Unicode
၂၀၁၉ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး ယခုအချိန်ထိလည်း ပရိသတ်ကြားမှာရေပန်းစားနေဆဲဖြစ်တဲ့ “The Untamed” ဇာတ်လမ်းကတော့ ဘယ်နှစ်ခါကြည့်ကြည့် မရိုးနိုင်တဲ့ ဇာတ်လမ်းပါပဲ။ အမာခံအားပေးသူတွေကတော့ ဒီဇာတ်လမ်းလေးကို တသသဖြစ်နေဆဲပါပဲ။
December 28 ရက်မှာတော့ ထိုဇာတ်လမ်းတွဲရဲ့ လက်ထောက်ဒါရိုက်တာတစ်ယောက်ဖြစ်သူ Yue Liang ကတော့ ဇာတ်လမ်းထဲမှာပါဝင်ရိုက်ကူးခဲ့တဲ့ မင်းသားမင်းသမီးတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တစ်ယောက်ရဲ့တောင်းဆိုမှုကြောင့် Weibo မှာ တင်ပေးခဲ့ပါတယ်။
သူမဟာ “သရုပ်ဆောင်တွေနဲ့ အတူတူရိုက်ထားတဲ့ပုံလေးတွေတောင်းဆိုထားလို့ တင်ပေးလိုက်ပြီနော်..သူမဆီပဲသီးသန့်ပို့လိုက်ရမလား?? တော်ပါပြီ “The Untamed” ဆိုတာ ပရိသတ်တိုင်းအတွက်ပဲလေ..” ဆိုတဲ့စာသားလေးနဲ့အတူ ပုံလေးတွေတင်ပေးခဲ့ပါတယ်။
ဒီပုံလေးတွေကတော့ ပရိသတ်ကြားမှာ ပြန့်နှံ့သွားပြီး အဓိကမင်းသားနှစ်ယောက်ဖြစ်တဲ့ GG နဲ့ DD ကို အလွမ်းပိုခဲ့ရပါတော့တယ်။ Xiao Zhan နဲ့ Wang Yibo ကိုတော့ December 20 ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ “Tencent Viedo All Star Night” မှာ အချိန်တော်ကြာမှ အတူတူတွေ့ခဲ့ရတာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ပုံလေးတွေကြောင့်ပဲ “The Untamed” ထဲက အတွဲညီခဲ့တဲ့ ပုံရိပ်တွေကို လွမ်းဆွတ်ခဲ့ကြရပါတယ်။
ယခုအခါမှာလည်း လက်ထောက်ဒါရိုက်တာ တင်ပေးလိုက်တဲ့ပုံလေးတွေကြောင့် ထွက်ရှိပြီးသားဇာတ်လမ်းကို တမ်းတရပြန်ပါပြီ။ ၂၀၂၀ ခုနှစ်အတွင်း Xiao Zhan ကို ဦးတည်တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်တွေတုန်းက လက်ထောက်ဒါရိုက်တာ Yue Liang ဟာ Zhan Ge ဖက်က ရပ်တည်ပြီး ပြန်လည်ချေပပေးခဲ့သူလည်းဖြစ်ပါတယ်။
Zhan Ge ဟာ ရည်မွန်သူဖြစ်ပြီး စိတ်ထားပြည့်ဝသူဖြစ်ကြောင်း၊ စိတ်ဓာတ်ကြံ့ခိုင်ပြီး အလုပ်ကြိုးစားသူဖြစ်ကြောင်း စသည်ဖြင့်ရေးသားပြောဆိုပြီး Xiao Zhan ဖက်ကရပ်တည်ကာ Anti-fan တွေကို ပြန်လည်ချေပပေးခဲ့သူလည်းဖြစ်ပါတယ်။ xfx တိုင်းလည်း GGရဲ့ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်သိက္ခာကိုအသိဆုံးပါပဲနော်…
အတိတ်ကအတိတ်မှာ ကုန်ဆုံးခဲ့ပြီဖြစ်ပေမဲ့လည်း ယခု သူမတင်ပေးလိုက်တဲ့ဓာတ်ပုံလေးတွေကတော့ “The Untamed” ဇာတ်လမ်းထဲက သရုပ်ဆောင်တွေနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့အချိန်လေးတွေကို မြင်သာနေစေခဲ့ပါတော့တယ်
Zawgyi
၂၀၁၉ ခုႏွစ္မွာ စတင္ထြက္ရွိခဲ့ၿပီး ယခုအခ်ိန္ထိလည္း ပရိသတ္ၾကားမွာေရပန္းစားေနဆဲျဖစ္တဲ့ “The Untamed” ဇာတ္လမ္းကေတာ့ ဘယ္ႏွစ္ခါၾကည့္ၾကည့္ မရိုးနိုင္တဲ့ ဇာတ္လမ္းပါပဲ။ အမာခံအားေပးသူေတြကေတာ့ ဒီဇာတ္လမ္းေလးကို တသသျဖစ္ေနဆဲပါပဲ။
December 28 ရက္မွာေတာ့ ထိုဇာတ္လမ္းတြဲရဲ႕ လက္ေထာက္ဒါရိုက္တာတစ္ေယာက္ျဖစ္သူ Yue Liang ကေတာ့ ဇာတ္လမ္းထဲမွာပါဝင္ရိုက္ကူးခဲ့တဲ့ မင္းသားမင္းသမီးေတြနဲ႕ ရိုက္ထားတဲ့ ဓာတ္ပုံေလးေတြကို ပရိသတ္တစ္ေယာက္ရဲ႕ေတာင္းဆိုမႈေၾကာင့္ Weibo မွာ တင္ေပးခဲ့ပါတယ္။
သူမဟာ “သ႐ုပ္ေဆာင္ေတြနဲ႕ အတူတူရိုက္ထားတဲ့ပုံေလးေတြေတာင္းဆိုထားလို႔ တင္ေပးလိုက္ၿပီေနာ္..သူမဆီပဲသီးသန့္ပို႔လိုက္ရမလား?? ေတာ္ပါၿပီ “The Untamed” ဆိုတာ ပရိသတ္တိုင္းအတြက္ပဲေလ..” ဆိုတဲ့စာသားေလးနဲ႕အတူ ပုံေလးေတြတင္ေပးခဲ့ပါတယ္။
ဒီပုံေလးေတြကေတာ့ ပရိသတ္ၾကားမွာ ျပန့္ႏွံ႕သြားၿပီး အဓိကမင္းသားႏွစ္ေယာက္ျဖစ္တဲ့ GG နဲ႕ DD ကို အလြမ္းပိုခဲ့ရပါေတာ့တယ္။ Xiao Zhan နဲ႕ Wang Yibo ကိုေတာ့ December 20 ရက္ေန႕တုန္းက ျပဳလုပ္ခဲ့တဲ့ “Tencent Viedo All Star Night” မွာ အခ်ိန္ေတာ္ၾကာမွ အတူတူေတြ႕ခဲ့ရတာျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ပုံေလးေတြေၾကာင့္ပဲ “The Untamed” ထဲက အတြဲညီခဲ့တဲ့ ပုံရိပ္ေတြကို လြမ္းဆြတ္ခဲ့ၾကရပါတယ္။
ယခုအခါမွာလည္း လက္ေထာက္ဒါရိုက္တာ တင္ေပးလိုက္တဲ့ပုံေလးေတြေၾကာင့္ ထြက္ရွိၿပီးသားဇာတ္လမ္းကို တမ္းတရျပန္ပါၿပီ။ ၂၀၂၀ ခုႏွစ္အတြင္း Xiao Zhan ကို ဦးတည္တိုက္ခိုက္ခဲ့တဲ့ အျဖစ္အပ်က္ေတြတုန္းက လက္ေထာက္ဒါရိုက္တာ Yue Liang ဟာ Zhan Ge ဖက္က ရပ္တည္ၿပီး ျပန္လည္ေခ်ပေပးခဲ့သူလည္းျဖစ္ပါတယ္။
Zhan Ge ဟာ ရည္မြန္သူျဖစ္ၿပီး စိတ္ထားျပည့္ဝသူျဖစ္ေၾကာင္း၊ စိတ္ဓာတ္ႀကံ့ခိုင္ၿပီး အလုပ္ႀကိဳးစားသူျဖစ္ေၾကာင္း စသည္ျဖင့္ေရးသားေျပာဆိုၿပီး Xiao Zhan ဖက္ကရပ္တည္ကာ Anti-fan ေတြကို ျပန္လည္ေခ်ပေပးခဲ့သူလည္းျဖစ္ပါတယ္။ xfx တိုင္းလည္း GGရဲ႕ စိတ္ဓာတ္နဲ႕ ကိုယ္က်င့္သိကၡာကိုအသိဆုံးပါပဲေနာ္…
အတိတ္ကအတိတ္မွာ ကုန္ဆုံးခဲ့ၿပီျဖစ္ေပမဲ့လည္း ယခု သူမတင္ေပးလိုက္တဲ့ဓာတ္ပုံေလးေတြကေတာ့ “The Untamed” ဇာတ္လမ္းထဲက သ႐ုပ္ေဆာင္ေတြနဲ႕အတူ ေပ်ာ္႐ႊင္ၾကည္ႏူးစရာေကာင္းတဲ့အခ်ိန္ေလးေတြကို ျမင္သာေနေစခဲ့ပါေတာ့တယ်
Source: 38jiejie
Photos: Credits