


Unicode
ပရီးမီးယားလိဂ် အင်အားကြီး အသင်း 1 သင်း ဖြစ်တဲ့ ယူနိုက်တက် အသင်းသည် ဒေါ့မွန် အသင်းမှ အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ဆန်ချိုကို ခေါ်ယူနိုင်ဘို့. ဆက်လက် လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရဘာတယ် ။
ယူနိုက်တက် အသင်းသည် ပြီးခဲ့တဲ့နှစ်ကလည်း ဆန်ချိုကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒေါ့မွန်နဲ့ ပြောင်းရွေ့ကြေးကို သဘောတူမှု မရရှိခဲ့လို့ မခေါ်ယူနိုင်ခဲ့ပါဘူး။ 2020 2021 ဘောလုံးရာသီမှာတော့ ဆန်ချိုသည် ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ 16 ဂိုးသွင်း၊ 20 ဂိုးဖန်တီးပြီး ပုံစံကောင်းတွေ ပြသနိုင်ခဲ့ဘာတယ် ။
ဒါပေမယ့် ဆန်ချို သည် ကြွက်သားဒဏ်ရာကြောင့် 2 လခန့် အနားယူခဲ့ရပါတယ်။ ဆန်ချို သည် ယူရို 2020 ပြိုင်ပွဲဝင်နေတဲ့ အင်္ဂလန်အသင်းရဲ့ ကစားသမား 26 ယောက်စာရင်းမှာ ရွေးချယ်ခံထားရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခရိုအေးရှားအသင်းကို 1 :0 ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာတော့ သူ့အနေနဲ့ မပါဝင်နိုင်ခဲ့ပါဘူး။
Manchester Evening News ကတော့ ဆန်ချို နဲ့ ပက်သက်ပြီး လာမယ့်ရက်ပိုင်းအတွင်း ယူနိုက်တက် ပရိတ်သတ်တွေ သတင်းကောင်းကြားရဖွယ် ရှိတယ်လို့ ဆိုးရှားက ပြောကြားခဲ့တာ တွေ့ရဘာတယ် ။
ခ ရက် ဒစ်