Spots news

တောင်ပံကစားသမား ဆွန်ဟောင်မင်ကို ကြိုတင် စာချုပ်သက်တမ်းတိုးနိုင်တော့မယ့် စပါး

Unicode Version

ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်တဲ့ စပါးအသင်းဟာ အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ  စာချုပ်သက်တမ်းကျန်ရှိနေတဲ့ တောင်ကိုရီးယား

တောင်ပံ ကစားသမား ဆွန်ဟောင်မင်ကို သက်တမ်းတိုး စာချုပ် ထပ်မံချုပ်ဆိုရန် ပြင်ဆင်နေ ကြောင်း သိရပါတယ်။

စပါးအသင်း အ‌နေနဲ့ တိုက်စစ်မှူး ဟာရီကိန်းကို ယခုနွေရာသီ အပြောင်းအရွေ့ ကာလမှာ ဆုံးရှုံးရရန် နီးစပ်နေတဲ့ အတွက် အခြားထိပ်တန်းကစားသမားများကို

ဆက်ထိန်း ထားနိုင်ရန် ကြိုးပမ်းနေရာ ဆွန်ဟောင်မင်ကို သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုရန် ပြင်ဆင်လာခြင်း ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ တော့တင်ဟမ် စပါးအသင်းအတွက် ခြေစွမ်းပြနေတဲ့ ဆွန်ဟောင်မင်ကို စောင့်ကြည့်နေသည့်

ထိပ်သီး အသင်းများစွာ ရှိနေပြီး ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ် အသင်းက ခေါ်ယူရန် စိတ်ဝင်စား နေကြောင်းလည်း သတင်းထွက်နေပါတယ်။

အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက စပါးအသင်းဟာ ဆွန်ဟောင်မင်ကို တန်ဖိုးကြီးမားတဲ့ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုရန် နီးစပ်နေပြီ ဖြစ်ပြီး မကြာမီ အတည်ပြုနိုင်ဖွယ်ရှိသည်ဟု ဖော်ပြထားပါတယ်။

ဆွန်ဟောင်မင်ဟာ စပါးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ခဲ့ရ သော်လည်း အသင်းပြောင်းရွှေ့ရန် ဆန္ဒမရှိသလို၊

အသင်း၌ နည်းပြ အပြောင်းအလဲ ဖြစ်ပေါ်နေသော်လည်း ရှေ့ဆက် လက်တွဲသွားရန် လိုလားနေကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ ဆွန်ဟောင်မင်ရဲ့ အေးဂျင့်အသစ်နှင့် စပါးအသင်း တာဝန်ရှိသူများ ဆွေးနွေးနေပြီဖြစ်ပြီး

ဆွန်ဟောင်မင် အနေဖြင့် လက်ရှိလစာထက် ပိုမိုမြင့်မားသည့်လစာ ရရှိလာမည်ဟု ဖာဘရီဇီယိုရိုမာနိုက ဆိုထားပါတယ်။

Zawgyi Version



လက်ရှိအချိန်မှာ တော့တင်ဟမ်စပါးအသင်းအတွက် ခြေစွမ်းပြနေတဲ့ ဆွန်ဟောင်မင်ကို စောင့်၏၏ကြည့်နေသည့် ထိပ်သီးအသင်းများစွာ ရှိနေပြီး ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ် အသင်းအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းလည်း သတင်းထွက်နေပါတယ်။


