Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အေတီကို နောက်ခံလူ ကီယာရန်ထရစ်ပီယာအတွက် အပြောင်းအရွေ့ အသုံးစာရိတ် ရရှိအောင် ယခင်အပြောင်းအရွေ့က ခေါ်ယူထားတဲ့ အဲလက်စ်တယ်လက်စ်ကို ရောင်းချသွားဖွယ် ရှိနေပါတယ်။
ယူနိုက်တက်ဟာ အင်္ဂလန်သို့ ပြန်ချင်နေတဲ့ အေတီကို အစွန်ခံစစ်မှူးကို စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သတင်းတွေက ဆိုနေကြပါတယ်။
အေတီကို အသင်းဟာ အင်္ဂလန်လက်ရွေးစင်အတွက် ပေါင် ၄၃ သန်း စျေးခေါ်ထားပြီး ယူနိုက်တက်ကတော့ ပေါင်သန်း ၂၀ နဲ့သာ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် အိုးလ်ထရက်ဖို့ဒ် အလုပ်အမှုဆောင်တွေဟာ အသင်းမှာ ပွဲထွက်ခွင့် နည်းပါးနေတဲ့ ဘရာဇီးလ်သား တယ်လက်စ်ကို ရောင်းပြီး အပြောင်းအရွေ့ အသုံးစာရိတ် ရှာဖွေသွားနိုင်တယ်လို့ Sky Sports News က ဖော်ပြခဲ့ပါတယ်။
လုခ်ရှော ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် တယ်လက်စ်ဟာ ယူနိုက်တက်မှာ ပွဲထွက်ကစားခွင့်ရရှိဖို့ ရုန်းကန် နေရတာပါ။ ဘရန်ဒွန်ဝီလီယံစ် ဟာလည်း ဘယ်ခံစစ်မှာ ကစားနိုင်တဲ့သူပါ။
သရဲနီမန်နေဂျာ အိုလေဂန်းနား ဆိုးလ်ရှားကတော့ အာရွန် ဝမ်ဘစ်ဆာကာနဲ့ ညာခံစစ်နေရာကို အားပြိုင်ဖို့ အတွက် ထရစ်ပီယာကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ယူနိုက်တက်ဟာ ဂျာဒန်ဆန်ချိုကို မခေါ်ယူနိုင်ခဲ့ပါက ဘာစီလိုနာတောင်ပံတိုက်စစ်မှူး အော့စ်မာနေး ဒမ်ဘီလီကိုခေါ်ယူဖို့ စောင့်ကြည့် နေတယ်လို့ စပိန်သတင်းတွေက ဆိုနေကြပါတယ်။
ဘာစီလိုနာဟာ ပြင်သစ် လက်ရွေးစင်ကို လာမယ့်နှစ်မှာ အလွတ် ပြောင်းရွေ့ကြေးနဲ့ လက်လွှတ်လိုခြင်း မရှိတာကြောင့် ယခုနှစ်မှာ ရောင်းချသွားဖွယ် ရှိနေတယ်လို့ Mundo Deportivo က ရေးသားဖော်ပြခဲ့ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ေအတီကို ေနာက္ခံလူ ကီယာရန္ထရစ္ပီယာအတြက္ အေျပာင္းအေ႐ြ႕အသုံးစာရိတ္ရရွိေအာင္ ယခင္အေျပာင္းအေ႐ြ႕က ေခၚယူထားတဲ့ အဲလက္စ္တယ္လက္စ္ကို ေရာင္းခ်သြားဖြယ္ ရွိေနပါတယ္။
ယူနိုက္တက္ဟာ အဂၤလန္သို႔ ျပန္ခ်င္ေနတဲ့ ေအတီကို အစြန္ခံစစ္မႉးကို စိတ္ဝင္စားေနဆဲျဖစ္တယ္လို႔ သတင္းေတြက ဆိုေနၾကပါတယ္။
ေအတီကိုအသင္းဟာ အဂၤလန္လက္ေ႐ြးစင္အတြက္ ေပါင္ ၄၃ သန္း ေစ်းေခၚထားၿပီး ယူနိုက္တက္ကေတာ့ ေပါင္သန္း ၂၀ နဲ႕သာ ကမ္းလွမ္းမႈ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။
ဒါ့ေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ အလုပ္အမႈေဆာင္ေတြဟာ အသင္းမွာ ပြဲထြက္ခြင့္နည္းပါးေနတဲ့ ဘရာဇီးလ္သား တယ္လက္စ္ကိုေရာင္းၿပီး အေျပာင္းအေ႐ြ႕ အသုံးစာရိတ္ ရွာေဖြသြားနိုင္တယ္လို႔ Sky Sports News က ေဖာ္ျပခဲ့ပါတယ္။
လုခ္ေရွာ ေျခစြမ္းေကာင္းေတြ ျပသေနတာေၾကာင့္ တယ္လက္စ္ဟာ ယူနိုက္တက္မွာ ပြဲထြက္ကစားခြင့္ရရွိဖို႔ ႐ုန္းကန္ေနရတာပါ။ ဘရန္ဒြန္ဝီလီယံစ္ဟာလည္း ဘယ္ခံစစ္မွာ ကစားနိုင္တဲ့သူပါ။ သရဲနီမန္ေနဂ်ာ အိုေလဂန္းနားဆိုးလ္ရွားကေတာ့ အာ႐ြန္ဝမ္ဘစ္ဆာကာနဲ႕ ညာခံစစ္ေနရာကို အားၿပိဳင္ဖို႔အတြက္ ထရစ္ပီယာကို ေခၚယူလိုေနတာျဖစ္ပါတယ္။
တစ္ဖက္မွာလည္း ယူနိုက္တက္ဟာ ဂ်ာဒန္ဆန္ခ်ိဳကို မေခၚယူနိုင္ခဲ့ပါက ဘာစီလိုနာေတာင္ပံတိုက္စစ္မႉး ေအာ့စ္မာေနးဒမ္ဘီလီကိုေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ စပိန္သတင္းေတြက ဆိုေနၾကပါတယ္။
ဘာစီလိုနာဟာ ျပင္သစ္လက္ေ႐ြးစင္ကို လာမယ့္ႏွစ္မွာ အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႕ လက္လႊတ္လိုျခင္း မရွိတာေၾကာင့္ ယခုႏွစ္မွာ ေရာင္းခ်သြားဖြယ္ ရွိေနတယ္လို႔ Mundo Deportivo က ေရးသားေဖာ္ျပခဲ့ပါတယ္။