Articles

” ရီးရဲမက္ဒရစ္ အသင္းမွ ဗာရန္း ကိုေခၚယူႏိုင္ေရး ႀကိဳးပမ္းမႈ႕ အရွိန္ ျမင့္တင္လိုက္တဲ့ ယူႏိုက္တက္ “

ယူႏိုက္တက္ အသင္း သည္ အသင္းရဲ့ အားနည္းခဲ့တဲ့ ေနာက္တန္း ကို ပိုမိုေတာင့္တင္းေစရန္. ရီးရဲမက္ဒရစ္ အသင္းမွ ဗာရန္း ကို ေခၚယူဖို႔ ႀကိဳးစားမႈ႕ အရွိန္ ျမင့္တင္လိုက္တယ္လို့ သိရဘာတယ္ ။


ယူႏိုက္တက္ ေနာက္တန္းမွာ မက္ဂြားရား နဲ႔ လင္ဒီေလာ့ သာ အဓိက အထိုင္ ကစားသမား မ်ားအျဖစ္ ကစားေနၾကၿပီး ဘိုင္ယီ နဲ႔ တြမ္ဇီဘီ တို့ကေတာ့ အားကိုးအားထား မျပဳႏိုင္တာေၾကာင့္လည္းအခုလို ပထမတန္းအဆင့္ ေနာက္တန္း ကစားသမား ကို ျဖည့္တင္းကာ အသင္း ကို အင္အားေတာင့္တင္းေစေရး ဆိုးရွားက ျပင္ဆင္ေနတာျဖစ္ပါတယ္။


အထူးသျဖင့္ ၿပီးခဲ့တဲ့ရာသီမွာ ေပးဂိုးမ်ားခဲ့တဲ့ ေနာက္တန္း ျပသနာမွာ မက္ဂြားရား 1 ေယာက္ သာ ေဒါင္ေဒါင္ျမည္ ျဖစ္ေနခဲ့တဲ့ ေနာက္တန္း အတြက္ လင္ဒီေလာ့ ထက္ ပိုမို အားသာၿပီး အရည္အခ်င္းျမင့္မားတဲ့ ေနာက္တန္း ကစားသမား မ်ိဳးရွာေဖြ ေနတဲ့ ယူႏိုက္တက္ အတြက္ အသက္ 27 ႏွစ္အ႐ြယ္ မွာ ကစားသမားဘဝ ရရွိန္ိုင္တဲ့ ဖလားအားလုံးရယူထားၿပီးျဖစ္တဲ့ ရီးရဲမက္ဒရစ္လို အသင္းမွ ဗာရန္း ဟာ အံဝင္ဂြင္က် ျဖစ္ေနတာက မဆန္းလွတာေတာ့ေသခ်ာပါတယ္။

ရီးရဲမက္ဒရစ္ အသင္းသည္ ရာမို့ ကို လက္လႊတ္ထားရၿပီး ျဖစ္လို႔ ဗာရန္းကို မျဖစ္မေနစာခ်ဴပ္သစ္ တိုးျမႇင့္မယ္ ဆိုတာ က ျဖစ္ႏိုင္ေခ်ဆန္ေပမယ့္လည္း လက္ရွိကမ္းလွမ္းထားတဲ့ 1 ႏွစ္လစာ 7 သန္းတန္ စာခ်ဳပ္ကို ဗာရန္း ဖက္က တုံျပန္ခ်င္း မရွိတာေၾကာင့္ ပီရက္ အေနနဲ႔ ေရာင္းခ်တာကလြဲရင္ တတ္ႏိုင္တာ မရွိႏ္ုင္ဘူးလို႔ ရီးရဲမက္ဒရစ္ ရဲ႕ ရင္းျမစ္ေတြကဆိုပါတယ္။


ဗာရန္း ကို ယူႏိုက္တက္ အျပင္ ခ်ယ္ဆီး နဲ႔ ပီအက္စ္ဂ်ီ အသင္းတို့က အလိုရွိေနေပမယ့္ အမွန္တကယ္ ေအးဂ်င့္ နဲ႔ ခ်ိတ္ဆက္ စကားေျပာေနတာက ယူႏိုက္တက္သာ ရွိေနၿပီး သန္း 50 အထိ ေပးေခ်ဖို႔ အသင့္ ရွိေနေၾကာင္း အခ်က္ျပခဲ့ၿပီး ျဖစ္ပါတယ္။ ရီးရဲမက္ဒရစ္ အေနနဲ႔ သန္း 70 ဝန္းက်င္အထိအလိုရွိေနေပမယ့္ စာခ်ဴပ္သက္တမ္း 1 ႏွစ္သာ က်န္ရွိေတာ့တဲ့ ဗာရန္း ကို ယူႏိုက္တက္ အေနနဲ႔ သန္း 50 အထက္ေပးေခ်ဖို႔ကိုေတာ့ တြန္႔ဆုတ္ေနပါတယ္။

ဗာရန္း သည္ ယူႏိုက္တက္ ကိုေျပာင္းေ႐ႊ႕မယ္ဆိုရင္ လက္ရွိ ရရွိေနတဲ့ 1 ႏွစ္ 5.5 သန္း ရဲ႕2 ဆ အျဖစ္ 1 ႏွစ္12 သန္း ရရွိမွာ ျဖစ္ၿပီး ယူႏိုက္တက္ နဲ႔ ပရီးမီးယားလိဂ္ ဟာ ကစားသမား ရဲ႕အသက္အ႐ြယ္အရ မ်က္စိက်စရာျဖစ္ေနတယ္လို႔ စပိန္ကလာတဲ့သတင္းေတြကဆိုပါတယ္။

ယူႏိုက္တက္ အေနနဲ႔ ဗာရန္း ကို ဥိီးစားေပး ေခၚယူဘို့. သတ္မွတ္ထားေသာ္လည္း ရီးရံမက္ဒရစ္ ကေန ကစားသမား ကိုယ္တိုင္က ထြက္ခြါခ်င္စိတ္ ရွိမွသာ ေခၚယူဖို႔ရာလြယ္ကူႏိုင္ၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆို ႏိုင္ေခ် ကိုလည္း ထည့္တြက္ထားဖို႔လိုအပ္တာေၾကာင့္ ကစားသမားဝယ္စာရင္းထဲမွာ ေတာရက္၊ကြန္ေဒး၊မီလန္ကိုဗစ္၊႐ိုမဲ႐ိုး တို႔ကိုလည္းဆက္လက္ထားရွိပါေသးတယ္။

သို႔ေသာ္လည္ ဗာရန္း သည္ ဆိုးရွားအလိုရွိတဲ့ ပထမဦးစားေပး ေနာက္တန္း ကစားသမား ျဖစ္ၿပီး ဆန္ခ်ို အေျပာင္းေ႐ႊ႕ေနာက္ ယူႏိုက္တက္ ဖက္က All In ပုံစံနဲ႔ ဝင္ေရာက္မယ့္ ဒုတိယအေျပာင္းေ႐ႊ႕လည္းျဖစ္ပါတယ္။

Unicode

ယူနိုက်တက် အသင်း သည် အသင်းရဲ့ အားနည်းခဲ့တဲ့ နောက်တန်း ကို ပိုမိုတောင့်တင်းစေရန်. ရီးရဲမက်ဒရစ် အသင်းမှ ဗာရန်း ကို ခေါ်ယူဖို့ ကြိုးစားမှု့ အရှိန် မြင့်တင်လိုက်တယ်လို့ သိရဘာတယ် ။

ယူနိုက်တက် နောက်တန်းမှာ မက်ဂွားရား နဲ့ လင်ဒီလော့ သာ အဓိက အထိုင် ကစားသမား များအဖြစ် ကစားနေကြပြီး ဘိုင်ယီ နဲ့ တွမ်ဇီဘီ တို့ကတော့ အားကိုးအားထား မပြုနိုင်တာကြောင့်လည်းအခုလို ပထမတန်းအဆင့် နောက်တန်း ကစားသမား ကို ဖြည့်တင်းကာ အသင်း ကို အင်အားတောင့်တင်းစေရေး ဆိုးရှားက ပြင်ဆင်နေတာဖြစ်ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ရာသီမှာ ပေးဂိုးများခဲ့တဲ့ နောက်တန်း ပြသနာမှာ မက်ဂွားရား 1 ယောက် သာ ဒေါင်ဒေါင်မြည် ဖြစ်နေခဲ့တဲ့ နောက်တန်း အတွက် လင်ဒီလော့ ထက် ပိုမို အားသာပြီး အရည်အချင်းမြင့်မားတဲ့ နောက်တန်း ကစားသမား မျိုးရှာဖွေ နေတဲ့ ယူနိုက်တက် အတွက် အသက် 27 နှစ်အရွယ် မှာ ကစားသမားဘဝ ရရှိန်ိုင်တဲ့ ဖလားအားလုံးရယူထားပြီးဖြစ်တဲ့ ရီးရဲမက်ဒရစ်လို အသင်းမှ ဗာရန်း ဟာ အံဝင်ဂွင်ကျ ဖြစ်နေတာက မဆန်းလှတာတော့သေချာပါတယ်။

ရီးရဲမက်ဒရစ် အသင်းသည် ရာမို့ ကို လက်လွှတ်ထားရပြီး ဖြစ်လို့ ဗာရန်းကို မဖြစ်မနေစာချူပ်သစ် တိုးမြှင့်မယ် ဆိုတာ က ဖြစ်နိုင်ချေဆန်ပေမယ့်လည်း လက်ရှိကမ်းလှမ်းထားတဲ့ 1 နှစ်လစာ 7 သန်းတန် စာချုပ်ကို ဗာရန်း ဖက်က တုံပြန်ချင်း မရှိတာကြောင့် ပီရက် အနေနဲ့ ရောင်းချတာကလွဲရင် တတ်နိုင်တာ မရှိန်ုင်ဘူးလို့ ရီးရဲမက်ဒရစ် ရဲ့ ရင်းမြစ်တွေကဆိုပါတယ်။

ဗာရန်း ကို ယူနိုက်တက် အပြင် ချယ်ဆီး နဲ့ ပီအက်စ်ဂျီ အသင်းတို့က အလိုရှိနေပေမယ့် အမှန်တကယ် အေးဂျင့် နဲ့ ချိတ်ဆက် စကားပြောနေတာက ယူနိုက်တက်သာ ရှိနေပြီး သန်း 50 အထိ ပေးချေဖို့ အသင့် ရှိနေကြောင်း အချက်ပြခဲ့ပြီး ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ် အနေနဲ့ သန်း 70 ဝန်းကျင်အထိအလိုရှိနေပေမယ့် စာချူပ်သက်တမ်း 1 နှစ်သာ ကျန်ရှိတော့တဲ့ ဗာရန်း ကို ယူနိုက်တက် အနေနဲ့ သန်း 50 အထက်ပေးချေဖို့ကိုတော့ တွန့်ဆုတ်နေပါတယ်။

ဗာရန်း သည် ယူနိုက်တက် ကိုပြောင်းရွှေ့မယ်ဆိုရင် လက်ရှိ ရရှိနေတဲ့ 1 နှစ် 5.5 သန်း ရဲ့2 ဆ အဖြစ် 1 နှစ်12 သန်း ရရှိမှာ ဖြစ်ပြီး ယူနိုက်တက် နဲ့ ပရီးမီးယားလိဂ် ဟာ ကစားသမား ရဲ့အသက်အရွယ်အရ မျက်စိကျစရာဖြစ်နေတယ်လို့ စပိန်ကလာတဲ့သတင်းတွေကဆိုပါတယ်။

ယူနိုက်တက် အနေနဲ့ ဗာရန်း ကို ဥိီးစားပေး ခေါ်ယူဘို့. သတ်မှတ်ထားသော်လည်း ရီးရံမက်ဒရစ် ကနေ ကစားသမား ကိုယ်တိုင်က ထွက်ခွါချင်စိတ် ရှိမှသာ ခေါ်ယူဖို့ရာလွယ်ကူနိုင်ပြီး စာချုပ်သစ် ချုပ်ဆို နိုင်ချေ ကိုလည်း ထည့်တွက်ထားဖို့လိုအပ်တာကြောင့် ကစားသမားဝယ်စာရင်းထဲမှာ တောရက်၊ကွန်ဒေး၊မီလန်ကိုဗစ်၊ရိုမဲရိုး တို့ကိုလည်းဆက်လက်ထားရှိပါသေးတယ်။

သို့သော်လည် ဗာရန်း သည် ဆိုးရှားအလိုရှိတဲ့ ပထမဦးစားပေး နောက်တန်း ကစားသမား ဖြစ်ပြီး ဆန်ချို အပြောင်းရွှေ့နောက် ယူနိုက်တက် ဖက်က All In ပုံစံနဲ့ ဝင်ရောက်မယ့် ဒုတိယအပြောင်းရွှေ့လည်းဖြစ်ပါတယ်။

ခ ရက္ ဒစ္ United Myanmar New