Unicode Version
ယူနိုက်တက်ဟာ ယခုနွေရာသီမှာ ဒေါ့မွန်တောင်ပံတိုက်စစ်မှူး ဂျာဒန်ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဘယ်တောင်ပံ အတွက် မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဒန်နီရယ်လ်ဂျိမ်းစ် တို့ ရှိနေတာကြောင့် ယူနိုက်တက်ဟာ ညာတောင်ပံအတွက် အင်္ဂလန် လက်ရွေးစင်ကို ခေါ်ယူလို နေတာ ဖြစ်ပါတယ်။
သရဲနီတွေဟာ ပြီးခဲ့တဲ့ နှစ်ကလည်း ဆန်ချိုကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒေါ့မွန်နဲ့ ပြောင်းရွေ့ကြေးကို သဘောတူမှု မရရှိခဲ့လို့ မခေါ်ယူ နိုင်ခဲ့ပါဘူး။
၂၀၂၀-၂၁ ဘောလုံး ရာသီမှာတော့ အသက် ၂၁ နှစ်သားဟာ ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံ ၁၆ ဂိုးသွင်း၊ ၂၀ ဂိုးဖန်တီးပြီး ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ကြွက်သားဒဏ်ရာကြောင့် နှစ်လခန့် အနားယူခဲ့ ရပါတယ်။
ဆန်ချိုဟာ ယူရို ၂၀၂၀ ပြိုင်ပွဲဝင်နေတဲ့ အင်္ဂလန်အသင်းရဲ့ ကစားသမား ၂၆ ယောက် စာရင်းမှာ ရွေးချယ်ခံ ထားရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခရိုအေးရှား အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ပွဲစဥ်မှာတော့ သူ့အနေနဲ့ မပါဝင်နိုင်ခဲ့ပါဘူး။
Manchester Evening News ကတော့ ဆန်ချိုဟာ ယခုနွေရာသီမှာ သရဲနီတွေဆီသို့ ပေါင် ၇၅ သန်းဝန်းကျင်နဲ့ ပြောင်းရွေ့လာ လိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။
Credit
Zawgyi Version
ယူနိုက္တက္ဟာ ယခုေႏြရာသီမွာ ေဒါ့မြန္ေတာင္ပံတိုက္စစ္မႉး ဂ်ာဒန္ဆန္ခ်ိဳကို ေခၚယူနိုင္ဖို႔ ဆက္လက္ လုပ္ေဆာင္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။
ဘယ္ေတာင္ပံအတြက္ မားကပ္စ္ရက္ရွ္ဖို႔ဒ္နဲ႕ ဒန္နီရယ္လ္ဂ်ိမ္းစ္တို႔ ရွိေနတာေၾကာင့္ ယူနိုက္တက္ဟာ ညာေတာင္ပံအတြက္ အဂၤလန္လက္ေ႐ြးစင္ကို ေခၚယူလိုေနတာျဖစ္ပါတယ္။
သရဲနီေတြဟာ ၿပီးခဲ့တဲ့ႏွစ္ကလည္း ဆန္ခ်ိဳကိုေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ေဒါ့မြန္နဲ႕ ေျပာင္းေ႐ြ႕ေၾကးကို သေဘာတူမႈ မရရွိခဲ့လို႔ မေခၚယူနိုင္ခဲ့ပါဘူး။
၂၀၂၀-၂၁ ေဘာလုံးရာသီမွာေတာ့ အသက္ ၂၁ ႏွစ္သားဟာ ေဒါ့မြန္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၆ ဂိုးသြင္း၊ ၂၀ ဂိုးဖန္တီးၿပီး ပုံစံေကာင္းေတြ ျပသနိုင္ခဲ့ပါတယ္။ ဒါေပမယ့္ သူဟာ ႂကြက္သားဒဏ္ရာေၾကာင့္ ႏွစ္လခန့္ အနားယူခဲ့ရပါတယ္။
ဆန္ခ်ိဳဟာ ယူရို ၂၀၂၀ ၿပိဳင္ပြဲဝင္ေနတဲ့ အဂၤလန္အသင္းရဲ႕ ကစားသမား ၂၆ ေယာက္စာရင္းမွာ ေ႐ြးခ်ယ္ခံထားရပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ တနဂၤေႏြေန႕က ခရိုေအးရွားအသင္းကို ၁-၀ ဂိုးနဲ႕ အနိုင္ယူခဲ့တဲ့ပြဲစဥ္မွာေတာ့ သူ႕အေနနဲ႕ မပါဝင္နိုင္ခဲ့ပါဘူး။
Manchester Evening News ကေတာ့ ဆန္ခ်ိဳဟာ ယခုေႏြရာသီမွာ သရဲနီေတြဆီသို႔ ေပါင္ ၇၅ သန္းဝန္းက်င္နဲ႕ ေျပာင္းေ႐ြ႕လာလိမ့္မယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
Credit