Spots news

၃၆ နှစ်ပြည့်ပြီဖြစ်တဲ့ ဖာနန်ဒင်ဟိုကို တစ်နှစ်သက်တမ်းတိုးပြီး လေးစားကြောင်းပြသခဲ့တဲ့ မန်စီးတီး

Unicode Version

မန်စီးတီးအသင်းခေါင်းဆောင် ဖာနန်ဒင်ဟိုဟာ တစ်နှစ်သက်တမ်းတိုးဖို့သဘောတူညီခဲ့ပါတယ်။ ဘရာဇီးသား ဝါရင့်ကွင်းလယ်လူကြီးဟာ စီးတီးရဲ့

ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးမှုတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး နည်းပြပက်ဂွါဒီယိုလာရဲ့အသင်းမှာ အရေးပါတဲ့ ကစားသမားအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက အသက်၃၆နှစ်ပြည့်ခဲ့တဲ့ ကွင်းလယ်လူဟာ အသင်းအတွက် သူကစားခွင့်ရတာတွေ လျော့နည်းသွားပေမယ့် ချန်ပီယံလိဂ်မှာ အကောင်းဆုံး ကစားပြနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပေါ်တိုတွင် ချဲလ်ဆီးနဲ့ကစားတဲ့ ဗိုလ်လုပွဲမှာတော့ ဖာနန်ဒင်ဟို အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရပြီး ဂမ်ဒိုဂန်က သူနေရာ အစားဝင်ကစားခဲ့ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ကစားသမား အနားယူချိန် ရောက်ခါနီးတွင် ကလပ်မှာ သူရဲ့ ရပ်တည်မှုအပေါ် ပြီးခဲ့တဲ့လတွေက ဆွေးနွေးထားခဲ့ပြီး လာမယ့်နှစ်မှာ အီတီဟက်ဒ်တွင် ဆက်ကစားသွားရန် သဘောတူညီမှု ရခဲ့ပါတယ်။

ရာသီသစ်တွင် ဖာနန်ဒင်ဟိုဟာ မန်စီးတီးအတွက် ၉ရာသီကြာ ကစားသွားမှာ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုမှုကို စီးတီးအသင်း ရာသီကြိုလေ့ကျင့်ရေး မစခင်မှာ ကြေညာသွားဖွယ် ရှိသည်။

Zawgyi Version

မန္စီးတီးအသင္းေခါင္းေဆာင္ ဖာနန္ဒင္ဟိုဟာ တစ္ႏွစ္သက္တမ္းတိုးဖို႔သေဘာတူညီခဲ့ပါတယ္။ ဘရာဇီးသား ဝါရင့္ကြင္းလယ္လူႀကီးဟာ စီးတီးရဲ႕

ပရီးမီးယားလိဂ္ဖလား ဆြတ္ခူးမႈတြင္ အဓိက ကစားသမားအျဖစ္ ပါဝင္ခဲ့ၿပီး နည္းျပပက္ဂြါဒီယိုလာရဲ႕အသင္းမွာ အေရးပါတဲ့ ကစားသမားအျဖစ္ ရွိေနဆဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လက အသက္၃၆ႏွစ္ျပည့္ခဲ့တဲ့ ကြင္းလယ္လူဟာ အသင္းအတြက္ သူကစားခြင့္ရတာေတြ ေလ်ာ့နည္းသြားေပမယ့္ ခ်န္ပီယံလိဂ္မွာ အေကာင္းဆုံး ကစားျပနိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ေပၚတိုတြင္ ခ်ဲလ္ဆီးနဲ႕ကစားတဲ့ ဗိုလ္လုပြဲမွာေတာ့ ဖာနန္ဒင္ဟို အံ့အားသင့္ဖြယ္ ခ်န္လွပ္ခံခဲ့ရၿပီး ဂမ္ဒိုဂန္က သူေနရာ အစားဝင္ကစားခဲ့ပါတယ္။

ဘယ္လိုဘဲျဖစ္ျဖစ္ ကစားသမား အနားယူခ်ိန္ ေရာက္ခါနီးတြင္ ကလပ္မွာ သူရဲ႕ ရပ္တည္မႈအေပၚ ၿပီးခဲ့တဲ့လေတြက ေဆြးေႏြးထားခဲ့ၿပီး လာမယ့္ႏွစ္မွာ အီတီဟက္ဒ္တြင္ ဆက္ကစားသြားရန္ သေဘာတူညီမႈ ရခဲ့ပါတယ္။

ရာသီသစ္တြင္ ဖာနန္ဒင္ဟိုဟာ မန္စီးတီးအတြက္ ၉ရာသီၾကာ ကစားသြားမွာ ျဖစ္ၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမႈကို စီးတီးအသင္း ရာသီႀကိဳေလ့က်င့္ေရး မစခင္မွာ ေၾကညာသြားဖြယ္ ရွိသည္။