Spots news

အဲရစ်ဆင်ကို လေးစားမှုရှိလို့ လွန်လွန်ကျူးကျူးအောင်ပွဲမခံခဲ့တာပါဆိုတဲ့ ဒီဘရိုင်း

Unicode Version

ဘယ်လ်ဂျီယံအသင်းကွင်းလယ်လူ ဒီဘရိုင်းက ဒိန်းမတ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အနိုင်ဂိုးသွင်းပြီးနောက် လွန်လွန်ကျူးကျူးအောင်ပွဲမခံခဲ့ခြင်းမှာ ပြိုင်ဘက်ကွင်းလယ်လူ အဲရစ်ဆင်ကို လေးစားလို့ဖြစ်ကြောင်း ပြောပါတယ်။

အဲရစ်ဆင်ဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဖင်လန်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ နှလုံးရောဂါကြောင့် ကွင်းအတွင်း သတိလစ်လဲကျသွားပြီးနောက် ယခုအခါ ဆေးရုံမှာ ဆေးကုသမှုဆက်လက်ခံယူနေပြီး ဒိန်းမတ်နဲ့ဘယ်လ်ဂျီယံပွဲမှာ ပွဲချိန် ၁၀ မိနစ်အရောက် ကစားသမားတွေက ပွဲရပ်ကာ အဲရစ်ဆင်ကို လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။

ဘယ်လ်ဂျီယံဟာ ဒိန်းမတ်နဲ့ပွဲမှာ နောက်ကနေလိုက်ကစားခဲ့ရပေမယ့် ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဒီဘရိုင်းရဲ့ဖန်တီးမှုကနေ သော်ဂန်ဟာဇက်က ချေပဂိုးသွင်းယူနိုင်ခဲ့သလို မိနစ် ၇၀ မှာလည်း ဒီဘရိုင်းက အနိုင်ဂိုးသွင်းယူနိုင်ခဲ့လို့ ၂ပွဲကစားပြီးချိန်မှာပဲ ၁၆သင်း အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

”အနိုင်ဂိုးသွင်းနိုင်ခဲ့လို့ ပျော်ရွှင်တာတော့အမှန်ပါပဲ။ ဒါပေမဲ့ အလွန်အကျူးအောင်ပွဲခံမခံခဲ့တာကတော့ ဒီမှာရှိတဲ့လူတွေကို လေးစားမှုရှိလို့ပါ။ စနေနေ့က အဲရစ်ဆင် သတိလစ်လဲကျသွားတဲ့ကွင်းထဲမှာ ကျွန်တော်တို့ ကစားခဲ့ရတာဖြစ်ပြီး ဒီအတွက်ကြောင့်လည်း အောင်ပွဲမခံခဲ့တာပါ”လို့ ဒီဘရိုင်းက ပြောပါတယ်။

အဲဒီပွဲမတိုင်ခင်မှာလည်း ကြီးမားတဲ့ အဲရစ်ဆင်ရဲ့ဒိန်းမတ်အသင်းဂျာစီကို ကွင်းထဲမှာ ပြသကာ အိမ်ရှင်ဒိန်းမတ်ပရိသတ်တွေကလည်း အားပေးခဲ့ကြပါတယ်။

Zawgyi Version

ဘယ္လ္ဂ်ီယံအသင္းကြင္းလယ္လူ ဒီဘရိုင္းက ဒိန္းမတ္ကို အနိုင္ရခဲ့တဲ့ပြဲမွာ အနိုင္ဂိုးသြင္းၿပီးေနာက္ လြန္လြန္က်ဴးက်ဴးေအာင္ပြဲမခံခဲ့ျခင္းမွာ ၿပိဳင္ဘက္ကြင္းလယ္လူ အဲရစ္ဆင္ကို ေလးစားလို႔ျဖစ္ေၾကာင္း ေျပာပါတယ္။

အဲရစ္ဆင္ဟာ အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ဖင္လန္ကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ ႏွလုံးေရာဂါေၾကာင့္ ကြင္းအတြင္း သတိလစ္လဲက်သြားၿပီးေနာက္ ယခုအခါ ေဆး႐ုံမွာ ေဆးကုသမႈဆက္လက္ခံယူေနၿပီး ဒိန္းမတ္နဲ႕ဘယ္လ္ဂ်ီယံပြဲမွာ ပြဲခ်ိန္ ၁၀ မိနစ္အေရာက္ ကစားသမားေတြက ပြဲရပ္ကာ အဲရစ္ဆင္ကို လက္ခုပ္တီးအားေပးခဲ့ၾကပါတယ္။

ဘယ္လ္ဂ်ီယံဟာ ဒိန္းမတ္နဲ႕ပြဲမွာ ေနာက္ကေနလိုက္ကစားခဲ့ရေပမယ့္ ဒုတိယပိုင္းမွာ လူစားဝင္လာတဲ့ ဒီဘရိုင္းရဲ႕ဖန္တီးမႈကေန ေသာ္ဂန္ဟာဇက္က ေခ်ပဂိုးသြင္းယူနိုင္ခဲ့သလို မိနစ္ ၇၀ မွာလည္း ဒီဘရိုင္းက အနိုင္ဂိုးသြင္းယူနိုင္ခဲ့လို႔ ၂ပြဲကစားၿပီးခ်ိန္မွာပဲ ၁၆သင္း အဆင့္ကို တက္ေရာက္သြားနိုင္ခဲ့ပါတယ္။

”အနိုင္ဂိုးသြင္းနိုင္ခဲ့လို႔ ေပ်ာ္႐ႊင္တာေတာ့အမွန္ပါပဲ။ ဒါေပမဲ့ အလြန္အက်ဴးေအာင္ပြဲခံမခံခဲ့တာကေတာ့ ဒီမွာရွိတဲ့လူေတြကို ေလးစားမႈရွိလို႔ပါ။ စေနေန႕က အဲရစ္ဆင္ သတိလစ္လဲက်သြားတဲ့ကြင္းထဲမွာ ကြၽန္ေတာ္တို႔ ကစားခဲ့ရတာျဖစ္ၿပီး ဒီအတြက္ေၾကာင့္လည္း ေအာင္ပြဲမခံခဲ့တာပါ”လို႔ ဒီဘရိုင္းက ေျပာပါတယ္။

အဲဒီပြဲမတိုင္ခင္မွာလည္း ႀကီးမားတဲ့ အဲရစ္ဆင္ရဲ႕ဒိန္းမတ္အသင္းဂ်ာစီကို ကြင္းထဲမွာ ျပသကာ အိမ္ရွင္ဒိန္းမတ္ပရိသတ္ေတြကလည္း အားေပးခဲ့ၾကပါတယ္။