Spots news

အားလုံးကို ကျော်ဖြတ်ပြီး 2020 ရဲ့ အကောင်းဆုံး ကစားသမား‌နေရာ တစ်ခု ယူနိုင်ခဲ့တဲ့ ဘရူနို

Unicode Version

Sky Sports က ကုန်ဆုံး သွားပြီ ဖြစ်တဲ့ 2020 အတွက် ဥရောပ ထိပ်သီး လိဂ်တွေရဲ့ ကစားသမား 4229 ဦးရဲ့ စွမ်းဆောင်ရည် တွေကို လေ့လာ အကဲခတ် ခဲ့ပြီး power ranking သတ်မှတ် ပေးသွားခဲ့ပါတယ် ။

ပရီးမီးယားလိဂ် ၊ လာလီဂါ ၊ ဘွန်ဒက်စ် လီဂါ ၊ စီးရီးအေ ၊ လီဂူး ဝမ်း ၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် ပြိုင်ပွဲတွေမှာ ကစားခဲ့ကြတဲ့ ကစားသမားတွေရဲ့ 2020 ခုနှစ် အတွင်း ပွဲစဉ် 35 ပွဲစာ ကွင်းအတွင်း စွမ်းဆောင်ရည် တွေကို အခြေခံပြီး တွက်ချက် ဖော်ပြ ပေးသွား ခဲ့တာပဲ ဖြစ်ပါတယ် ။ ဆုဖလား ရရှိမှုကို တွက်ချက်တာ မဟုတ်ပဲ အသင်းဟာ နိုင်ပွဲ တစ်ပွဲ ရမယ် ဆိုရင်တော့ ပါဝင် ခဲ့တဲ့ အသင်းသား တွေကို အမှတ် အနည်းငယ် ပေါင်းထည့်ပြီး တွက်ချက် ခဲ့တာပဲ ဖြစ်ပါတယ် ။

ကစားသမား တွေရဲ့ အမှတ်တွေကို ရရှိစေတဲ့ အဓိက အချက် ကတော့ ကစားသမား တွေရဲ့ တစ်ကိုယ်တော် ကွင်းအတွင်း စွမ်းဆောင်ရည်ပဲ ဖြစ်ခဲ့ရ ပါတယ် ။ အကယ်လို့ ကစားသမား တွေက ဂိုးသွင်း ၊ ဖန်တီး ၊ ဘောလုံးလု ၊ ဘောလုံး ဖျက်ထုတ် ၊ အခွင့်အရေး ဖန်တီးပေး ၊ clean sheet ရယူ ၊ ကာကွယ်မှု တွေကို လုပ်ဆောင် နိုင်မယ် ဆိုရင် အမှတ်တွေ ရနိုင်မှာပဲ ဖြစ်ပါတယ် ။

အဲ့တာ တွေကို အခြေခံပြီး တွက်ချက် လိုက်တဲ့ အခါမှာတော့ ဖီဖာ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ပေးခဲ့စဉ် လီဝန်ဒေါစကီး နဲ့ ရော်နယ်ဒို တို့ရဲ့ အနောက်မှာ ရှိခဲ့ရတဲ့ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီက ယခု တစ်ကြိမ်မှာ လီဝန်ဒေါစကီး ၊ ခရစ္စတီယာနို ရောနယ်ဒို တို့ရဲ့ အထက်မှာ နံပါတ်တစ် အဖြစ် ရပ်တည် သွားနိုင်ခဲ့ ပါတယ် ။

ဒါဟာ မက်ဆီရဲ့ တစ်ကိုယ်တော် စွမ်းရည်ထူးကဲမှုကို ပြသနိုင်ခဲ့ တာပါ ။ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားများထဲမှ တစ်ယောက် အဖြစ် သတ်မှတ်ခံ ထားရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က အံ့ဖွယ် အဖြစ် နံပါတ် 4 နေရာမှာ ရပ်တည် သွားနိုင်ခဲ့ ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ဆိုတာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့သူ ဖြစ်ပြီး ဖေဖော်ဝါရီလ ရောက်မှ အသင်း အတွက် ပွဲထွက် ကစားခွင့် ပိုင်ဆိုင်ခဲ့သူပဲ ဖြစ်ပေမယ့် သူ့ရဲ့ သွင်းဂိုး ၊ ဖန်တီးမှု ၊ အသင်း အပေါ် အကျိုး သက်ရောက်မှု တွေက အခြားသူ တွေထက် သိသိ သာသာ ထူးကဲ ကောင်းမွန် နေခဲ့ရ ပါတယ် ။

သူ့ရဲ့ နောက်မှာ အင်တာ မီလန် အသင်းမှ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ရိုမီလူ လူကာကူ က နံပါတ် 5 နေရာမှာ ရပ်တည် သွားနိုင်ခဲ့ ပါတယ် ။ လီဗာပူး အသင်းမှ အီဂျစ် တိုက်စစ်မှူး မိုဟာမက် ဆာလာ ကတော့ အဆင့် 7 နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

အခြား ပရီးမီးယားလိဂ် ရဲ့ နာမည်ကျော် ကစားသမားတွေ ဖြစ်တဲ့ ကယ်ဗင် ဒီဘရိုင်း ( အဆင့် 11 )၊ ဆွန်ဟောင်မင်း ( အဆင့် 15 ) ၊ ဆာဒီယို မာနေး ( အဆင့် 16 ) ၊ ဟယ်ရီ မက်ဂွားယား ( အဆင့် 26 ) ၊ မားကပ်စ် ရပ်ရှ်ဖို့ ( အဆင့် 29 )၊ ဂျက်ဂရီလစ်ရှ် ( အဆင့် 30 ) ၊ ဟယ်ရီကိန်း ( အဆင့် 32 ) အဖြစ် ပါဝင် နိုင်ခဲ့ကြ သလို ချဲလ်ဆီး အသင်းဆီ ပြောင်းရွှေ့ ခဲ့ကြတဲ့ ကိုင်ဟဗာ့ဇ် ( အဆင့် 23 ) ၊ တီမို ဝါနာ ( အဆင့် 37 ) အဖြစ် ပါဝင် နိုင်ခဲ့ကြ ပါတယ် ။ ထို့နောက် မန်ယူနိုက်တက် တိုက်စစ်မှူး မာရှယ် ( အဆင့် 56 ) နဲ့ အတူ လီဗာပူး အသင်းရဲ့ ခံစစ် ကစားသမားများ ဖြစ်တဲ့ အန်ဒီ ရောဘတ်ဆန်( အဆင့် 59 )
အလက်ဇန္ဒား အာနိုး ( အဆင့် 63 ) တို့က အသီးသီး ရပ်တည် နိုင်ခဲ့ပါတယ်။

Zawgyi Version

Sky Sports က ကုန္ဆုံး သြားၿပီ ျဖစ္တဲ့ 2020 အတြက္ ဥေရာပ ထိပ္သီး လိဂ္ေတြရဲ႕ ကစားသမား 4229 ဦးရဲ႕ စြမ္းေဆာင္ရည္ ေတြကို ေလ့လာ အကဲခတ္ ခဲ့ၿပီး power ranking သတ္မွတ္ ေပးသြားခဲ့ပါတယ္ ။

ပရီးမီးယားလိဂ္ ၊ လာလီဂါ ၊ ဘြန္ဒက္စ္ လီဂါ ၊ စီးရီးေအ ၊ လီဂူး ဝမ္း ၊ ခ်န္ပီယံလိဂ္၊ ယူရိုပါလိဂ္ ၿပိဳင္ပြဲေတြမွာ ကစားခဲ့ၾကတဲ့ ကစားသမားေတြရဲ႕ 2020 ခုႏွစ္ အတြင္း ပြဲစဥ္ 35 ပြဲစာ ကြင္းအတြင္း စြမ္းေဆာင္ရည္ ေတြကို အေျခခံၿပီး တြက္ခ်က္ ေဖာ္ျပ ေပးသြားခဲ့တာပဲ ျဖစ္ပါတယ္ ။ ဆုဖလား ရရွိမႈကို တြက္ခ်က္တာ မဟုတ္ပဲ အသင္းဟာ နိုင္ပြဲ တစ္ပြဲ ရမယ္ ဆိုရင္ေတာ့ ပါဝင္ ခဲ့တဲ့ အသင္းသား ေတြကို အမွတ္ အနည္းငယ္ ေပါင္းထည့္ၿပီး တြက္ခ်က္ ခဲ့တာပဲ ျဖစ္ပါတယ္ ။

ကစားသမား ေတြရဲ႕ အမွတ္ေတြကို ရရွိေစတဲ့ အဓိက အခ်က္ ကေတာ့ ကစားသမား ေတြရဲ႕ တစ္ကိုယ္ေတာ္ ကြင္းအတြင္း စြမ္းေဆာင္ရည္ပဲ ျဖစ္ခဲ့ရ ပါတယ္ ။ အကယ္လို႔ ကစားသမား ေတြက ဂိုးသြင္း ၊ ဖန္တီး ၊ ေဘာလုံးလု ၊ ေဘာလုံး ဖ်က္ထုတ္ ၊ အခြင့္အေရး ဖန္တီးေပး ၊ clean sheet ရယူ ၊ ကာကြယ္မႈ ေတြကို လုပ္ေဆာင္ နိုင္မယ္ ဆိုရင္ အမွတ္ေတြ ရနိုင္မွာပဲ ျဖစ္ပါတယ္ ။

အဲ့တာ ေတြကို အေျခခံၿပီး တြက္ခ်က္လိုက္တဲ့ အခါမွာေတာ့ ဖီဖာ ရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမား ဆုကို ေပးခဲ့စဥ္ လီဝန္ေဒါစကီး နဲ႕ ေရာ္နယ္ဒို တို႔ရဲ႕ အေနာက္မွာ ရွိခဲ့ရတဲ့ ဘာစီလိုနာ အသင္းရဲ႕ တိုက္စစ္ ကစားသမား ျဖစ္သူ လီယြန္နယ္ မက္ဆီက ယခု တစ္ႀကိမ္မွာ လီဝန္ေဒါစကီး ၊ ခရစၥတီယာနို ေရာနယ္ဒို တို႔ရဲ႕ အထက္မွာ နံပါတ္တစ္ အျဖစ္ ရပ္တည္ သြားနိုင္ခဲ့ ပါတယ္ ။

ဒါဟာ မက္ဆီရဲ႕ တစ္ကိုယ္ေတာ္ စြမ္းရည္ထူးကဲမႈကို ျပသနိုင္ခဲ့ တာပါ ။ လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ကြင္းလယ္ ကစားသမားမ်ားထဲမွ တစ္ေယာက္ အျဖစ္ သတ္မွတ္ခံ ထားရတဲ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ကြင္းလယ္လူ ဘ႐ူနို ဖာနန္ဒက္စ္ က အံ့ဖြယ္ အျဖစ္ နံပါတ္ 4 ေနရာမွာ ရပ္တည္ သြားနိုင္ခဲ့ ပါတယ္ ။

ဘ႐ူနို ဖာနန္ဒက္စ္ ဆိုတာ ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ တုန္းက မန္ခ်က္စတာ ယူနိုက္တက္ အသင္းဆီ ေရာက္လာခဲ့သူ ျဖစ္ၿပီး ေဖေဖာ္ဝါရီလ ေရာက္မွ အသင္းအတြက္ ပြဲထြက္ကစားခြင့္ ပိုင္ဆိုင္ခဲ့သူပဲ ျဖစ္ေပမယ့္ သူ႕ရဲ႕ သြင္းဂိုး ၊ ဖန္တီးမႈ ၊ အသင္း အေပၚ အက်ိဳး သက္ေရာက္မႈ ေတြက အျခားသူ ေတြထက္ သိသိသာသာ ထူးကဲ ေကာင္းမြန္ ေနခဲ့ရ ပါတယ္ ။

သူ႕ရဲ႕ ေနာက္မွာ အင္တာ မီလန္ အသင္းမွ ယူနိုက္တက္ အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း ျဖစ္သူ ရိုမီလူ လူကာကူ က နံပါတ္ 5 ေနရာမွာ ရပ္တည္ သြားနိုင္ခဲ့ ပါတယ္ ။ လီဗာပူး အသင္းမွ အီဂ်စ္ တိုက္စစ္မႉး မိုဟာမက္ ဆာလာ ကေတာ့ အဆင့္ 7 ေနရာမွာ ရပ္တည္နိုင္ခဲ့ပါတယ္။

အျခား ပရီးမီးယားလိဂ္ရဲ႕ နာမည္ေက်ာ္ ကစားသမားေတြ ျဖစ္တဲ့ ကယ္ဗင္ ဒီဘရိုင္း ( အဆင့္ 11 )၊ ဆြန္ေဟာင္မင္း ( အဆင့္ 15 ) ၊ ဆာဒီယို မာေနး ( အဆင့္ 16 ) ၊ ဟယ္ရီ မက္ဂြားယား ( အဆင့္ 26 ) ၊ မားကပ္စ္ ရပ္ရွ္ဖို႔ ( အဆင့္ 29 )၊ ဂ်က္ဂရီလစ္ရွ္ ( အဆင့္ 30 ) ၊ ဟယ္ရီကိန္း ( အဆင့္ 32 ) အျဖစ္ ပါဝင္ နိုင္ခဲ့ၾက သလို ခ်ဲလ္ဆီး အသင္းဆီ ေျပာင္းေ႐ႊ႕ ခဲ့ၾကတဲ့ ကိုင္ဟဗာ့ဇ္ ( အဆင့္ 23 ) ၊ တီမို ဝါနာ ( အဆင့္ 37 ) အျဖစ္ ပါဝင္ နိုင္ခဲ့ၾက ပါတယ္ ။ ထို႔ေနာက္ မန္ယူနိုက္တက္ တိုက္စစ္မႉး မာရွယ္ ( အဆင့္ 56 ) နဲ႕ အတူ လီဗာပူး အသင္းရဲ႕ ခံစစ္ ကစားသမားမ်ားျဖစ္တဲ့ အန္ဒီ ေရာဘတ္ဆန္( အဆင့္ 59 )
အလက္ဇႏၵား အာနိုး ( အဆင့္ 63 ) တို႔က အသီးသီး ရပ္တည္ နိုင္ခဲ့ပါတယ္။