Spots news

Breaking : ဆန်ချိုအတွက် ဈေးပိုပေးပြီး ဒုတိယအကြိမ် ကမ်းလှမ်းလိုက်တဲ့ ယူနိုက်တက်

Unicode Version

Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ ကာလရှည်ပစ်မှတ် ဂျော်ဒန် ဆန်ချိုအတွက်

ပြောင်းရွေ့ကြေး ပေါင် ၇၅ သန်းအထိ ထပ်တိုး၍ ဒေါ့မွန် အသင်းထံသို့ ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်လိုက်ကြောင်း သတင်းများက ဆိုပါတယ်။

ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကြာသပတေး နေ့က ဆန်ချိုကို ပေါင် ၆၇ သန်းနဲ့ တရားဝင်စတင် ကမ်းလှမ်းခဲ့ပေမယ့် ဒေ့ါမွန်အသင်းက ပေါင်သန်း ၈၀ အထိ

အလိုရှိ နေတာကြောင့် ယူနိုက်တက်ရဲ့ကမ်းလှမ်းကို ပယ်ချခဲ့ပါတယ်။ ထို့ကြောင့် ယူနိုက်တက်ဘက်က ပေါင် ၇၅ သန်းအထိ ထပ်မံတိုးမြှင့်ကမ်းလှမ်းခဲ့တာပါ။

လက်ရှိအချိန်မှာ ယူနိုက်တက် အသင်းဟာ ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် ဒေ့ါမွန်အသင်းနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ မရသေးပေမယ့် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ပါတယ်။

ယူနိုက်ဘက်က ဆန်ချိုကို ၅ နှစ်စာချုပ် ချုပ်ဆိုပြီး ပြောင်းရွှေ့ကြေး ကိုလည်း အဆိုပါ ၅ နှစ်အတွင်း ပေးချေသွားဖို့ ဆန္ဒရှိပေမယ့် ဒေါ့မွန်ဘက်ကတော့ ပြောင်းရွှေ့ကြေးကို ၄ နှစ်အတွင်းမှာ အပြီးသတ် ရယူလိုတာ ဖြစ်ပါတယ်။

လက်ရှိချိန်မှာ ဆန်ချိုအတွက် ပြောင်းရွေ့ကြေးကို ယူနိုက်တက် ဘက်က ပေါင် ၇၅ သန်း အထိထပ်တိုး ကမ်းလှမ်းပေးလိုက်ပြီး ကစားသမားဖြစ်သူ ဆန်ချိုကလဲ

မန်ချက်စတာ ယူနိုက်တက် အသင်းဘက်သို့ ပြောင်းရွေ့လို နေတာဖြစ်တဲ့ အတွက် ရက်ပိုင်းအတွင်းမှာပဲ ယူနိုက်တက် ပရိတ်သတ်တွေ အတွက် သတင်းကောင်း ကြားရဖွယ် ရှိနေပါတယ်။

Zawgyi Version

Sky Sports သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းရဲ႕ ကာလရွည္ပစ္မွတ္ ေဂ်ာ္ဒန္ ဆန္ခ်ိဳအတြက္

ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၇၅ သန္းအထိ ထပ္တိုး၍ ေဒါ့မြန္အသင္းထံသို႔ ဒုတိယအႀကိမ္ ကမ္းလွမ္းမႈ ျပဳလုပ္လိုက္ေၾကာင္း သတင္းမ်ားက ဆိုပါတယ္။

ယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ၾကာသပေတး ေန႕က ဆန္ခ်ိဳကို ေပါင္ ၆၇ သန္းနဲ႕ တရားဝင္စတင္ ကမ္းလွမ္းခဲ့ေပမယ့္ ေဒ့ါမြန္အသင္းက ေပါင္သန္း ၈၀ အထိ အလိုရွိေနတာေၾကာင့္ ယူနိုက္တက္ရဲ႕ကမ္းလွမ္းကို ပယ္ခ်ခဲ့ပါတယ္။ ထို႔ေၾကာင့္ ယူနိုက္တက္ဘက္က ေပါင္ ၇၅ သန္းအထိ ထပ္မံတိုးျမႇင့္ကမ္းလွမ္းခဲ့တာပါ။

လက္ရွိအခ်ိန္မွာ ယူနိုက္တက္အသင္းဟာ ဆန္ခ်ိဳရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ ေဒ့ါမြန္အသင္းနဲ႕ ေျပာင္းေ႐ႊ႕ေၾကးညွိႏွိုင္းလို႔မရေသးေပမယ့္ ကစားသမားနဲ႕ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရရွိခဲ့ၿပီး ျဖစ္ပါတယ္။

ယူနိုက္ဘက္က ဆန္ခ်ိဳကို ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး ေျပာင္းေ႐ႊ႕ေၾကးကိုလည္း အဆိုပါ ၅ ႏွစ္အတြင္း ေပးေခ်သြားဖို႔ ဆႏၵရွိေပမယ့္ ေဒါ့မြန္ဘက္ကေတာ့ ေျပာင္းေ႐ႊ႕ေၾကးကို ၄ ႏွစ္အတြင္းမွာ အၿပီးသတ္ ရယူလိုတာ ျဖစ္ပါတယ္။

လက္ရွိခ်ိန္မွာ ဆန္ခ်ိဳအတြက္ ေျပာင္းေ႐ြ႕ေၾကးကို ယူနိုက္တက္ဘက္က ေပါင္ ၇၅ သန္း အထိထပ္တိုးကမ္းလွမ္းေပးလိုက္ၿပီး ကစားသမားျဖစ္သူ ဆန္ခ်ိဳကလဲ

မန္ခ်က္စတာ ယူနိုက္တက္အသင္းဘက္သို႔ ေျပာင္းေ႐ြ႕လိုေနတာျဖစ္တဲ့အတြက္ ရက္ပိုင္းအတြင္းမွာပဲ ယူနိုက္တက္ပရိတ္သတ္ေတြ အတြက္ သတင္းေကာင္း ၾကားရဖြယ္ ရွိေနပါတယ္။