Spots news

ရိုနယ်ဒိုက တကိုယ်‌ကောင်းဆန်သူမဟုတ်ကြောင်းကာကွယ်လိုက်တဲ့ ဘရူနိုဖာနန်ဒက်စ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ကတော့ သူ့ရဲ့ နိုင်ငံအသင်းဖော် ခရစ္စတီယာနို ရိုနယ်ဒိုဟာ အများထင်သလို တကိုယ်ကောင်းဆန်တဲ့ ကစားသမားမျိုး မဟုတ်ပဲ အသင်းဖော်တွေ စည်းလုံးလာအောင် ပြုလုပ်ပေးနိုင်သူ ဖြစ်ကြောင်း ယမန်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီအသင်းရဲ့ အဓိက တိုက်စစ်မှူးလည်းဖြစ် အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ရိုနယ်ဒိုဟာ အနိုင်ရလိုစိတ် ပြင်းပျသူ ဖြစ်ပြီး သူ့ရဲ့ အနိုင်ရလိုစိတ်ကြောင့်ပဲ အသင်းဖော်တွေ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို ဖြုန်းတီးမိတဲ့အခါတိုင်း စိတ်ပျက်လက်ပျက် ဖြစ်သွားတဲ့ သူ့ရဲ့ သွင်ပြင်ကို ကင်မရာတွေထဲမှာ မကြာခဏ ဆိုသလို မြင်တွေ့ခဲ့ရပါတယ်။

ဒါကြောင့်လည်း ဘောလုံးပရိသတ် အများစုက ရိုနယ်ဒိုဟာ တကိုယ်ကောင်းဆန်တဲ့ ကစားသမားမျိုးလို့ အထင်ရောက်လေ့ ရှိပြီး ရိုနယ်ဒိုကို စံပြပုဂ္ဂိုလ်အဖြစ် အတုယူကာ ကြိုးစားလေ့ ရှိတဲ့ ဘရူနို ဖာနန်ဒက်ကတော့ ရိုနယ်ဒိုဟာ အများထင်သလို ကစားသမားမျိုး မဟုတ်ကြောင်း ရှင်းပြသွားပါတယ်။

ထို့အပြင် ဖာနန်ဒက်က ရိုနယ်ဒိုဟာ ပေါ်တူဂီအသင်း အတွက် မရှိမဖြစ် ကစားသမား တဦး ဖြစ်သလို သူတို့ကိုလည်း နိုင်ငံနဲ့ အသင်း အတွက် အကောင်းဆုံး ပေးဆပ်ကစားဖို့ အမြဲတမ်း တိုက်တွန်းလေ့ ရှိကြောင်း အဝတ်လဲခန်းအတွင်းက ရိုနယ်ဒိုရဲ့ ခေါင်းဆောင်နိုင်စွမ်းတွေကို ပြောပြသွားပါတယ်။ ရိုနယ်ဒိုနဲ့ ပတ်သတ်ပြီး ဖာနန်ဒက်က

“ရိုနယ်ဒိုဟာ ပွဲတပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမား တဦးပါ။ သူက ဟန်ဂေရီနဲ့ပွဲမှာ နှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး အဲ့ဒါက နိုင်ပွဲအတွက် အရေးပါခဲ့ပါတယ်။ လူတိုင်းက သူ့ရဲ့ သွင်းဂိုးတွေကို လွယ်လွယ်ကူကူ သွင်းယူနိုင်တဲ့ အရည်အချင်းနဲ့ ပတ်သတ်ပြီး အံ့အားသင့်လေ့ ရှိပါတယ်။

ဒါပေမယ့် ရိုနယ်ဒို ပြောလေ့ရှိတဲ့ စကားတခွန်းက အောင်ပွဲတွေ ရဖို့ အဓိက အရေးအကြီးဆုံးအရာဟာ တသင်းလုံး ဆိုတာပါပဲ။ လူတိုင်းက တခြားလူတွေကို ကူညီဖို့နဲ့ ကိုယ့်ရဲ့နိုင်ငံ အတွက် အကောင်းဆုံး ကြိုးစားဖို့ လိုပါတယ်။ ဒါကြောင့်ပဲ သူကလည်း ကျွန်တော်တို့ရဲ့ အသင်းဖော် တဦး ဖြစ်ပြီး

အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ အမြဲတမ်း ကြိုးစားနေသူပါ။ သူ ဘယ်လောက်အထိ ကောင်းလဲ ဆိုတာ ကျွန်တော်တို့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ မြင်ပြီးပါပြီ။ ကျွန်တော်တို့တွေ အားလုံးက အဖွင့်ပွဲကို အနိုင်ရခဲ့တဲ့ အတွက် ပျော်ရွှင်နေကြပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ေပၚတူဂီ ကြင္းလယ္လူ ဘ႐ူနို ဖာနန္ဒက္ကေတာ့ သူ႕ရဲ႕ နိုင္ငံအသင္းေဖာ္ ခရစၥတီယာနို ရိုနယ္ဒိုဟာ အမ်ားထင္သလို တကိုယ္ေကာင္းဆန္တဲ့ ကစားသမားမ်ိဳး မဟုတ္ပဲ အသင္းေဖာ္ေတြ စည္းလုံးလာေအာင္ ျပဳလုပ္ေပးနိုင္သူ ျဖစ္ေၾကာင္း ယမန္ေန႕မွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားသြားခဲ့ပါတယ္။

အသက္ ၃၆ႏွစ္ အ႐ြယ္ ေပၚတူဂီအသင္းရဲ႕ အဓိက တိုက္စစ္မႉးလည္းျဖစ္ အသင္းေခါင္းေဆာင္လည္း ျဖစ္တဲ့ ရိုနယ္ဒိုဟာ အနိုင္ရလိုစိတ္ ျပင္းပ်သဴ ျဖစ္ၿပီး သူ႕ရဲ႕ အနိုင္ရလိုစိတ္ေၾကာင့္ပဲ အသင္းေဖာ္ေတြ ဂိုးရနိုင္တဲ့ အခြင့္အေရးေတြကို ျဖဳန္းတီးမိတဲ့အခါတိုင္း စိတ္ပ်က္လက္ပ်က္ ျဖစ္သြားတဲ့ သူ႕ရဲ႕ သြင္ျပင္ကို ကင္မရာေတြထဲမွာ မၾကာခဏ ဆိုသလို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါေၾကာင့္လည္း ေဘာလုံးပရိသတ္ အမ်ားစုက ရိုနယ္ဒိုဟာ တကိုယ္ေကာင္းဆန္တဲ့ ကစားသမားမ်ိဳးလို႔ အထင္ေရာက္ေလ့ ရွိၿပီး ရိုနယ္ဒိုကို စံျပပုဂၢိဳလ္အျဖစ္ အတုယူကာ ႀကိဳးစားေလ့ ရွိတဲ့ ဘ႐ူနို ဖာနန္ဒက္ကေတာ့ ရိုနယ္ဒိုဟာ အမ်ားထင္သလို ကစားသမားမ်ိဳး မဟုတ္ေၾကာင္း ရွင္းျပသြားပါတယ္။

ထို႔အျပင္ ဖာနန္ဒက္က ရိုနယ္ဒိုဟာ ေပၚတူဂီအသင္း အတြက္ မရွိမျဖစ္ ကစားသမား တဦး ျဖစ္သလို သူတို႔ကိုလည္း နိုင္ငံနဲ႕ အသင္း အတြက္ အေကာင္းဆုံး ေပးဆပ္ကစားဖို႔ အၿမဲတမ္း တိုက္တြန္းေလ့ ရွိေၾကာင္း အဝတ္လဲခန္းအတြင္းက ရိုနယ္ဒိုရဲ႕ ေခါင္းေဆာင္နိုင္စြမ္းေတြကို ေျပာျပသြားပါတယ္။ ရိုနယ္ဒိုနဲ႕ ပတ္သတ္ၿပီး ဖာနန္ဒက္က

“ရိုနယ္ဒိုဟာ ပြဲတပြဲကို အဆုံးအျဖတ္ ေပးနိုင္တဲ့ ကစားသမား တဦးပါ။ သူက ဟန္ေဂရီနဲ႕ပြဲမွာ ႏွစ္ဂိုး သြင္းယူနိုင္ခဲ့ၿပီး အဲ့ဒါက နိုင္ပြဲအတြက္ အေရးပါခဲ့ပါတယ္။ လူတိုင္းက သူ႕ရဲ႕ သြင္းဂိုးေတြကို လြယ္လြယ္ကူကူ သြင္းယူနိုင္တဲ့ အရည္အခ်င္းနဲ႕ ပတ္သတ္ၿပီး အံ့အားသင့္ေလ့ ရွိပါတယ္။

ဒါေပမယ့္ ရိုနယ္ဒို ေျပာေလ့ရွိတဲ့ စကားတခြန္းက ေအာင္ပြဲေတြ ရဖို႔ အဓိက အေရးအႀကီးဆုံးအရာဟာ တသင္းလုံး ဆိုတာပါပဲ။ လူတိုင္းက တျခားလူေတြကို ကူညီဖို႔နဲ႕ ကိုယ့္ရဲ႕နိုင္ငံ အတြက္ အေကာင္းဆုံး ႀကိဳးစားဖို႔ လိုပါတယ္။ ဒါေၾကာင့္ပဲ သူကလည္း ကြၽန္ေတာ္တို႔ရဲ႕ အသင္းေဖာ္ တဦး ျဖစ္ၿပီး

အေကာင္းဆုံး လုပ္ေဆာင္နိုင္ဖို႔ အၿမဲတမ္း ႀကိဳးစားေနသူပါ။ သူ ဘယ္ေလာက္အထိ ေကာင္းလဲ ဆိုတာ ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ ပြဲစဥ္မွာ ျမင္ၿပီးပါၿပီ။ ကြၽန္ေတာ္တို႔ေတြ အားလုံးက အဖြင့္ပြဲကို အနိုင္ရခဲ့တဲ့ အတြက္ ေပ်ာ္႐ႊင္ေနၾကပါတယ္” လို႔ ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။