှမ်းမှု တခုကို ပြုလုပ်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက ပယ်ချခဲ့ကြောင်း ဖော်ပြလာပါတယ်။

သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းနဲ့ ကမ်းလှမ်းမှုကို စတင် ပြုလုပ်ခဲ့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် ၆၀သန်း အထိ

လိုချင်တာကြောင့် ပယ်ချခဲ့တာ ဖြစ်ကာ လက်ရှိမှာတော့ နှစ်သင်းကြားမှာ ဗာရန်းအတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာလက်ရှိ လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တဦး ဖြစ်တာကြောင့်

မန်ချက်စတာ ယူနိုက်တက်အသင်းကသာ သူ့ကို ခေါ်ယူနိုင်ခဲ့ရင် သူတို့အသင်းရဲ့ ခံစစ်ပိုင်းဟာ အတော်လေးကို ကောင်းမွန်လာမှာ အသေအချာပါပဲ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ စပိန္လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ျပင္သစ္ ေနာက္ခံလူ ဗာရန္းကို ေခၚယူဖို႔ အတြက္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႕ တရားဝင္ ေဆြးေႏြးမႈေတြ စတင္ခဲ့ေၾကာင္း ဥေရာပ အေျခစိုက္ သတင္းဌာနေတြက အခိုင္အမာ ေဖာ္ျပသြားၾကပါတယ္။

အသက္ ၂၈ႏွစ္ အ႐ြယ္ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား ျဖစ္ၿပီး မက္ဒရစ္က သူ႕ကို စာခ်ဳပ္သစ္ ကမ္းလွမ္းခဲ့ေပမယ့္ အဆိုပါ စာခ်ဳပ္သစ္ရဲ႕ သက္တမ္းဟာ ၂ႏွစ္သာ ရွိတာေၾကာင့္ ဗာရန္းက စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျငင္းဆန္ခဲ့ၿပီး ထြက္ခြာခြင့္ပါ ေတာင္းခံထားပါတယ္။

ဒါေၾကာင့္ပဲ ရီးရဲလ္မက္ဒရစ္အသင္းဟာ ဗာရန္းကို လာမယ့္ ေဘာလုံးရာသီမွာ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ လက္မလႊတ္ရေစရန္ အတြက္ ယခု ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာပဲ ေရာင္းခ်ဖိဳ႕ စဥ္းစားထားၿပီး ဗာရန္းအတြက္ ကမ္းလွမ္းလာမႈေတြ အားလုံးကို စဥ္းစားသြားမယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ ဗာရန္းကို ေခၚယူဖို႔ ပီအက္စ္ဂ်ီ ၊ မန္ခ်က္စတာ ယူနိုက္တက္အသင္းတို႔က စိတ္ဝင္စားေနၿပီး မန္ခ်က္စတာ ညေနခင္း သတင္းဌာနကေတာ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဗာရန္းအတြက္ တရားဝင္ ကမ္းလွမ္းမႈ တခုကို ျပဳလုပ္ခဲ့ေပမယ့္ ရီးရဲလ္မက္ဒရစ္အသင္းက ပယ္ခ်ခဲ့ေၾကာင္း ေဖာ္ျပလာပါတယ္။

သတင္းေတြအရ ယူနိုက္တက္အသင္းဟာ ဗာရန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၀သန္းနဲ႕ ကမ္းလွမ္းမႈကို စတင္ ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းက ေပါင္ ၆၀သန္း အထိ လိုခ်င္တာေၾကာင့္ ပယ္ခ်ခဲ့တာ ျဖစ္ကာ လက္ရွိမွာေတာ့ ႏွစ္သင္းၾကားမွာ ဗာရန္းအတြက္ တရားဝင္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရန္းဟာလက္ရွိ လာလီဂါၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ေနာက္ခံလူေတြထဲက တဦး ျဖစ္တာေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းကသာ သူ႕ကို ေခၚယူနိုင္ခဲ့ရင္ သူတို႔အသင္းရဲ႕ ခံစစ္ပိုင္းဟာ အေတာ္ေလးကို ေကာင္းမြန္လာမွာ အေသအခ်ာပါပဲ။