Spots news

ဘရာဇီးလ်ရဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲလူစာရင်းမှာ မပါဝင်ခဲ့တဲ့ နေမာ

Unicode Version

ဘရာဇီးလ် ဘောလုံးအသင်းဟာ တိုကျိုအိုလံပစ်ပါဝင်ယှဉ်ပြိုင်မယ့် လူစာရင်းကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပြီး တိုက်စစ်မှူး နေမာ ပါဝင်ခြင်း မရှိကြောင်း သိရပါတယ်။

ဘရာဇီးလ် ဘောလုံးအသင်းဟာ အိုလံပစ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ အသင်းဖြစ်ပြီး အုပ်စုအဆင့်၌ ဂျာမနီ၊ အိုင်ဗရီကို့စ်၊ ဆော်ဒီအာရေဗျတို့နှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဘရာဇီးလ် အိုလံပစ်အသင်းရဲ့ နည်းပြ အန်ဒရီယာဒင်းသည် ကစားသမား(၁၈)ဦးစာရင်း ရွေးချယ် ထုတ်ပြန်ခဲ့ရာ နေမာအပါအဝင် နာမည်ကျော် ကစားသမားများကို ချန်လှပ်ခဲ့ခြင်းဖြစ်ပါတယ်။

သို့‌ပေမယ့် အသက်(၃၈)နှစ်ရှိပြီဖြစ်သည့် ဘာစီလိုနာ ကစားသမားဟောင်း နောက်ခံလူ အဲလ်ဗတ်စ် ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ဘရာဇီးလ် မီဒီယာများရဲ့ဖော်ပြမှုအရ နေမာသည် အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ပေးရမည်လားဟု ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ထံ မေးမြန်းခဲ့ပြီး

ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်က ကိုပါအမေရိကပြိုင်ပွဲ၌ အောင်မြင်မှုရရန် လုပ်ဆောင်ရန်သာ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်

တိုကျို အိုလံပစ် ဘောလုံးပြိုင်ပွဲကို ဇူလိုင်(၂၂) ရက်မှ သြဂုတ်(၇)ရက် အထိ ကျင်းပသွားမှာ ဖြစ်ပြီး ကိုပါ အမေရိက ပြိုင်ပွဲမှာ ဇူလိုင်(၁၀)ရက်မှ ပြီးဆုံးမှာ ဖြစ်ပါတယ်။

ထို့ကြောင့် နေမာကို ပြိုင်ပွဲတစ်ခုတည်း အတွက် အာရုံစိုက်နိုင်ရန် ယခုကဲ့သို့ ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

Zawgyi Version






