Spots news

ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးကြောင့် ပြောင်းရွေ့ကြေး မြင့်တက်လာခဲ့တဲ့ နောက်လံလူ ဟာခီမီ

Unicode Version

ပီအက်စ်ဂျီအသင်းဟာ နွေစျေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုအဖြစ် သူတို့အသင်းရဲ့ အဓိကပစ်မှတ် ဖြစ်နေတဲ့ အင်တာမီလန် ညာနောက်ခံ ကစားသမား

ဟာခီမီကိုပါ ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀) လောက် အထိ တိုးမြှင့်ပေးသွားဖွယ် ရှိနေပါတယ်။

မော်ရိုကို လက်ရွေးစင် နောက်ခံအစွန်လူ ဟာခီမီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ရီးရဲလ်မက်ဒရစ်ကနေ အင်တာမီလန် အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး

စီးရီးအေမှာ အထူး ခြေစွမ်းပြသ နိုင်ခဲ့သလို အသင်းကိုလည်း စီးရီးအေ ချန်ပီယံဆုကြီး ပြန်လည်ရယူ နိုင်အောင် ကူညီပေးနိုင် ခဲ့ပါတယ်။

ဟာခီမီဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းအတွက် စီးရီးအေသွင်းဂိုး (၇)ဂိုးအထိကို သွင်းယူထားခဲ့သလို ဂိုးဖန်တီးမှုကိုလည်း

(၁၀)ဂိုးအထိ လုပ်ဆောင်ထားကာ ခံစစ်ပိုင်းမှာရော တိုက်စစ် အပိုင်းမှာပါ အားထားရတဲ့ ကစားသမား တစ်ယောက်အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဟာခီမီကို ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးအသင်းတွေကတော့ ဟာခီမီကို အဓိကပစ်မှတ်ထားနေကြပါတယ်။ ဒီလို စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် အင်တာမီလန် အသင်းဘက်ကတော့

သူတို့ရဲ့ ကစားသမားကို အသင်းကနေ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်း သွားချင်နေပါတယ်။

ဒါပေမယ့် အင်တာမီလန်အသင်းဟာ အသင်းနည်းပြ အန်တိုနီိယိုကွန်တီနဲ့ လက်တွဲဖြုတ်ထားခဲ့ရပြီး သူရဲ့နေရာမှာ လာဇီယိုနည်းပြ အင်ဇာဂီနဲ့ အစားထိုး ထားခဲ့ရတာကြောင့်

နည်းပြ အပြောင်းအလဲ အပေါ်မှာ စိတ်ပျက်နေတဲ့ ဟာခီမီက အင်တာနဲ့ လက်တွဲဖြုတ် သွားချင်နေတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေရှိတဲ့ ဟာခီမီကို ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးတို့ကနေ အပြိုင်လိုက် နေကြပြီး ကနဦး ကမ်းလှမ်းချက် တွေကိုလည်း လုပ်ဆောင်ထားကြပေမယ့်

အင်တာဘက်ကနေ ပယ်ချ ထားခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းက ဟာခီမီအတွက် ယူရိုသန်း(၇၀) အထိ တိုးမြှင်ကမ်းလှမ်းသွားဖို့ ပြင်ဆင် လာခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version

ပီအက္စ္ဂ်ီအသင္းဟာ ေႏြေစ်းကြက္အတြင္းမွာ ကစားသမားသစ္ ေခၚယူမႈအျဖစ္ သူတို႔အသင္းရဲ႕ အဓိကပစ္မွတ္ျဖစ္ေနတဲ့ အင္တာမီလန္ ညာေနာက္ခံကစားသမား ဟာခီမီကိုပါ ေခၚယူနိုင္ဖို႔အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရိုသန္း(၇၀) ေလာက္ အထိ တိုးျမႇင့္ေပးသြားဖြယ္ ရွိေနပါတယ္။

ေမာ္ရိုကိုလက္ေ႐ြးစင္ ေနာက္ခံအစြန္လူ ဟာခီမီဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီကမွ ရီးရဲလ္မက္ဒရစ္ကေန အင္တာမီလန္အသင္းဆီကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး စီးရီးေအမွာ အထူးေျခစြမ္းျပသနိုင္ခဲ့သလို အသင္းကိုလည္း စီးရီးေအ ခ်န္ပီယံဆုႀကီး ျပန္လည္ရယူနိုင္ေအာင္ ကူညီေပးနိုင္ခဲ့ပါတယ္။

ဟာခီမီဟာ ၿပီးခဲ့တဲ့ရာသီက အင္တာမီလန္အသင္းအတြက္ စီးရီးေအသြင္းဂိုး (၇)ဂိုးအထိကို သြင္းယူထားခဲ့သလို ဂိုးဖန္တီးမႈကိုလည္း (၁၀)ဂိုးအထိ လုပ္ေဆာင္ထားကာ ခံစစ္ပိုင္းမွာေရာ တိုက္စစ္အပိုင္းမွာပါ အားထားရတဲ့ ကစားသမားတစ္ေယာက္အျဖစ္ ေျခစြမ္းျပနိုင္ခဲ့ပါတယ္။

ဟာခီမီကို ပီအက္စ္ဂ်ီနဲ႕ ခ်ယ္လ္ဆီးအသင္းေတြကေတာ့ ဟာခီမီကို အဓိကပစ္မွတ္ထားေနၾကပါတယ္။ ဒီလို စိတ္ဝင္စားမႈေတြ ရွိေနေပမယ့္ အင္တာမီလန္ အသင္းဘက္ကေတာ့ သူတို႔ရဲ႕ ကစားသမားကို အသင္းကေန ေရာင္းထုတ္သြားဖို႔ ဆႏၵမရွိပဲ အသင္းမွာသာ ဆက္လက္ထိန္းသိမ္းသြားခ်င္ေနပါတယ္။

ဒါေပမယ့္ အင္တာမီလန္အသင္းဟာ အသင္းနည္းျပ အန္တိုနီိယိုကြန္တီနဲ႕ လက္တြဲျဖဳတ္ထားခဲ့ရၿပီး သူရဲ႕ေနရာမွာ လာဇီယိုနည္းျပ အင္ဇာဂီနဲ႕ အစားထိုးထားခဲ့ရတာေၾကာင့္ နည္းျပအေျပာင္းအလဲအေပၚမွာ စိတ္ပ်က္ေနတဲ့ ဟာခီမီက အင္တာနဲ႕ လက္တြဲျဖဳတ္သြားခ်င္ေနတာျဖစ္ပါတယ္။

ဒီလို အေျခအေနရွိတဲ့ ဟာခီမီကို ပီအက္စ္ဂ်ီနဲ႕ ခ်ယ္လ္ဆီးတို႔ကေန အၿပိဳင္လိုက္ေနၾကၿပီး ကနဦး ကမ္းလွမ္းခ်က္ေတြကိုလည္း လုပ္ေဆာင္ထားၾကေပမယ့္ အင္တာဘက္ကေန ပယ္ခ်ထားခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီအသင္းက ဟာခီမီအတြက္ ယူရိုသန္း(၇၀) အထိ တိုးျမႇင္ကမ္းလွမ္းသြားဖို႔ ျပင္ဆင္လာခဲ့တာျဖစ္ပါတယ္။