Unicode Version
ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းကတော့ လည်မည့်ရာသီမှာလဲ ချန်ပီယံခြေစွမ်းပြသနိုင်ဖို့ အသင်းရဲ့ အဓိကပစ်မှတ်တွေဖြစ်တဲ့
နော်ဝေကြယ်ပွင့် တိုက်စစ် ကစားသမား အာလင်းဟာလန်းနဲ့ အင်တာမီလန် ညာနောက်ခံကစားသမား ဟာကီမီတို့ကို ခေါ်ယူနိုင်ဖို့အတွက် အသေအချာကို ကြိုးပမ်းလျက် ရှိနေပါတယ်။
မော်ရိုကို လက်ရွေးစင် နောက်ခံအစွန်လူ ဟာခီမီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ရီးရဲလ်မက်ဒရစ်ကနေ အင်တာမီလန် အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး
စီးရီးအေမှာ အထူး ခြေစွမ်းပြသ နိုင်ခဲ့သလို အသင်းကိုလည်း စီးရီးအေ ချန်ပီယံဆုကြီး ပြန်လည်ရယူ နိုင်အောင် ကူညီပေးနိုင် ခဲ့ပါတယ်။
ဟာခီမီဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းအတွက် စီးရီးအေသွင်းဂိုး (၇)ဂိုး အထိကို သွင်းယူ ထားခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၁၀)ဂိုးအထိ
လုပ်ဆောင်ထားကာ ခံစစ်ပိုင်းမှာရော တိုက်စစ် အပိုင်းမှာပါ အားထားရတဲ့ ကစားသမား တစ်ယောက်အဖြစ် ခြေစွမ်းပြ နိုင်ခဲ့ပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်အရ ဟာကီမီကို အရခေါ်ယူသွားနိုင်ဖို့ အတွက် ချယ်လ်ဆီးအသင်းဘက်ကနေ ပြင်ဆင်လျက်ဘရှိနေပြီး ဟာကီမီကို ပြောင်းရွှေ့ကြေး ပေါင်(၅၂)သန်းအပြင်
စပိန်နောက်ခံ အစွန်လူ မားကို့စ်အလွန်ဆို ကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ပါ အလိုက်ပေးပြီး ကမ်းလှမ်းဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဒီကမ်းလှမ်းချက်ကို အင်တာမီလန် အသင်းဘက်ကနေ စိတ်ဝင်စား လာနိုင်ပြီး သူတို့ကစားသမားအတွက်ကိုလည်း ပေါင်သန်း(၆၀)လောက်
အလိုရှိနေတာ ဖြစ်လို့ အခုလို ပြောင်းရွှေ့ကြေးရော ကစားသမား တစ်ယောက်ကိုပါ အလိုက်ပေး ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနေပါတယ်။
Zawgyi Version
ခ်န္ပီယံလိဂ္ ခ်န္ပီယံ ခ်ယ္လ္ဆီးအသင္းကေတာ့ လည္မည့္ရာသီမွာလဲ ခ်န္ပီယံေျခစြမ္းျပသနိုင္ဖို႔ အသင္းရဲ႕ အဓိကပစ္မွတ္ေတြျဖစ္တဲ့ ေနာ္ေဝၾကယ္ပြင့္ တိုက္စစ္ကစားသမား အာလင္းဟာလန္းနဲ႕ အင္တာမီလန္ ညာေနာက္ခံကစားသမား ဟာကီမီတို႔ကို ေခၚယူနိုင္ဖို႔အတြက္ အေသအခ်ာကို ႀကိဳးပမ္းလ်က္ရွိေနပါတယ္။
ေမာ္ရိုကို လက္ေ႐ြးစင္ ေနာက္ခံအစြန္လူ ဟာခီမီဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကမွ ရီးရဲလ္မက္ဒရစ္ကေန အင္တာမီလန္ အသင္းဆီကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး စီးရီးေအမွာ အထူး ေျခစြမ္းျပသ နိုင္ခဲ့သလို အသင္းကိုလည္း စီးရီးေအ ခ်န္ပီယံဆုႀကီး ျပန္လည္ရယူ နိုင္ေအာင္ ကူညီေပးနိုင္ ခဲ့ပါတယ္။
ဟာခီမီဟာ ၿပီးခဲ့တဲ့ရာသီက အင္တာမီလန္အသင္းအတြက္ စီးရီးေအသြင္းဂိုး (၇)ဂိုးအထိကို သြင္းယူထားခဲ့သလို ဂိုးဖန္တီးမႈကိုလည္း (၁၀)ဂိုးအထိ လုပ္ေဆာင္ထားကာ ခံစစ္ပိုင္းမွာေရာ တိုက္စစ္ အပိုင္းမွာပါ အားထားရတဲ့ ကစားသမား တစ္ေယာက္အျဖစ္ ေျခစြမ္းျပနိုင္ခဲ့ပါတယ္။
Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ ဟာကီမီကို အရေခၚယူသြားနိုင္ဖို႔အတြက္ ခ်ယ္လ္ဆီးအသင္းဘက္ကေန ျပင္ဆင္လ်က္ရွိေနၿပီး ဟာကီမီကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၅၂)သန္းအျပင္ စပိန္ေနာက္ခံအစြန္လူ မားကို႔စ္အလြန္ဆိုကိုပါ အေျပာင္းအေ႐ႊ႕ရဲ႕ တစိတ္တပိုင္းအျဖစ္နဲ႕ပါ အလိုက္ေပးၿပီး ကမ္းလွမ္းဖို႔ ရွိေနတယ္လို႔ သိရပါတယ္။
ဒီကမ္းလွမ္းခ်က္ကို အင္တာမီလန္အသင္းဘက္ကေန စိတ္ဝင္စားလာနိုင္ၿပီး သူတို႔ကစားသမားအတြက္ကိုလည္း ေပါင္သန္း(၆၀)ေလာက္ အလိုရွိေနတာျဖစ္လို႔ အခုလို ေျပာင္းေ႐ႊ႕ေၾကးေရာ ကစားသမားတစ္ေယာက္ကိုပါ အလိုက္ေပး ကမ္းလွမ္းမႈကို လက္ခံသြားဖြယ္ ရွိေနပါတယ္။