Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ အသင်းကနေ ကမ်းလှမ်းထားတဲ့
စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချဖို့ ဆုံးဖြတ်ထားကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
ပေါ့ဘာဟာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား ဖြစ်ပြီး ယူနိုက်တက် အသင်းဟာ ပေါ့ဘာကို အသင်းမှာ
ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားနေကာ ပေါ့ဘာရဲ့ ကိုယ်စားလှယ်တွေနဲ့ ယူနိုက်တက် အသင်း ကြားမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
ပေါ့ဘာဟာ ယူနိုက်တက်ရဲ့ သမိုင်းမှာ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ပေးချေကာ ခေါ်ယူထားရတဲ့ ကစားသမား တဦး ဖြစ်သလို
လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ
သူ့ကို အသင်းရဲ့ အဓိက ကစားသမား အဖြစ် ရှုမြင်ထားပြီး စာချုပ်သစ်မှာ တပတ်လုပ်ခ ယူရို ၃သိန်းခွဲအထိ ပေးချေမယ် ဆိုပြီး ကမ်းလှမ်းထားကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်း ဌာနတွေက ဖော်ပြထားပါတယ်။
ဒါပေမယ့် ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာပြီး ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို အရယူနိုင်မယ့် အသင်းတသင်းထံ
ပြောင်းရွှေ့ ချင်နေကာ လတ်တလော မှာတော့ သူ့ကို ခေါ်ယူဖို့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီ အသင်းက စိတ်ဝင်စား နေပါတယ်။
ပေါ့ဘာဘက် ကသာ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန် ခဲ့မယ်ဆိုရင် ယူနိုက်တက်က ပေါ့ဘာကို ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ ရောင်းချဖို့ ပြင်ဆင်ထားကာ
ယူနိုက်တက် ဘက်က ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင် အလိုရှိနေကြောင်း နီးစပ်သူတွေက ဖွင့်ဟထားကြပါတယ်။
လက်ရှိမှာ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီအသင်းက ရေပန်းအစားဆုံး ဖြစ်နေပေမယ့် ရီးရဲလ် မက်ဒရစ် အသင်းဟာလည်း ပေါ့ဘာကို
ခေါ်ယူနိုင်ချေ ရှိနေပြီး နှစ်သင်းစလုံးဟာ ပေါ့ဘာအတွက် ယူရို ၆၀သန်း ဝန်းကျင်ကိုသာ သုံးစွဲချင်နေကြောင်း သတင်းများက ဆိုပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ျပင္သစ္ လက္ေ႐ြးစင္ ကြင္းလယ္လူ ေပါလ္ေပါ့ဘာဟာ အသင္းကေန ကမ္းလွမ္းထားတဲ့ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ပယ္ခ်ဖိဳ႕ ဆုံးျဖတ္ထားေၾကာင္း ဥေရာပ အေျခစိုက္ သတင္းဌာနေတြက အခိုင္အမာ ေဖာ္ျပသြားၾကပါတယ္။
ေပါ့ဘာဟာ ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ရွိေတာ့တဲ့ ကစားသမား ျဖစ္ၿပီး ယူနိုက္တက္ အသင္းဟာ ေပါ့ဘာကို အသင္းမွာ ဆက္လက္ ထိန္းသိမ္းထားနိုင္ဖို႔ အတြက္ အစြမ္းကုန္ ႀကိဳးစားေနကာ ေပါ့ဘာရဲ႕ ကိုယ္စားလွယ္ေတြနဲ႕ ယူနိုက္တက္အသင္း ၾကားမွာ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနပါတယ္။
ေပါ့ဘာဟာ ယူနိုက္တက္ရဲ႕ သမိုင္းမွာ ေျပာင္းေ႐ႊ႕ေၾကး အျမင့္မားဆုံး ေပးေခ်ကာ ေခၚယူထားရတဲ့ ကစားသမား တဦး ျဖစ္သလို လက္ရွိ ကမာၻ႔အေကာင္းဆုံး ကြင္းလယ္လူေတြထဲက တဦး ျဖစ္တာေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ
သူ႕ကို အသင္းရဲ႕ အဓိက ကစားသမား အျဖစ္ ရႈျမင္ထားၿပီး စာခ်ဳပ္သစ္မွာ တပတ္လုပ္ခ ယူရို ၃သိန္းခြဲအထိ ေပးေခ်မယ္ ဆိုၿပီး ကမ္းလွမ္းထားေၾကာင္း မန္ခ်က္စတာၿမိဳ႕ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။
ဒါေပမယ့္ ေပါ့ဘာဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္း ကေန ထြက္ခြာၿပီး ဥေရာပ ခ်န္ပီယံလိဂ္ဆုဖလားကို အရယူနိုင္မယ့္ အသင္းတသင္းထံ ေျပာင္းေ႐ႊ႕ခ်င္ေနကာ လတ္တေလာမွာေတာ့ သူ႕ကို ေခၚယူဖို႔ ျပင္သစ္ အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီအသင္းက စိတ္ဝင္စားေနပါတယ္။
ေပါ့ဘာဘက္ကသာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျငင္းဆန္ခဲ့မယ္ဆိုရင္ ယူနိုက္တက္က ေပါ့ဘာကို ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာပဲ ေရာင္းခ်ဖိဳ႕ ျပင္ဆင္ထားကာ ယူနိုက္တက္ဘက္က ေပါ့ဘာအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၈၀သန္း ဝန္းက်င္ အလိုရွိေနေၾကာင္း နီးစပ္သူေတြက ဖြင့္ဟထားၾကပါတယ္။
လက္ရွိမွာ ေပါ့ဘာကို ေခၚယူနိုင္ဖို႔ ပီအက္စ္ဂ်ီအသင္းက ေရပန္းအစားဆုံး ျဖစ္ေနေပမယ့္ ရီးရဲလ္ မက္ဒရစ္အသင္းဟာလည္း ေပါ့ဘာကို ေခၚယူနိုင္ေခ် ရွိေနၿပီး ႏွစ္သင္းစလုံးဟာ ေပါ့ဘာအတြက္ ယူရို ၆၀သန္း ဝန္းက်င္ကိုသာ သုံးစြဲခ်င္ေနေၾကာင္း သတင္းမ်ားက ဆိုပါတယ္။