Spots news

စကော့တလန်နဲ့ပွဲမှာ ပြန်လည်ပါဝင်ကစားနိုင်တော့မယ့် ယူနိုက်တက်နောက်ခံလူ ဂေါင်းကြီး

Unicode Version

အင်္ဂလန်အသင်း နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းရားက မိမိအနေဖြင့် ဇွန်လ (၁၈)ရက် စကော့တလန် အသင်းနှင့် ကစားမည့်ပွဲတွင် ပါဝင်ကစားရန်ကြံ့ခိုင်မှု ပြည့်ဝနေပြီ ဖြစ်ကြောင်း  ပြောကြားခဲ့ပါတယ်။

အသက် (၂၈)နှစ်အရွယ်ရှိ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မက်ဂွိုင်းရားဟာ မေလ (၉)ရက်က ကစားခဲ့သည့် အက်စတွန်ဗီလာအသင်းနှင့်ပွဲတွင် ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းကတည်းက ပွဲကစားနိုင်ခြင်းမရှိခဲ့တာပါ

သို့ပေမယ့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ မက်ဂွိုင်းရားကို ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ရွေးချယ်ခဲ့ပါတယ်။

မက်ဂွိုင်းရားဟာ အင်္ဂလန်အသင်းနှင့် လေ့ကျင့်မှု (၆)ကြိမ်သာ ပြုလုပ်နိုင် သေးပြီး ရှုံးထွက်အဆင့်တွင်မှ စတင် ကစားနိုင်မည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ခဲ့ပါတယ်။

သို့‌ပေမယ့် မက်ဂွိုင်းရားက ”ကျွန်တော် ကြံ့ခိုင်မှုပြည့်ဝနေပြီး ပွဲလည်း အရမ်း ကစားချင် နေပါပြီ။ ခြေချင်းဝတ် ဒဏ်ရာ ကောင်းသွားပြီ ဖြစ်သလို၊ ကြံ့ခိုင်မှု ပြည့်ဝနေပြီလို့လည်း ခံစားရပါတယ်။

ကျွန်တော့် အနေနဲ့ ကိုယ့်ရဲ့ ကြံ့ခိုင်မှုကို အားရကျေနပ်မှုရှိပြီး စကော့တလန် နဲ့ပွဲမှာ ကျွန်တော် ပါဝင် ကစားနိုင်ပါတယ်”ဟု ပြောကြားခဲ့ ပါတယ်။

Zawgyi Version

အဂၤလန္အသင္း ေနာက္ခံလူ ဟယ္ရီ မက္ဂြိုင္းရားက မိမိအေနျဖင့္ ဇြန္လ (၁၈)ရက္ စေကာ့တလန္အသင္းႏွင့္ ကစားမည့္ပြဲတြင္ ပါဝင္ကစားရန္ႀကံ့ခိုင္မႈျပည့္ဝေနၿပီျဖစ္ေၾကာင္း  ေျပာၾကားခဲ့ပါတယ္။

အသက္ (၂၈)ႏွစ္အ႐ြယ္ရွိ မန္ခ်က္စတာ ယူနိုက္တက္ ေနာက္ခံလူ မက္ဂြိုင္းရားဟာ ေမလ (၉)ရက္က ကစားခဲ့သည့္ အက္စတြန္ဗီလာအသင္းႏွင့္ပြဲတြင္ ေျခခ်င္းဝတ္ဒဏ္ရာရရွိခဲ့ျခင္းျဖစ္ၿပီး ယင္းကတည္းက ပြဲကစားနိုင္ျခင္းမရွိခဲ့တာပါ

သို႔ေပမယ့္ အဂၤလန္နည္းျပ ေဆာက္ဂိတ္သည္ မက္ဂြိုင္းရားကို ယူရိုၿပိဳင္ပြဲဝင္ အဂၤလန္အသင္းတြင္ ေ႐ြးခ်ယ္ခဲ့ပါတယ္။

မက္ဂြိုင္းရားဟာ အဂၤလန္အသင္းႏွင့္ ေလ့က်င့္မႈ (၆)ႀကိမ္သာ ျပဳလုပ္နိုင္ေသးၿပီး ရႈံးထြက္အဆင့္တြင္မွ စတင္ကစားနိုင္မည္ဟု ၿဗိတိန္မီဒီယာမ်ားက သုံးသပ္ခဲ့ပါတယ္။

သို႔‌ေပမယ့္ မက္ဂြိုင္းရားက ”ကြၽန္ေတာ္ ႀကံ့ခိုင္မႈျပည့္ဝေနၿပီး ပြဲလည္း အရမ္းကစားခ်င္ေနပါၿပီ။ ေျခခ်င္းဝတ္ဒဏ္ရာ ေကာင္းသြားၿပီျဖစ္သလို၊ ႀကံ့ခိုင္မႈျပည့္ဝေနၿပီလို႔လည္း ခံစားရပါတယ္။

ကြၽန္ေတာ့္အေနနဲ႕ ကိုယ့္ရဲ႕ႀကံ့ခိုင္မႈကို အားရေက်နပ္မႈရွိၿပီး စေကာ့တလန္နဲ႕ပြဲမွာ ကြၽန္ေတာ္ ပါဝင္ကစားနိုင္ပါတယ္”ဟု ေျပာၾကားခဲ့ပါတယ္။