Spots news

” ဆန်ချို အပြောင်းအရွေ့နဲ့. ပက်သက်ပြီး မှတ်ချက်ပေးသွားခဲ့တဲ့ ဖာဂူဆန် “





Unicode

ယူနိက်တက် အသင်းရဲ့ ပဲ့ကိုင်ရှင် ဖာဂူဆန် ကတော့ အသက်အရွယ် ကြီးနေပြီ ဖြစ်ပေမယ့် သူ့ရဲ့စိတ်က ဘောလုံးပွဲတွေဆီမှာဘဲရောက်နေတတ်ပါတယ် ။ ယခုအချိန်အထိ ယူနိက်တက် နဲ့အတူ နိုင်ပွဲတွေကို ဆာလောင်နေတဲ့ နည်းပြဟောင်း 1 ယောက် လို့ ယူနိက်တက် ဂန္တဝင်ဘော်ဘီချာတန်က ပြောခဲ့ဖူးပါတယ် ။

ယူနိက်တက် မှာ လက်ရှိကစားသမားတွေရဲ့ စွမ်းရည် တွေနဲ့ ပတ်သက်ပြီး ဝေဖန်အကြံပေးတတ်သလို ယခုအခါမှာတော့ အပြောင်းအရွေ့အကြောင်းပါ ပြောလာခဲ့ပါပြီ ။ ယူနိက်တက် လက်ရှိ ကြိုးစားနေတဲ့ ဆန်ချို ကိုခေါ်ယူနိုင်ရေးက ဘယ်လောက်အကျိုးသက်ရောက်မှုရှိမလဲဆိုတဲ့အကြောင်းကို ဖာဂူဆန်က ယခုလိုပြောခဲ့ပါတယ်…

ဖာဂူဆန်က ” ကျနော်တို့ အများကြီးစဉ်းစားစရာဖြစ်နေတာတခုတည်းပါ…..ပြောင်းရွေ့ကြေး က အဆမတန်များပြီး အန္တာရာယ်ရှိလောက်တဲ့ အနေအထားပါ….ကျနော် စဉ်းစားမိသလောက် အဆင်မပြေတာတခုက ဒါပါဘဲ ။ ဆန်ချို အနေနဲ့ ယူနိက်တက်ကို အကူညီပေးမယ့် ကစားသမားပါ….ဂိုးတွေသွင်းယူနိုင်မယ် လို့လည်း ကျနော်ထင်ပါတယ်….သူ့စွမ်းရည်က ပြိုင်ဘက် နောက်တန်းကစားသမားတွေကို ကောင်းကောင်း အလုပ်ပေးနိုင်တဲ့ စွမ်းရည်ရှိပါတယ်…

ဆန်ချို က ယူနိက်တက်မှ မဟုတ်ပါဘူး အင်္ဂလန် အသင်းကိုလည်း အထောက်အကူပေးတဲ့ ကစားမားမို့ သိပ်ပြီး အပြစ်ပြောစရာမရှိပါဘူး…ရောက်လာမယ်ဆိုရင်တော့ ဂုဏ်ယူစရာပါ ” ဟုပြောသွားခဲ့ပါတယ် ။

ခ ရက် ဒစ်