Spots news
စပွန်ဆာပေးထားတဲ့ ပုလင်းတွေကို လက်ကမြင်းပြီးမရွေ့ဖို့ UEFA သတိပေး
Unicode Version
ခရစ္စတီယာနို ရော်နယ်ဒိုမှ စတင်ကာ ပုလင်းတွေနဲ့ ပတ်သက်တဲ့ Trendတွေ ထပ်မလုပ်ကြဖို့ ယူအီးအက်ဖ်အေက သတိပေး လိုက်ပါတယ်။
ရော်နယ်ဒို၊ ပေါ့ဂ်ဘာနဲ့ လိုကာတယ်လီတို့ဟာ စပွန်ဆာ ပေးထားတဲ့ ပုလင်းတွေကို ကင်မရာရှေ့ကနေ ဖယ်ပစ်ခဲ့ ကြပါတယ်။
ယူရို၂၀၂၀ ပြိုင်ပွဲဒါရိုက်တာ မာတင် ကာလမ်က “ဒီအဖြစ် အပျက်နဲ့ ပတ်သက်ပြီး အသင်းတွေကို ဆက်သွယ် ထားပါတယ်။
စပွန်ဆာက ရတဲ့ ဝင်ငွေတွေဟာ ပြိုင်ပွဲ အတွက်နဲ့ ဥရောပ ဘောလုံးလောက အတွက် အရေးပါပါတယ်”လို့ပြောခဲ့ပါတယ်။
မူဆလင် တစ်ဦးဖြစ်ပြီး အရက်မသောက်တဲ့ ပေါ့ဂ်ဘာဟာ စပွန်ဆာ Heinekenပုလင်းကို ဖယ်ပစ်ခဲ့ပေမဲ့ အဆိုပါ ဘီယာက အယ်လ်ကိုဟော မပါဘူးဆိုပြီး သတ်မှတ် ထားခဲ့တာပါ။
ပေါ့ဂ်ဘာဟာ ဂျာမနီနဲ့ပွဲမှာ အကောင်းဆုံး ကစားသမားဆု ရခဲ့ပြီး အဆိုပါ ဆုကို Heinekenက စပွန်ဆာ ပေးထားခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုက စတင်ခဲ့တဲ့ Trendကို အီတလီကွင်းလယ်လူ လိုကာတယ်လီ ကလည်း ဆွစ်ဇာလန်နဲ့ပွဲအပြီး လိုက်လုပ်ခဲ့ပါတယ်။
ယူအီးအက်ဖ်အေဟာ ကစားသမားတွေ အနေနဲ့ စပွန်ဆာတွေ အပေါ် လေးစားမှုရှိဖို့ တာဝန်ရှိသူတွေကို သတိပေးသွားဖို့ ရှိနေပါတယ်။ စပွန်ဆာတွေထံက ဝင်ငွေတွေကို
ထုတ်ဖော်ထားခြင်း မရှိပေမဲ့ ၂၀၁၆ ပြင်သစ်အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ယူအီးအက်ဖ်အေဟာ ၄၈၃သန်း ရရှိခဲ့ကြောင်း သိရပါတယ်။
ကစားသမား တွေဟာ ယူရို၂၀၂၀ပြိုင်ပွဲအတွက် ဆုကြေးတွေကို စပွန်ဆာ ဝင်ငွေကနေ နိုင်ငံအသင်းတွေမှ တစ်ဆင့် ရရှိသွားမှာ ဖြစ်ပါတယ်။
Zawgyi Version